http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စီမံခန့်ခွဲမှုကို ကုမ္ပဏီ ၂ ခု လုပ်ခွင့်ပြု

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပြိုင်ပွဲဖြစ်မြောက်ရေး စီမံခန့်ခွဲမှုအကျိုးတော်ဆောင်အဖြစ် နိုင်ငံခြားကုမ္ပဏီ ၂ ခုကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌါနက လုပ်ပိုင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံအခြေစိုက် Dentsu Sports Asia ဂျပန်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ JK အကြံပေးကုမ္ပဏီတို့ကို လုပ်ခွင့်ပြုလိုက်တာပါ။

ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံသား ၄၅ ယောက်နဲ့ ထိုင်းနိုင်ငံသားအယောက် ၂၀ ကို မြန်မာအိုလံပစ်ကော်မတီက ခန့်ထားတဲ့ နိုင်ငံတကာနည်းပြဆရာတွေနဲ့ အားကစားသမားတွေကြား စကားပြန်လုပ်ပေးဖို့ မြန်မာအစိုးရက ငှားရမ်းမယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ ၁၁ နိုင်ငံက ပါဝင်ယှဉ်ပြိုင်မယ့် ဆီးဂိမ်းပွဲတော်ကို အခုလာမယ့် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်ထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
RFA Burmese

အစိုးရ၏ ခွင့်ပြုချက်မသေချာမှုကြောင့် ကယန်းအမျိုးသားနေ့ကို စည်ကားစွာမကျင်းပနိုင်ခဲ့

Thursday, April 11, 2013
ကယား၊ ဧပြီ ၁၀။
ယနေ့တွင် ၁၃ကြိမ်မြောက်အဖြစ် ကျင်းပသော ကယန်းအမျိုးသားနေ့အား နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်နန်းချိုရွာတွင် ပြုလုပ်ရန်အတွက် ပွဲကျင်းပရေး ကော်မတီဖြစ်သော ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ မတ်လတွင် စာတင်ခဲ့ရာ ခွင့်ပြုချက် မရသောကြောင့် ပင်လောင်းမြို့နယ်၊ တလိုင်းမကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ခဲ့ကြပြီး ယင်းအမျိုးသားနေ့ မတိုင်မီ ၄ရက်အလိုတွင် ပြန်လည်ခွင့်ပြုလိုက်သောကြောင့် ကယန်း အမျိုးသားနေ့အား စည်ကားစွာ ကျင်းပနိုင်ခြင်း မရှိကြောင်း ကယန်းမျိုးဆက်သစ် လူငယ်များက ပြောကြသည်။

“အခမ်းအနား ဖြစ်အောင်ပဲ မနည်းလုပ်လိုက်ရတယ် ။ အရင်တုန်းက ပြင်ဆင်ထားတဲ့ အောင်နန်းချိုရွာမှာ လုပ်ဖို့ကို ပိတ်လိုက်တော့ ပင်လောင်းမြို့နယ်၊ တလိုင်းမကျေးရွာ(ပေါင်းလောင်းဒေသ)မှာပဲ အရေးပေါ် ပြန်စီစဉ်လိုက်ရတဲ့ သဘောပါ။ တက်ရောက်တဲ့ လူအင်အားလည်း နည်းပါတယ်။ တစ်ထောငတောင် မပြည့်လောက်ဘူး။

ဒါပေမယ့် နိုင်ငံရေး အဖွဲ့အစည်းတွေ အချို့တက်ရောက် လာပါတယ်။ လူ့ဘောင်သစ်၊ ၈၈၊ ဗကသ၊ ကယန်းပြည်သစ်၊ ကယန်းလူငယ်၊ ကယန်းအမျိုးသမီး ၊ ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်စတဲ့အဖွဲ့တွေက သဝဏ်လွှာတော့ ပို့ကြတယ်။ အဲဒီအထဲမှာ ကယန်းပြည်သစ် ပါတီရဲ့ သဝဏ်လွှာနဲ့ ကယန်းမျိုးဆက်သစ် လူငယ်ရဲ့သဝဏ်လွှာကတော့ တော်တော်ပြင်းပြင်း ထန်ထန်ပဲ။

ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ကယန်းလူထုတွေကို ပွဲအခမ်းအနား သွားမတက်ဖို့ အာဏာပိုင်တွေက တားဆီးတယ် ဆိုတာတော့ ခပ်သည့်သည့်လေး ကြားလိုက်တယ်” ဟု ကယန်းလူငယ် ကွန်ယက်မှ ကိုအသန်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ ယင်းအခမ်းအနားအား ခွင့်ပြုခဲ့ခြင်း လုံးဝမရှိကြောင်း၊ နေပြည်တော်တွင် ပြုလုပ်မည့် ညစာစားပွဲကိုလည်း အခက်အခဲ မရှိစေနိုင်ဘဲ မူလအခြေအနေ အတိုင်းသာ ခွင့်ပြုထားသည်ဟု ပြောကြားသည်။ ၎င်းကယန်း အမျိုးသားနေ့ ကျင်းပရန် ခွင့်ပြုချက်အား နေပြည်တော် ကောင်စီတွင် စတင်၍ စာတင်ခဲ့ကြခြင်းဖြစ်ပြီး ပြန်လည်ခွင့်ပြုခြင်း ဆိုသည်မှာလည်း ၎င်းအနေဖြင့် လုံးဝမသိခဲ့ကြောင်း၊ လယ်ဝေးမြို့နယ် အနေဖြင့် ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ ကယန်းအမျိုးသားနေ့ အခမ်းအနားအား လယ်ဝေးမြို့နယ်၊ အောင်နန်းချို ရွာတွင် ပြုလုပ်ရန် စီစဉ်ထားခြင်းကို အစိုးရက ပိတ်ပင်လိုက်ခြင်းသည် ကယန်းလူမျိုးများ၏ တိုင်းရင်းသားတန်းတူအခွင့်အရေးကို ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း၊ ပျောက်ကွယ်လုမတတ် ဖြစ်နေသော ကယန်းလူမျိုးများ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် အစိုးရက ကမကထ ပြုလုပ်ရမည့်အစား ယခုကဲ့သို့ ပိတ်ပင်ခြင်းများနှင့် ကြုံရခြင်းသည် အစိုးရကို ကယန်းလူမျိုးများ အနေဖြင့် ယုံကြည်ရန် ခက်ခဲသွားစေကြောင်း၊ ကယန်းလူမျိုးများကဲ့သို့ပင် အခြားသော တိုင်းရင်းသားများလည်း စိတ်အေးနိုင်မည် မဟုတ်ပါကြောင်း၊ ကယန်းလူမျိုးများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်းသည် တစ်နည်းအားဖြင့် တိုင်းရင်းသားများ၏ တန်းတအူခွငအရေးကို ချိုးနှိမ်ထားရာရောက်ပြီး ယခုအစိုးရက တည်ဆောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းများ အပေါ်တွင် သံသယများ တိုးလာစေလာနိုင်သည်ဟု ကယန်းအဖွဲ့အစည်းများက သုံးသပ်နေကြခြင်းဖြစ်သည်။
အောင်သိုက်
မြန်မာ့ခေတ်

နေပြည်တော်အနီး ငလျင်ထပ်လှုပ်

Thursday, April 11, 2013
နေပြည်တော်၊ ဧပြီ ၁၁။
ယနေ့နံနက် (၁ဝ)နာရီခွဲခန့်က နေပြည်တော်၏ အနောက်တောင်ဘက်(၃၆)မိုင်ခန့် အကွာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နေပြည်တော်တွင် နေထိုင်သူ မစုလှိုင်ထွန်းက “အရင်တစ်ခါက လှုပ်သလောက်တော့ မသိသာပါဘူး၊ နည်းနည်း ဝေးလို့လည်း ထင်ပါတယ်”ဟု ပြောကြားသည်။

အင်အား ရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခုသည် ယနေ့နံနက် (၄)နာရီခွဲ အချိန်ခန့်က ကယားပြည်နယ်၊ ဘော်လခဲမြို့နယ် အနီး၌ လှုပ်ရှား ခဲ့ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒက ဖော်ပြထားသည်။ ဘော်လခဲမြို့နယ်နှင့် မိုင် ၃၀ ခန့် ဝေးကွာသော ဒီမောဆိုမြို့တွင် နေထိုင်သူ မစိုးစိုးမြာက “အိမ်ခေါင်းမိုးတွေ အိမ်တွေကတော့ ယိုင်သွားယုံပဲ”ဟု ပြောကြားသည်။

ပြည်မြို့တွင် နေထိုင်သူ ကိုအောင်ဦးနိုင်က “မနက်အစောကြီး လှုပ်သွားတယ်ဆိုတာတော့ မသိလိုက်ပါဘူး၊ (၁၁)နာရီလောက်က လှုပ်တာကိုတော့သိတယ်၊ ရပ်ထားတဲ့ စက်ဘီးတွေ၊ အိမ်ပေါ်က တိုင်ကပ်နာရီတွေတော့ လှုပ်တယ်၊”ဟု ပြောကြားသည်။

နေပြည်တော်၊ တောင်ငူနှင့် ပြည်မြို့ အနီးတဝှိုက်တွင် ယခုလအတွင်း ငလျင်များ မကြာခဏ လှုပ်ရှားခဲ့ပြီး အမေရိကန်နှင့် ထိုင်းနိုင်ငံ မိုးလေ၀သဌာနမှ ဖော်ပြချက် များအရ မြန်မာနိုင်ငံတွင် ဧပြီလ(၁)ရက်နေ့မှ ယနေ့ချိန်အထိ အင်အားအနည်းငယ်နှင့် အတင့်အသင့်ရှိ ငလျင်လှုပ်ခတ်မှု အကြိမ် (၂ဝ)ထက်မနည်း ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ထက်နောင်နောင်
မြန်မာ့ခေတ်

ဘုရင့်နောင်ဈေး ကားဝင်ကြေးပြသနာ ယခုချိန်ထိ ပြေလည်မှုမရရှိသေး

Thursday, April 11, 2013
ရန်ကုန်၊ ဧပြီ ၁၁။
ဘုရင့်နောင်ဈေးဝင်းအတွင်း ဝင်ရောက်သောကားများကို ကားဝင်ကြေးကောက်ခံမှုများကို ဧပြီလ ၁ရက်နေ့မှ စတင်ကောက်ခံရာမှ ကားဝင် ကြေးကောက်ခံသော ကုမ္ပဏီနှင့် ဈေးသူဈေးသားများကြား မပြေလည်မှုများဖြစ်ပွားခဲ့ပြီး ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ယခုအချိန်အထိ ပြေလည်မှု မရရှိသေးပဲ မကျေနပ်မှုများသာ ထပ်မံဖြစ်ပွားလျက်ရှိကြောင်း ဘုရင့်နောင်ဈေးမှ ဆိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိန်မြင့်၏ ပြောကြား ချက်အရ သိရသည်။

ဘုရင့်နောင်ဈေး ကားဝင်ကြေးကောက်ခံမှုအတွက် လေလံအောင်မြင်ထားသောကုမ္ပဏီမှ ဝင်ကြေးများကို ကားလေး ၃၀၀ကျပ်၊ ကားအလတ် ၁၀၀၀ကျပ်၊ ကားအကြီး ၃၀၀၀ကျပ်အဖြစ် ကားအရွယ်စားပေါ် မူတည်ပြီး ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ကာ ဧပြီလ ၁ရက်နေ့မှ စတင် ကောက်ခံခဲ့ကြောင်း၊ အဆိုပါဈေးနှုန်း ကို ဈေးသူဈေးသားများမှ လက်ခံနိုင်ခြင်း မရှိတဲ့အတွက် တင်ပြမှုများပြုလုပ်ရာ ကားလေး ၁၀၀ကျပ်၊ ကား အလတ် ၂၀၀ကျပ်၊ ကားအကြီး ၃၀၀ ကျပ်အဖြစ် သတ်မှတ်ပြီး ၀င်ကြေးကောက်ခံသည့်အပြင် ကားရပ်နားခအဖြစ် တစ်နာရီကို ကားအမျိုးအစားအလိုက် ကားဝင်ကြေးနှင့်ညီမျှသောနှုန်းထားကို ထပ်ဆောင်း ပေးဆောင်စေခြင်းကြောင့် ဈေးသူဈေးသားများမှာ မကျေနပ်မှုများ ပိုမို မြင့်တက်လျက်ရှိကြောင်း သိရသည်။

“အခုက ပိုဆိုးနေတယ်။ ကားတွေက ဈေးထဲမှာ တစ်နေကုန် ရပ်ထားကြတာ။ ကားကြီးတွေ ၀င်ကြေးက ၃၀၀ပေးရတယ်၊ ကားရပ်နားခ ဆိုပြီး တစ်နာရီ ၃၀၀ ထပ်ဆောင်းပေးရတယ်။ အရင်သတ်မှတ်တဲ့ဈေးနဲ့ ဘာမှ မကွာဘူး၊ တစ်နေ့ကို ကားပါကင်ကြေးပဲ မနည်းဘူးပေးနေရတာ” ဟု ဘုရင့်နောင်ဈေးမှ ဆိုင်ခန်းပိုင်ရှင် ဦးစိန်မြင့်က ပြောကြားသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်းပြီး ဈေးမိဈေးဖများနှင့် လေလံအောင်မြင်သော ကုမ္ပဏီတို့ ဧပြီလ ၁၀ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် ဈေးအတွင်းမှ ဆိုင်ခန်းများမှ ကားများအတွက် ကားဝင်ကြေးလစဉ်ပေးကတ်များပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် ဈေးသို့လာရောက်ဝယ်ယူသူများကိုမူ သတ်မှတ်ထားသည့်အတိုင်း ကားဝင်ကြေးနှင့် နာရီအလိုက် ကားရပ်နားခ ကောက်ခံမှုပြုလုပ် မည် ဖြစ်ကြောင်း လေလံအောင်မြင်သော ကုမ္ပဏီဘက်မှပြောကြားရာ ဈေးမိဈေးများဘက်မှ လက်မခံနိုင်ကြောင်း ပြောကြားခဲ့ကြောင်း၊ အဆို ပါကိစ္စရပ်ကို ထပ်မံဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် ချိန်းဆိုလိုက်ကြောင်း သိရသည်။

“လစဉ်ကြေး ကဒ်ပေးမယ် ပြောတယ်။ ဘယ်လောက် သတ်မှတ်တယ်ဆိုတာလည်း မပြောဘူး။ ဈေးသူဈေးသားကို တစ်မျိုး ဈေးလာဝယ် တဲ့လူတွေကို တစ်မျိုးကောက်ခံမယ် ဆိုတာကို လက်မခံနိုင်ဘူး။ ဈေးဝယ်သူတွေဘက်က ကြည့်ရင်လည်း ကားရပ်ခ အများကြီးပေးရမှာ ဈေးဝယ် တဲ့ သူတွေ အဆင်ပြေမှ ကျွန်တော်တို့လည်းဈေးရောင်းကောင်းမှာ။ အခုတောင်ဈေးက ရောင်းအားအရမ်းကျနေတာ။ ဒီလိုကောက်လို့ ဈေးထဲ ဝယ်သူမရှိရင်ဘယ်လိုလုပ်မလဲ” ဟု ကိုစိန်မြင့်က ပြောကြားသည်။

ဘုရင့်နောင်ဈေးတွင် ဆိုင်ခန်းပေါင်း နှစ်ထောင့်ငါးရာကျော်ရှိကြောင်း၊ ဘုရင့်နောင်ကားဝင်းအား လေလံအောင်သောကုမ္ပဏီမှာ တစ်နှစ်စာ ကျပ်သိန်းပေါင်း နှစ်ထောင့်ခုနှစ်ဆယ်ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သောနှစ်တွင် ဈေးသာယာရေးမှ ကျပ်သိန်းပေါင်း တစ်ထောင့်ခုနှစ်ရာကျော်ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း ယခုနှစ်တွင် ဈေးသာယာရေးမှ လေလံအောင်မြင်ခြင်း မရှိဘဲ အဆိုပါကုမ္ပဏီ မှ လေလံ ကြေးမြင့်မားစွာဖြင့် အောင်မြင်ခဲ့သဖြင့် ကားဝင်ကြေးများ ဈေးတက်ကာကောက်ခံသဖြင့် မကျေနပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်ကို ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိပါက ဘုရင့်နောင်ဈေးသူ ဈေးသားများမှ တရားဝင်စာတင်ကာ ဆန္ဒဖော်ထုတ်ရန် စီစဦလျက် ရှိကြောင်းသိရသည်။
ဆုဝေ
မြန်မာ့ခေတ်

သင်္ကြန်မှာ သူတို့ ဘာလုပ်ကြမလဲ


Thursday, April 11, 2013
ရန်ကုန်၊ ဧပြီ ၁၁။
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်က ၁၃၇၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူး မင်္ဂလာအချိန် ကျရောက်တော့မှာ ဖြစ်ပါတယ်။ နှစ်တစ်နှစ် မကူးပြောင်းမီ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပတဲ့အချိန်မှာ အနုပညာရှင်တွေ ဘာတွေလုပ်ကြမလဲ။ ဘယ်မှာရှိမလဲ ဆိုတာ သိရအောင် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဖူးစုံ
ဒီနှစ်သင်္ကြန်မှာတော့မှော်ဘီက အောင်ဇမ္ဘူတောရကျောင်းမှာ တရားစခန်းဝင်မယ်။ မ၀င်ဖြစ်တာကြာတော့ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်ဖြစ်တာပါ။ အခုတော့ အလုပ်တွေကို ၁၂ ရက်နေ့အထိလက်ခံထားတယ်။ ညနေကြမှ တရားစခန်းဝင်မယ်။ နှစ်သစ်မှာ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

မယ်လိုဒီ
ဒီနှစ်တော့ ရန်ကုန်မှာ နေပြီး ကမ္ဘာအေးလမ်းမှာရှိတဲ့ ရတနာပုံတို့မဏ္ဍပ်မှာပဲ မဏ္ဍပ်ထိုင်ဖြစ်တော့မယ်။ အခုFM မှာသင်္ကြန်နဲ့ပတ်သတ်ပြီးလုပ်နေတာရှိပါတယ်။ အဲ့ဒါတွေကိုလုပ်နေတယ်။သင်္ကြန်မှာ အန္တရာယ်ကင်းဘေးရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ရတနာမိုင်
မိုင်လေးကတော့ ဒီနှစ်မှာ မိုင်လေးရဲ မဏ္ဍပ်မှာပဲရှိမှာပါ။ မိုင်လေးရဲ မဏ္ဍပ်က ပါရမီလမ်းပေါ်မှာရှိတဲ့ မိုင်လေးApril ပါ။ မိုင်လေး မဏ္ဍပ်အတွက် ဆိုတေး၊ အောင်လနဲ့ နန်းဆုရတီစိုးတို့ကိုလည်း ဖိတ်ထားပါတယ်။ မိုင်လေးကတော့ သီချင်းဆိုဖြစ်မလားဆိုတာ မသေချာသေးဘူး။ သင်္ကြန်မှာ ပရိသတ်တွေ အားလုံး စိတ်ကျန်းမာကိုယ် ချမ်းသာနဲ့ ပျော်ရွှင်ကြပါစေ လို့လည်း ဆုတောင်းပေးပါတယ်။

အေးမြတ်သူ
ဒီနှစ်ကတော့ အိမ်မှာပဲနေဖြစ်မှာပါ။ပြီတော့ သင်္ကြန်မှာ ကဲမယ့်သူတွေကိုလည်းကျန်းမာရေးသတင်းတွေက ကြေညာထားတော့ ကျန်းမာရေးကို ဂရုစိုက်ပါလိုပြောချင်ပါတယ်။လက်ရှိတော့ သင်္ကြန်အပြီးမှာ အလုပ်တွေပြန်စဖြစ်မယ်။သင်္ကြန်မှာ အားလုံးကျန်းမာပျော်ရွှင်စွာနဲ့ ဂရုစိုက်စွာပျော်ရွှင်ကြပါစေလို ဆုတောင်းပေးပါတယ်။

ဖြိုးငွေစိုး
အရင်နှစ်သင်္ကြန်တွေက ငပလီသွားဖြစ်တာများတယ်။ ဒီ(၂)နှစ်(၃)နှစ်လောက်ကမှ ရန်ကုန်မှာ နေဖြစ်တာ။ အခုထိတော့ အတိအကျ မပြောတက်သေးဘူး သူငယ်ချင်တွေနဲ့ ဘယ်သွားဖြစ်မယ် ဆိုတာ အတိအကျမသိသေးဘူး။ လက်ရှိတော့ ကျွန်တော် ဟာသကားတွေ ရိုက်နေပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ သင်္ကြန်မှာနေအရမ်းပူတယ် ကျန်းမာရေးဂရုစိုက်ပါ လို့လည်း ပြောချင်ပါတယ်။

မြင့်မြတ်

လက်ရှိတော့ ဒီသင်္ကြန်မှာ ဘာလုပ်ဖြစ်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးဘူး။ ဘယ်မဏ္ဍပ်မှာ ထိုင်မယ် ဘာလုပ်ဖြစ်မယ်ဆိုတာ မပြောတက်သေးဘူး။ နှစ်သစ်မှာ ပရိတ်သတ်ကြီး ကျန်းမာချမ်းသာပါစေ။ နှစ်သစ်မှာ ပိုက်ဆံတွေလည်းအများကြီး ရပါစေဟု ဆုတောင်းပေးပါတယ်။
ပိုင်လေး
မြန်မာ့ခေတ်

တောင်ကိုရီးယား နိုင်ငံမှာ စစ်ပွဲရန် တပ်လှန့်မှု အဆင့်ကို အဆင့် ၂ အဖြစ် တိုးမြှင့် သတ်မှတ်

မြောက်ကိုရီးယား တို့ကနေ မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု တခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အခြေ အနေမျိုး ရှိနေ ရာ၊ တောင်ကိုရီးယား ဘက်မှာတော့ အလွန် တရာ အရေးကြီး တဲ့ ခြိမ်းခြောက်မှု အန္တရာယ်နေ ရှိတဲ့ အခြေအနေ အဖြစ် တပ်လှန့်မှု အဆင့်ကို တိုးမြှင့် လိုက်ပါတယ်။

တပ်လှန့်မှု အဆင့် ၂ ဟာ စစ်မဖြစ်ခင် အခြေ အနေမှာ နောက်ဆုံး အဆင့် သတိပေးချက် ဖြစ်ပါတယ်။ တပ်လှန့်မှု အဆင့် ၁ ကတော့ စစ်ဖြစ်တဲ့ အချိန်မျိုးမှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တို့ဟာ ခန့်မှန်းခြေ အားဖြင့် မိုင် ၂၀၀၀ လောက် အကွာအဝေး အထိ ရောက်ရှိ နိုင်တဲ့ ပဲ့ထိန်းဒုံး အနည်းဆုံး တလုံးလောက်ကို လောင်စာ ဖြည့်ထားပြီး ပစ်ခတ်ဖို့ အသင့် ဖြစ်နေပြီလို့ အမေရိကန် နဲ့ တောင်ကိုရီးယား တို့က ပြောပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ ဒေသတွင်းက အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ ပြုံယမ်းက ခြိမ်းခြောက်နေပါတယ်။

ကုလသမဂ္ဂ ကနေ မြောက်ကိုရီးယား တို့ရဲ့ တတိယမြောက် နျူကလီးယား ဖေါက်ခွဲ စမ်းသပ်မှုကြောင့် ပြုံယမ်းကို ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့ပြီး နောက်မှာ၊ မြောက်ကိုရီးယား တို့က အခုလို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
BBC Burmese

ယာဉ်ထိန်း ရဲတပ်သားတစ်ဦးအား ထိုးကြိတ်ခဲ့သည့် ကိုဖိုးလပြည့်အား အရေးယူရန် အမှုဖွင့်


Wednesday, April 10, 2013
ရန်ကုန်၊ ဧပြီ ၁၀။
မတ်လ ၁၄ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ယာဉ်ထိန်းရဲတပ်သားတစ်ဦးဖြစ်သူ ကိုစံသိန်းထွေးအား ကိုဖိုးလပြည့်(ခ) ကိုနေရွှေသွေး အောင်က အကြမ်းဖက် ထိုးကြိတ်ခဲ့မှုအား ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ဦးထင်ကျော်က ကမာရွတ်ရဲတပ်ဖွဲ့ စခန်းတွင် ယနေ့ နေ့လည်က အမှုဖွင့်တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ကိုဖိုးလပြည့်(ခ) ကိုနေရွှေသွေးအောင်အား အဓိကအနေဖြင့် ရည်ရွယ်၍ အမှုဖွင့်ခြင်းမဟုတ်ဘဲ ၎င်းပြုမူခဲ့သည့် လုပ်ရပ်အပေါ်တွင်သာ ရည်ရွယ်ခဲ့ကြောင်း၊ အခြားတစ်ဦးဖြစ်နေပါကလည်း အရေးယူမှု ပြုလုပ်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးအား ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းများအား ဝိုင်းဝန်းကာကွယ်ပေးရမည်မှာ လူတိုင်းတွင် တာဝန်ရှိကြောင်း၊ ပြည်သူ့ အခွန်စားနေသည့် လက်နက်ကိုင် တပ်ဖွဲ့ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ အခြားသော ဥပဒေပြုရေးဝန်ထမ်း အားလုံးအား ဥပဒေကြောင်းအရ ကာကွယ်ပေးရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း ဦးထင်ကျော်က ပြောကြားသည်။

“သမ္မတပဲ ဖြစ်ဖြစ် သာမန်အရပ်သားပဲ ဖြစ်ဖြစ် ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်တယ်ဆိုရင်ဥပဒေအရ သူ့ကို တရားစွဲရမယ်၊ တရားရုံးတင်ရ မယ်”ဟု ကိုထင်ကျော်က ၎င်း၏ ခံယူချက်ကို ပြောကြားသည်။ ပဋိပက္ခမှုများမှာ နေရာဒေသတိုင်းတွင် ရှိပြီး ကျူးလွန်မှုများ ပဋိပက္ခများ ဖြစ်ပေါ်လာသည့် အချိန်တိုင်းတွင် မိမိတို့ နိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု မည်မျှရှိသည်ကို လက်တွေ့အကောင်အထည် ဖော်ပြနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့ဝန်ထမ်း ဖြစ်သည့် အတွက် ပြည်သူများမှလည်း ကာကွယ်ပေးသင့်ကြောင်း၊ ထိုသို့ကာကွယ်နိုင်ရန်လည်း ရာဇဝတ်မှု ဥပဒေ ပုဒ်မများဖြင့်သာ အရေးယူနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း၊ တာဝန်ချိန်တွင် တာဝန်ထမ်းဆောင်နေ သော ပြည်သူ့ဝန်ထမ်း တစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအား လက်ကြိတ်ထိုး ကြေအေးမှု ပြုလုပ်သည်ဆိုပါက ပြည်သူ ကို စော်ကားခြင်းနှင့် တူကြောင်းလည်း ပြောကြားခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် လူထုသိရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဥပဒေဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိ သည့် အကြီးအကဲများ၊ ယခုကဲ့သို့ ဖြစ်ရပ်မျိုး နောင်တွင် ထပ်မံ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှု တစ်ခုလည်း ဖြစ်ကြောင်း၊ ပဋိပက္ခမှု ဖြစ် ပေါ်လာမှ အပြန်အလှန် တရားစွဲဆို အပြစ်ဖို့ ပြောဆိုနေမည့်အစား ယခုဖြစ်ရပ်မှ နောက်နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ တိုင်ကြားခဲ့မှုနှင့် ပတ်သက်၍ ယဉ်ထိန်းတာဝန် ထမ်းဆောင်နေသည့် ယဉ်ထိမ်းတပ်သား ကိုစံသိန်းထွေးမှ တစုံတရာ လာရောက်အမှုဖွင့် ဆိုထားခြင်းမရှိသလို၊ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ယဉ်ထိမ်းတပ်ဖွဲ့စု မှလည်း လာရောက်အမှုဖွင့်ထားခြင်းမရှိသည့်အတွက် တိုင်စာဖြင့်အမှုဖွင့်ဆိုခြင်းကို လက်ခံထားသော်လည်း အမှုဖွင့်ခြင်း မရှိသေးကြောင်း၊ အထက်သို့ ဆက်လက်တင်ပြသွားမည်ဟုသာ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးမှ ပြောဆိုကြောင်း ဦးထင်ကျော်က ပြောကြားသည်။

ကမာရွတ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရန်ကုန်မြို့ အတွင်းရှိ ရဲတပ်ဖွဲ့စခန်းများသို့လည်း ယင်းတိုင်ကြားစာများ ပေးပို့ သွားမည် ဖြစ်သလို အများ ပြည်သူ သိရှိစေရန်လည်း လက်ကမ်းစာစောင်များလည်း ဖြန့်ဝေသွားရန်ရှိကြောင်း သိရသည်။ ဝေယံ
မြန်မာ့ခေတ်

အမေရိကန်သည် ဆီးရီးယားသူပုန်များကို အကူအညီသစ်တစ်ခု ပေးမည်

Wednesday, April 10, 2013
ဝါရှင်တန်၊ ဧပြီ ၁၀။
အမေရိကန်သမ္မတအိုဘားမားသည် သူပုန်များကို အကူအညီပေးရေးအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိများက စီအန်အန်ကို ပြောကြားခဲ့သည်။ အရာရှိများကလည်း အစိုးရအဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ် နိုင်ငံ့လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတွင် ၎င်းကို အတည်ပြုခဲ့ကြောင်း ပြောကြားသည်။ ယခုထောက်ပံ့မှုသည် ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးမျှတမှုဖြစ်ပေါ်စေရန် အားထုတ်ကြိုးပမ်းမှုတစ်ခုအဖြစ် ပြောကြားသည်။

ယခုဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် လက သမ္မတအိုဘားမားက သူပုန်များထံ အစားအသောက်များနှင့် ဆေးဝါးများပို့ပေးမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်သည် လက်နက်ကိုင် အတိုက်အခံများကို ပထမဆုံး တိုက်ရိုက်ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ပေးပို့မည့်ုပစ္စည်းများတွင် မည်သည့်ပစ္စည်းများပါဝင်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ယခုတစ်ပတ်အတွင်းပြုလုပ်မည့် အိမ်ဖြူတော် အစည်းအဝေးတွင် အသေးစိတ်အချက်များကို ထုတ်ပြန်မည် ဟု သိရသည်။ “ကျွန်တော်တို့တွေဟာ လက်ရှိမှာ အကူအညီပေးရေးနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ဖို့် ဆုံးဖြတ်ချက်သစ်တွေ မရှိသေးပါဘူး၊ ပဋိပက္ခတွေကို အဆုံးသတ်ပြီး နိုင်ငံရေးအပြောင်းအလဲတွေကို အရှိအဟုန်မြှင့်ရေး ဖြစ်နိုင်ခြေတွေကို သုံးသပ်ရပါမယ်” ဟု အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ကိတ်လင်းဟေဒင်က ပြောကြားသည်။

အရာရှိများက ယခုထောက်ပံ့မည့် ပစ္စည်းများတွင် ကာကွယ်ရေးအတွက်သုံးသော သံချပ်ကာအင်္ကျီများ၊ ညကြည့်မှန်ပြောင်းများနှင့် အခြားစစ်သုံးပစ္စည်းများ ပါဝင်မည်ဟု ခန့်မှန်းပြောကြားသည်။ လက်ရှိဆွေးနွေးဆဲဖြစ်သည့် ၎င်းပစ္စည်းထုပ်တွင် သူပုန်များလိုချင်သော အားကြီးသောလက်နက်များနှင့် နည်းပညာမြင့် ကိရိယာများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးကောင်စီနှင့် လွှတ်တော်အမတ်များသည် သမ္မတအား သူပုန်များကို တိုက်ရိုက်အကူအညီပေးရေးကို တိုးမြှင့်ရန် ထပ်တလဲလဲတိုက်တွန်းမှုများ ရှိခဲ့ကြောင်း သိရသည်။ ၎င်းကဲ့သို့ပြုလုပ်ခြင်းကြောင့် သင့်တင့်သောသဘောထားရှိသော အတိုက်အခံများ၏ အင်အားတောင့်တင်းလာစေမည်ဖြစ်ပြီး ၎င်းတို့ဝန်းကျင်ရှိ လက်နက် အင်အားကြီးသော အစွန်းရောက်များထံ မှီခိုနေရမှုကို နည်းပါးသွားစေမည် ဟု ပြောကြားကြကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း ဖေဖော်ဝါရီလက ၎င်းစတင်တာဝန်ထမ်းဆောင်ချိန်မှ စ၍ ဆီးရီးယားအရေးတွင် အမေရိကန်တို့ ပါဝင်ပတ်သက်ရေးကို တွန်းအားပေးကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ဆီးရီးယားနိုင်ငံသို့လူသားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တစ်ဆင့် ဒေါ်လာ၃၈၅သန်းလှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် အတိုက်အခံများကို ဒေါ်လာသန်း၁၀၀ ကျော် ထောက်ပံ့ပေးထားပြီး ၎င်းတို့ကို အစိုးရအဖွဲ့ပုံစံတစ်ခုကို တည်ထောင်နိုင်ရန် တွန်းအားပေးထားကြောင်း သိရသည်။ သို့သော် ဆီးရီးယားအတိုက်အခံများကောင်စီက အမေရိကန်သည် အစိုးရသစ်ဖွဲ့စည်းရေး ဆီးရီးယားနိုင်ငံတွင်း များစွာလိုအပ်နေသော အထောက်အပံ့များ ပေးရေး ကို ငြင်းဆန်ခဲ့ခြင်းကြောင့် ဝေဖန်မှုများပြုလုပ်ခဲ့သည်။ Ref:CNN
မြန်မာ့ခေတ်

စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲ

ကိုးကြိမ်မြောက် ပြုလုပ်သည့် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ည ၇ နာရီမှစတင်၍ လေးနာရီကြာ ဖျော်ဖြေခဲ့ရာ ပရိသတ်အားပေးမှု အပြည့်အ၀ရရှိခဲ့သည်။

စတိတ်အပြင်အဆင်ကို မြို့ရိုးပုံစံပြုလုပ်ထားကာ ည ၇ နာရီတွင် ကြေညာရန်မလို သီချင်းဖြင့် ပွဲစတင်ခဲ့ပြီး သူငယ်ချင်းများဖြစ်သော ကောင်းမြတ်လေး၊ နန္ဒစိုင်း၊ ဂျွန်၊ မိုးမိုး၊ ဘန်နီဖြိုး၊ စိုးကြီး၊ အောင်သူ၊ Snare ၊ မို့မို့၊ ငယ်ငယ်၊ သီရိဆွေ၊ ၀ိုင်းစုခိုင်သိန်းနှင့် သက်မွန်မြင့်တို့ ပါဝင်ဖျော်ဖြေခဲ့သည်။

စိုင်းစိုင်းသည် ၎င်း၏သီချင်းများကို သူငယ်ချင်းများနှင့်အတူ သီချင်းအပုဒ်ရေ ၅၀ ခန့် ဖျော်ဖြေခဲ့ပြီး သီချင်းအချို့ကို non-stop သီချင်းပုံစံဖြင့် ဖျော်ဖြေခဲ့သည်။

သက်မွန်မြင့်နှင့် မဖျော်ဖြေမီ LED Screen တွင် ၎င်းတို့နှစ်ယောက်၏ ဇာတ်ကားအချို့ကို Highlight ပြခဲ့ပြီး သီချင်းအသစ်တစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့ရာ တင်ဆက်မှုကို ပရိသတ်များ အထူးအားပေးခဲ့သည်။

ည ၁၁ နာရီခန့်တွင် မကြာမီကျရောက်မည့် သင်္ကြန်အမှတ်တရအဖြစ် ပရိသတ်များကို ရေသေနတ်များ ဝေပေးခဲ့ပြီး ပျော်ရွှင်စွာ သင်္ကြန်ရေကစား၍ ပွဲကို အဆုံးသတ်ခဲ့သည်။
7Day News Journal
ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)





ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ အစ္စရေးလ် အဆင်သင့်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့
အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu တို့ ဂျေရုစလင်မှာ တွေ့ဆုံစဉ် (၉ ဧပြီ ၂၀၁၃)

09.04.2013
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ အစ္စရေးလ်နဲ့  ပါလက်စတိုင်း နယ်မြေတွေကို သွားရောက်တဲ့ ၃ ရက်တာ ခရီးစဉ်ကို မနေ့ကပဲ အဆုံးသတ်လိုက်ပါတယ်။

နောက်ဆုံးမှာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အီရန်နိုင်ငံ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်မှာကို အမေရိကန်က ဆန့်ကျင်တယ်လို့ မစ္စတာ ကယ်ရီ က ပြောသွားခဲ့ပါတယ်။

မစ္စတာ ကယ်ရီ က အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီး သူ့ခရီးစဉ်ကို အဆုံးသတ်ခဲ့တာပါ။

ကြန့်ကြာနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်အသက်သွင်းနိုင်ဖို့ သူတို့ ၂ ဦးလုံး စိတ်ပိုင်းဖြတ်ထားကြောင်း ပြောသွားပြီး၊ အဲ့ဒါကို အောင်မြင်အောင် အတွက် သေချာ အားစိုက်ထုတ် လုပ်ဆောင်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ မစ္စတာ နတန်ယာဟု က မစ္စတာ ကယ်ရီ ကို ပြောပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

ပညာဒါနကျောင်းတွင် အဓမ္မကျူးလွန်သူဟု ယူဆရသူကို စွဲချက်တင်

ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်NLD ပညာဒါနကျောင်းတွင် ဖြစ်ပွားခဲ့သည့် အဓမ္မကျုးလွန်မှုတွင် ကျူးလွန်သူဟု ယူဆရသူ ခင်မောင်ထူး (ခ) သားကြီးကို ပန်းဘဲတန်းမြို့နယ် တရားရုံး က ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၈ ရက်က စွဲချက်တင်ခဲ့ကြောင်း အဆိုပါတရားရုံးထံမှ သိရှိ ရသည်။

မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ တရားခံဟုယူဆရသူမှာ အဓမ္မကျူးလွန်မှု မမြောက်ခဲ့ကြောင်း ဆေးစာထွက်ချက်ကို ကိုးကား၍ စွပ်စွဲခံရသူဘက်မှ လိုက်ပါ ကူညီသူများက ပြောကြားသည်။

ပုဒ်မ - ၃၇၆ သည် အဓမ္မကျူးလွန်မှု မမြောက်ခဲ့သော်လည်း ကျူးလွန်ရန် ကြံစည်ပါက အဆိုပါပုဒ်မဖြင့် စွဲချက်တင်နိုင်ပြီး ပြစ်မှုအခြေအနေပေါ် မူတည်၍ ငွေဒဏ်၊ ထောင်ဒဏ် ၁၀ နှစ်ထိ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ငွေဒဏ်၊ ငွေဒဏ် နှင့် ထောင်ဒဏ် တွဲ၍ဖြစ်စေ ချမှတ်နိုင်ကြောင်း အထက်တန်းရှေ့နေ ဦးသိန်းထွန်းက ပြောကြားသည်။ အဆိုပါအမှု စစ်ဆေးရာသို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့ လာရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်NLD ရုံးခန်းရှိ ပညာဒါနကျောင်း၌ ဇန်နဝါရီလ ၃ ရက်နေ့က ကျောင်းဆင်းချိန် မွန်းလွဲ ၃ နာရီခန့်တွင် အသက်၂၂ နှစ် အရွယ်ရှိ ယင်းပါတီဝင် ဦးခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်းက အဆိုပါကျောင်း တွင်ပညာသင်ကြားနေသည့် အသက် ၁၅ နှစ်အရွယ် ဒသမတန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ဘူးတွင် မူးမေ့ စေတတ်သည့် ဆေးတိုက်ကာ ယင်းစာသင်ခန်း ထဲတွင် အဓမ္မကျူးလွန်ခဲ့ကြောင်း တရားလိုဘက်မှ ပန်းဘဲတန်း ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။

အဆိုပါအမှုကို ယင်းမြို့နယ်တရားရုံး က ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီတွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုခဲ့သည်။
The Voice Weekly

၄၈လမ်းဗလီမီးလောင်မှုသည် ရှို့မီးမဟုတ်

ဗိုလ်တထောင်မြို့နယ် ၄၈လမ်းဗလီမီးလောင်မှုသည် တစ်စုံတစ်ခုသော ပယောဂကြောင့်မဟုတ်ဘဲ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်သိမ်းက မီဒီယာများသို့ ပြောကြားသည်။


မီးအားမြှင့်စက်အပူရှိန်လွန်ကာ စတင်လောင်ကျွမ်းခဲ့သော အဆိုပါမီးလောင်မှုကြောင့် ကလေးငယ်၁၃ဦး သေဆုံးခဲ့ရခြင်းမှာလည်း ဗလီမှ တာဝန်ရှိသူသည် ကလေးငယ်များအား ကယ်တင်ရေးထက် မီးငြှိမ်းသတ်နိုင်ရေးကိုသာ ဂရုပြုနေခြင်းကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ဖော်ပြသည်။

စုံစမ်းစစ်ဆေးရေးခုံရုံး၏ အဆိုပါအစီရင်ခံစာအား အစလာမ်အဖွဲ့အစည်းကြီးငါးခုကို ချပြရာတွင် ထိုအဖွဲ့များက ယုံကြည်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက မီဒီယာများကိုပြောသည်။
7Day News Journal

အလန်းလွန်တဲ့ ခေတ်ဆန်းသင်္ကြန်


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

မိမိအလှအပများ ထုတ်ဖော်ရန် ရဲတင်းလွန်းသော အမျိုးသမီးများ၏ဓာတ်ပုံကို ရိုက်ကူး၍ ဖေ့စ်ဘွတ်ခ်တင်ရန် လူအချို့ အဆင်သင့် စောင့်နေကြလေပြီ

ယမန်နှစ်က သင်္ကြန်မဏ္ဍပ်တွေပေါ်မှာ မလုံ့တလုံ မပေါ်တပေါ် အ၀တ်အစားများဖြင့် ဖော်ချွတ်ကခုန်ခဲ့ကြသည့် အလွန်လန်း၊ အလန်းလွန် မြင်ကွင်းများကို ယခုနှစ် သင်္ကြန်ပွဲတော်ကြီးများတွင်လည်း သေချာပေါက် မပျက်မကွက် မြင်တွေ့ကြရပါဦးမည်။

အဆိုပါ ဆန်းကြယ်သည့် ၀တ်စားဆင်ယင်မှုများ၊ ထူးခြားသည့်ကကွက်ဆန်းများကို ကိုယ်တိုင်ကိုယ်ကျ မကြည့်မမြင်လိုက်ရ သူတို့အတွက်လည်း စေတနာလွန်ကဲ ဖြန့်ဝေချင်သူတို့က ကင်မရာများဖြင့်သော်လည်းကောင်း၊ မိုဘိုင်းဖုန်းများဖြင့်သော်လည်းကောင်း ရိုက်ကူး၍ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ မပျက်မကွက် တင်ဆက်ပေးကြဦးမည် ဖြစ်ပါသည်။

“ကတဲ့သူကလည်းက၊ ဖော်တဲ့သူကလည်းဖော်၊ ရိုက်တဲ့သူကလည်းရိုက်၊ တင်တဲ့သူကတင်၊ ကြည့်တဲ့သူကကြည့်၊ အားလုံး သူ့နေရာနဲ့သူ နေရာမှန်နေကြတယ် ထင်တာပဲ”ဟု လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသုံးစွဲသူ ကိုကျော်မင်းက မှတ်ချက်ပြုသည်။

ဒီမိုကရေစီခေတ်တွင် ပိုမိုလွတ်လပ်ပွင့်လင်းလာကြသည့် မြန်မာအမျိုးသမီးငယ်တို့၏ ရင်သပ်ရှုမောဖွယ် သင်္ကြန်ဖက်ရှင် ၀တ်စားဆင်ယင်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုရဲတင်းလာနေခဲ့သည်။

မဟာသင်္ကြန်ရိုးရာပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ၀တ်စားဆင်ယင်မှုများကို ရှောင်ရှားကြရန် သက်ဆိုင်ရာအစိုးရက ရှည်လျားသည့် စည်းကမ်းချက်များပါဝင်သော ကြေညာချက်အသီးသီးကို ထုတ်ပြန်ကြသော်လည်း မည်သူကမျှ အလေးမထားခဲ့ပေ။

ပေါင်ရင်းအထိ တက်ကပ်နေသည့် အတိုအပြတ်ဘောင်းဘီများ၊ လျော့ရိလျော့ရဲ ရင်သားလှစ်ဟ ရှေ့ထွက်ပြသည့် အပေါ်အင်္ကျီများဖြင့် စိတ်နှင့်လူနှင့် မကပ်အောင် မူးယစ်ရီဝေစွာ ကခုန်နေကြပြီး တစ်ခါတစ်ရံ မဖွယ်မရာပင် လုပ်ပြတတ်သေးသည့် အမျိုးသမီးတို့၏ ဓာတ်ပုံများက အင်တာနက်စာမျက်နှာတွေပေါ် ပလူပျံလာခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူတို့အကြား အုတ်အော်သောင်းတင်း အငြင်းပွားခဲ့ကြ၊ ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်အထိ ယမန်နှစ်သင်္ကြန်က ဖြစ်ပျက်ခဲ့သည်။

ထိုကဲ့သို့ အဖော်အချွတ်ဓာတ်ပုံများကို အင်တာနက်စာမျက်နှာပေါ်တင်သည့်သူက အပြစ်ရှိသလော၊ ဖော်ချွတ်ကပြသည့် ကာယကံရှင်က အပြစ်ရှိသလောဟု မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့သည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ကို မေးမြန်းကြည့်ရာတွင် သုံးစွဲသူတစ်ဦးဖြစ်သည့် ကိုကြည်ဝင်းက “ကျွန်တော်ကတော့ ဒီနှစ်လည်းတင်မှာပဲဗျ။ မတင်စေချင်ရင် ကိုယ့်အသိစိတ်နဲ့ကိုယ် လုံလုံခြုံခြုံဝတ်ပေါ့”ဟု ဆိုသည်။

အသက်(၃၂)နှစ်အရွယ် ကိုနိုင်ကလည်း “ပြချင်လို့ ချွတ်၊ နာမည်ကြီးချင်လို့ ချွတ်၊ ဘယ်လိုချွတ်ချွတ် မျက်စိပါရင် ကြည့်ကြမှာပဲ။ အွန်လိုင်းတက်ပြီး ကြော်ငြာပေးတာ ကျေးဇူးတောင်တင်ရဦးမယ်။ နောက်ဆုံးတော့ ခန္ဓာငါးပါးပဲ။ ဖြစ်၊ ပျက်၊ ဒါပါပဲ။ မထူးဆန်းပါဘူး”ဟု မှတ်ချက်ပေးသည်။

အများစုကတော့ အဆိုပါဓာတ်ပုံများမှာ ရိုက်ကူးသူ၊ အင်တာနက်တင်သူက အပြစ်မရှိဘဲ လူမြင်ကွင်းရှေ့တွင် ဖော်ချွတ်ကပြသည့် ကာယကံရှင် အမျိုးသမီးများတွင်သာ တာဝန်ရှိကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။

နာမည်ကြီးချင်၍ဖြစ်စေ၊ လူအများရှေ့မှာ တမင်ပြသလို၍ဖြစ်စေ အဆိုပါ အမျိုးသမီးတို့ကို ရဲတင်းစေသည့် အဓိကအရာကတော့ အရက်သေစာနှင့် မူးယစ်ဆေးဝါးများပင် ဖြစ်ပါသည်။ ရန်ကုန်သင်္ကြန်၏ ဒီဂျေတီးလုံးများအောက်မှာ အမျိုးသား၊ အမျိုးသမီးမကျန် မူးယစ်ကခုန်ပျော်ပါးနေကြသည့် အံ့အားသင့်ဖွယ် မြင်ကွင်းများကြားမှာ ဘီယာဘူးခွံများ၊ အရက်ပုလင်းခွံများ ပြန့်နေသည်ကို တွေ့မြင်နိုင်ပါသည်။

“သင်္ကြန်က နှစ်တိုင်းပြောင်းလဲနေတာ ကြာပါပြီ။ ကြိုက်သူရှိလို့ ရဲတင်းပြကြတာပဲ။ အပေါစားဖုန်းတစ်လုံးမှာတောင် ကင်မရာပါတာပဲလေ။ မီဒီယာမဟုတ်လည်း ရိုက်ပြီးတင်ကြမှာပဲ”ဟု ပြည်တွင်းသတင်းထောက်တစ်ဦးက သုံးသပ်သည်။

ထိုသို့ သင်္ကြန်မြင်ကွင်းဆန်းဓာတ်ပုံများ အင်တာနက်စာမျက်နှာများပေါ် ရောက်ရှိလာသော်လည်း ကာယကံရှင်အမျိုးသမီးက မကျေနပ်ပါက ဥပဒေအရ တရားစွဲဆိုရန် အခွင့်အလမ်း အလွန်နည်းပါးလေသည်။ အဘယ်ကြောင့်ဆိုသော် လူအများစု သုံးစွဲနေကြပြီး ပျံ့နှံ့မှုအလွယ်ကူဆုံးဖြစ်သည့် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ပေါ်တွင် အများစုသော သုံးစွဲသူတို့မှာ မိမိတို့အမည်ကို အမှန်အတိုင်း ဖော်ပြခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တရားစွဲဆိုမည်ဆိုပါက မည်သူမည်ဝါမှန်း၊ မည်သည့်နေရာက သုံးစွဲနေမှန်း သိရခက်ခဲသည့်အတွက် ဤအချက်ကို အခွင့်အရေးယူကာ ဓာတ်ပုံများ လုပ်ကြံဖန်တီးတတ်ကြသည်။

“ဟိုတစ်လောက လွှတ်တော်မှာတင်တဲ့ ဒေါက်တာဆိတ်ဖွားကိုတောင် ဖော်လို့မရတာ။ ကောင်မလေးပုံတွေတင်တာ ဘယ်သူမှန်း သိပ်မသိနိုင်ဘူး။ ဘယ်သူဘယ်ဝါမှန်းသိတယ်ဆိုရင် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အရေးယူခံရနိုင်တယ်။ ကာယကံရှင်က နစ်နာတယ်ဆိုပြီး တရားမကြောင်းအရ နစ်နာကြေးတောင်းလို့ရတယ်။ အခုတော့ အရေးယူဖို့ခက်နေသေးတယ်။ အီလက်ထရောနစ်ဥပဒေတော့ ရှိတယ်။ ဒီလိုကိစ္စတွေ မပါဘူး”ဟု ရှေ့နေကြီး အဘိဓမ္မဓရ ဦးခင်ဇော်(မရမ်းကုန်း)က ပြောကြားသည်။

နအဖအစိုးရက ၂၀၀၄ ခုနှစ် ဧပြီ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအခန်း (၁၂)၊ အပိုဒ် ၃၄၊ အပိုဒ်ခွဲ (ဃ)၌ “အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း (သို့မဟုတ်) ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ဝေခြင်းသည် လက်ရှိတည်ဆဲဥပဒေအရ ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“အီလက်ထရောနစ်တွေ တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ တည်ဆဲဥပဒေရှိပေမယ့်လည်း အလွယ်တကူ ရိုက်ကူးတင်ပြလို့ ရနေတယ်။ ပညာပေးလိုတဲ့စိတ်နဲ့ မဟုတ်ဘဲ ထိခိုက်နစ်နာစေလိုတဲ့ သဘောနဲ့ဆိုရင် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့ ငြိစွန်းပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်ကဆိုသည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးကတော့ “သူတို့ လွတ်လပ်ခွင့်နဲ့သူတို့ ချွတ်ပြတာလေ။ ရိုက်တဲ့သူကလည်း သူ့မှာရိုက်လို့ရတဲ့ ကင်မရာ၊ ဖုန်း စသဖြင့် ရှိလို့ရိုက်တာ။ ဒီနေရာမှာ ခွင့်ပြုချက်မတောင်းဘဲဖွလို့ တရားစွဲမယ်ဆိုရင် အစကတည်းက မချွတ်ပြနဲ့ပေါ့။ သူတို့မချွတ်ပြရင် ရိုက်တဲ့လူလည်း ရှိမလာဘူး။ မရိုက်စေချင်ရင် လုံခြုံအောင်ဝတ်ပေါ့”ဟု သူ၏အမြင်ကို ပြောသည်။

ရာဇသတ်ကြီးတွင်လည်း ပုဒ်မ ၂၉၄ ကို အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင်-

(က) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကို ပြုလျှင် သို့တည်းမဟုတ်
(ခ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကား တစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်သည်။

“ဒီနေရာမှာ သင်္ကြန်အလည်ထွက်တဲ့ သူတစ်ဦးဦးသည် ပတ်ဝန်းကျင်အမြင်တွင် မသင့်တင့် မလျောက်ပတ်သည့် ၀တ်စားဆင်ယင်မှု၊ အမူအရာ၊ အပြောအဆို တစ်ခုခုကို ပြုလုပ်ရင် အပေါ်ကပုဒ်မနဲ့ ငြိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီဝတ်စားဆင်ယင်မှု၊ အမူအရာ၊ အပြောအဆိုဟာ အများအမြင်မှာ သင့်ခြင်း၊ မသင့်ခြင်းဆိုတာကို ဆုံးဖြတ်တဲ့ နေရာမှာတော့ အငြင်းပွားမှုရှိနိုင်ပါတယ်”ဟု ဥပဒေအထူးပြုဖြင့် ကျောင်းပြီးထားသော ကိုဝဏ္ဏစည်သူက အထက်ပါ ရာဇသတ်ကြီးပုဒ်မနှင့်ပတ်သက်၍ သုံးသပ်သည်။

အထက်ပါ ရာဇသတ်ကြီးပုဒ်မမှာ မူလပထမပြုလုပ်သူ ကာယကံရှင်နှင့်သက်ဆိုင်ပြီး ဆက်လက်၍ ရာဇသတ်ကြီးတွင် ပုဒ်မ ၄၉၉ ကို အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။

“မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့် စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာစေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျက်နှင့်သော်လည်းကောင်း၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲချက်ကိုပြုလျှင် သို့တည်းမဟုတ် ကြေညာလျှင် အဆိုပါလူ၏ အသရေကို ဖျက်သည်မည်၏”ဟု ဖြစ်သည်။

အထက်ပါအချက်မှာတော့ မူလပထမပြုလုပ်သူ ကာယကံရှင်၏ဓာတ်ပုံကို ထိခိုက်နစ်နာစေလိုသည့်သဘောဖြင့် ဖြန့်ဝေခြင်းပြုလုပ်သူအပေါ် သက်ရောက်မည်ဖြစ်ပြီး အဆိုပါအချက်ကို ကိုဝဏ္ဏစည်သူက အောက်ပါအတိုင်း ထပ်မံသုံးသပ်ပြသည်။

“အဲဒီလိုဆိုထားတော့ သင်္ကြန်မှာ သင်္ကြန်ကားနဲ့ အလည်ထွက်တဲ့သူ တစ်ဦးဦးရဲ့ ဓာတ်ပုံကို သူ့ရဲ့အသရေပျက်စေတဲ့ သဘောနဲ့ အင်တာနက်မှာ ဖြန့်ဝေရင် အသရေဖျက်မှုနဲ့ တရားစွဲနိုင်တဲ့သဘောပေါ့။ ဒါပေမဲ့ အသရေဖျက်မှုမှာ တခြားခြွင်းချက်တွေ ရှိသေးတယ်။ ဥပမာ-စင်ပေါ်တက်ပြီး ဖျော်ဖြေတဲ့သူတစ်ဦးရဲ့ပုံကို အင်တာနက်မှာ ဖြန့်ဝေေ၀ဖန်ခြင်းဟာ အသရေဖျက်မှု မမြောက်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖျော်ဖြေတယ်ဆိုကတည်းက လူအများကို မြင်တွေ့စေချင်တဲ့ သဘောပါပြီးသား ဖြစ်နေလို့ပါ”

သင်္ကြန်ဟူသည် အများပြည်သူနှင့် သက်ဆိုင်သည့် ပွဲတော်တစ်ရပ် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှလည်း လုပ်သင့်၊ မလုပ်သင့် ညွှန်ကြားခြင်းသာ ဆောင်ရွက်နိုင်ပါသည်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကလည်း လုပ်သင့်၊ မလုပ်သင့်ကို တိုက်တွန်းပေးရုံသာ ဆောင်ရွက်နိုင်ပါသည်။ ယဉ်ကျေးမှုပြောင်းလဲလာသည်ဆိုသော်လည်း အလွန်အကျွံ သရုပ်မပျက်စေရန် မိမိကိုယ်ကိုထိန်းသိမ်းရန်မှာ လူငယ်တို့၏ ကိုယ်ပိုင်တာဝန်ပင် ဖြစ်ပါသည်။

အမျိုးသမီးများအနေနှင့်လည်း အပျော်မလွန်စေရန် သတိပြုရန်လိုအပ်ပြီး မိမိကို မလိုလားသူက မိမိအပျော်လွန်နေသည့် ဓာတ်ပုံကို အကြောင်းအမျိုးမျိုးဖြင့် ရိုက်ကူးဖြန့်ဝေပါက ကာယကံရှင်သာ နစ်နာလိမ့်မည် ဖြစ်သည်။

“လျှပ်ပေါ်လော်လည်လုပ်တဲ့ နေရာတွေကို သွားရင်တော့ တွေ့ရမှာပဲ။ သင်္ကြန်မှာ တရားစခန်းဝင်နေတဲ့ အမျိုးသမီးကောင်းတွေ အများကြီးပါ”ဟု ပခုက္ကူမြို့နယ် ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးဖြစ်သည့် ကိုဇင်မင်းထွန်းကဆိုသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာ သုံးစွဲသည့် အမျိုးသမီးငယ်တစ်ဦးကလည်း “ဘယ်လောက်ပဲ ခေတ်မီမီ၊ ဘယ်လောက်ပဲ တိုးတက်တက်၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်တာ စောင့်ထိန်းရမှာပဲ။ အရမ်းခက်ခဲတဲ့ အစဉ်အလာတွေမှ မဟုတ်တာ။ ကိုယ့်တန်ဖိုးကို အရောင်တင်ပေးတဲ့ အစဉ်အလာတွေပဲ။ ဖြစ်နိုင်ရန် သင်္ကြန်မှာ ရိုးရာဖျက်တဲ့လူတွေကို တစ်လလောက် အချုပ်ထဲ ထိန်းသိမ်းထားစေချင်တယ်”ဟု ထင်မြင်ချက်ပေးသည်။

ရှေ့နေကြီးဦးခင်ဇော်(မရမ်းကုန်း)က သင်္ကြန်ကာလတွင် လူငယ်များ လုံလုံခြုံခြုံဝတ်စားစေလိုကြောင်း၊ အယဉ်ကျေးဆုံးတိုင်းပြည်မှ အရှက်ကင်းမဲ့သည့် တိုင်းပြည်ဖြစ်မလာစေလိုကြောင်း၊ အရှက်ကင်းမဲ့ခြင်းကို ဥပဒေ၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာတို့က လက်မခံကြောင်း လူငယ်များသို့ တိုက်တွန်းပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်ကလည်း “လူငယ်တွေဆိုတာ အများစုက ရင့်ကျက်မှုလိုအပ်သေးတယ်။ လူကြီးသူမတွေနဲ့ လူ့အဖွဲ့အစည်းက ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ သွန်သင်ပြီး သူတို့ရဲ့ ပျော်ရွှင်မှုကိုလည်း မပျက်ပြားစေဖို့ ဦးဆောင်ထိန်းသိမ်းကြရမှာပါ”ဟု မှတ်ချက်ပြုပါသည်။

မြန်မာ့ရိုးရာသင်္ကြန်သည် ပိတောက်တစ်ခက်၊ ရေစင်ပက်ဖြန်း၊ အေးချမ်းသာယာ၊ ယဉ်ကျေးစွာသည့်၊ တို့ရိုးရာမှ သွေဖည်ကာ အရက်၊ ဘီယာ၊ သန္ဓေတားဆေးနှင့် ကွန်ဒုံးများ ရောင်းအားကောင်းသော၊ ဟိုတယ်ခန်းများ ပြည့်နှက်နေသော၊ မိန်းကလေးအချို့ ၀တ်စားဆင်ယင်မှု အလန်းလွန်နေသော ခေတ်ဆန်းတစ်ခေတ်ကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းလာနေခဲ့ပြီ ဖြစ်ပါသည်။
ရေးသားသူ- ဥက္ကာကိုကို
7Day News Journal

ကိုရီးယားနှစ်နိုင်ငံ စစ်မဖြစ်နိုင်သေး၍ တောင်ကိုရီးယားရှိ မြန်မာများ လုံခြုံဟုဆို


ရန်ကုန်၊ဧပြီ-၈
ကိုရီးယားနိုင်ငံနှစ်နိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်မဖြစ်နိုင်သေးဘဲ၊ တောင်ကိုရီးယားရှိ မြန်မာကျောင်းသားများနှင့် လုပ်သား စုစုပေါင်း ၁၃၀၀၀ မှာလည်း လုံခြုံစိတ်ချရမှုရှိပြီး စိတ်ပူရန်မလိုကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက 7Day News သို့ ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံမှ တစ်ဖက်သတ် သဘောထားကြေညာနေသည့် အနေအထားသာဖြစ်ပြီး ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို ယိုင်လဲစေချင်သည့် သဘောသာဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အရေအတွက်မှာ အလုပ်လုပ်နေသူများနှင့် ကျောင်းသားများ အပါအ၀င် ၁၃၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံရှိ တောင်ကိုရီးယားသံရုံးမှ သိရှိရသည်။

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးသည် စစ်ဖြစ်နေသည့် အခြေအနေထဲ ၀င်ရောက်သွားပါပြီ”ဟု ၎င်းတို့၏ နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့သဖြင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်လာမည်လားဟု လူအများက စိုးရိမ်မှုများ ရှိလာခဲ့သည်။

“အမှန်ကတော့ သူတို့က ခြိမ်းခြောက်တဲ့သဘောမျိုး လုပ်နေတာပါ။ နိုင်ငံရေးအရ ပါမှာပေါ့။ တကယ်တမ်း ၀င်တိုက်ဖို့ကတော့ ဒါကျွန်တော်ထင်ပါတယ်၊ ပုဂ္ဂလိကအမြင်ပေါ့။ အဲဒီလောက်ကြီးလည်း မလွယ်ပါဘူး။ စစ်တိုက်တာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ဒိုဆွမ်းကပြောသည်။

ယခင်ခေတ်ကကဲ့သို့ အခြေအနေမျိုး မဟုတ်တော့သည့်အတွက် စစ်ဖြစ်မည့် အလားအလာမှာ အလွန်နည်းပါးပြီး အခြေအနေ တင်းမာနေခြင်းသာ ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရဘက်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားမည့် မြန်မာနိုင်ငံသားများအတွက်မူ စိတ်ချရမှုရှိသည်ဟု ပြောလိုကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ သင်္ကြန်တွင်း အလည်ခရီးစဉ် ရောင်းထားသည်မှာ အတော်များများရှိနေပြီး အကြံပြုချက်အနေဖြင့် ဖြစ်နိုင်ပါက မသွားတာပိုကောင်းပါသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာကဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရှိနေသည့် မြန်မာအလုပ်သမားနှင့် ကျောင်းသားများအတွက် အသိပေးချက်၊ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနအနေဖြင့် မရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည်ဟု ဦးဟောက်ဒိုဆွမ်းကပြောသည်။

အမှန်တကယ် အခြေအနေများ ဆိုးလာပါက သံရုံးများကို ပြောမည်သာဖြစ်ပြီး ယခုအချိန်ထိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံရုံးက မည်သည့်ပြောကြားမှုမှ မရှိသေးဟု ကိုရီးယားနိုင်ငံအတွက် အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ဦးဝင်းမြင့်က ပြောသည်။ မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားနေထိုင်မှုနည်းပါးသည့် မြောက်ကိုရီးယားနိုင်ငံက စစ်ဖြစ်လာခဲ့လျှင် ပြုံယမ်းရှိ ပြည်ပသံရုံးများနှင့် ယင်းတို့၏ လုံခြုံရေးကို အာမခံပေးနိုင်မည်မဟုတ်ဟု ပြောကြားလိုက်ကြောင်း ဧပြီ ၆ ရက်က ထုတ်ပြန်သော ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားက ပြုံယမ်းရှိ နိုင်ငံခြားသံရုံးအချို့သို့ လာမည့် ဧပြီ ၁၀ ရက်နောက်ပိုင်း ပဋိပက္ခများဖြစ်ပေါ်လာပါက လုံခြုံရေးအာမခံချက် မပေးနိုင်ကြောင်းသတိပေးခဲ့ရာ ကိုရီးယားစစ်ပွဲ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများ နိုင်ငံတကာတွင် မြင့်တက်လာနေကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့

ယနေ့ ဧပြီ ၁၀ ရက်နေ့က သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့ မှ စပြီး နောင်နှစ်ပေါင်းများစွာ တိုင် အောင်မြင်မှုများစွာ ရရှိနိုင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာ ဂျာနယ်မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။
Popular Journal

သင်္ကြန်တွင် မူးယစ်ထောင်ချောက် သတိထားရန်လို

ရန်ကုန်၊ ဧပြီ-၈
မကြာမီကျင်းပမည့် သင်္ကြန်ပွဲတော်ဆင်နွှဲကြမည့် လူငယ်များ အထူးသဖြင့် အမျိုးသမီးများမှာ မသမာသူအချို့၏ မူးယစ်ဆေးဝါးများ ရောစပ်တိုက်ကျွေးမှုများကို သတိပြုရှောင်ရှားရန်လိုကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလတွင် မသမာသူအချို့က အမျိုးသမီးများနှင့် မိတ်ဆွေဖွဲ့၍ အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည်စသည့်အရည်များအတွင်း စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေးစသည့် မူးယစ်ဆေးဝါးများကို ရောစပ်၍ တိုက်ကျွေးကာ မသမာမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြောင်း သင်္ကြန်တွင် ရေကစားလေ့ရှိသူများကပြောသည်။

နှလုံးရောဂါသမားများအတွက် ဆရာဝန်ညွှန်ကြားချက်အရသာ ၀ယ်ယူရသည့် အပရာ ဇိုလမ် (ဓာတုဗေဒအမည်) ကို အမှုန့်ပြုလုပ်၍ အရက်၊ ကော်ဖီ၊ ဘီယာစသည့် အရည်များတွင် ထည့်သွင်းရောစပ်လိုက်ပါက ရောစပ်ထည့်သွင်းသည့် မီလီဂရမ်ပေါ်မူတည်၍ သောက်သုံးမိသူမှာ လူမှန်းသူမှန်းမသိအောင် အိပ်မောကျသွားနိုင်ကြောင်း ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာလှဌေးက ပြောသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ဘန်ကောက်တွင် အဆိုပါ ဆေးဝါးခတ်ကာ ပစ္စည်းဖြုတ်ယူမှုများ၊ မသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ယင်းဆေးဝါးကို ကန့်သတ်ဆေးဝါးအဖြစ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆရာဝန်ကြီးက ပြောသည်။ “စိတ်ငြိမ်ဆေးနဲ့ အရက်နှစ်မျိုးတွဲလိုက်ရင် ဘာမှမသိတော့ဘူး။ သင်္ကြန်စင်ပေါ်မှာ အချို့ အ၀တ်တောင် မကပ်နိုင်ကြတော့အောင် သတိလွတ်တာတွေကတော့ စိတ်ကြွဆေးတွေတအား လွန်သွားတာ။ အရက်ကလည်း စိတ်ကြွတယ်။ အရက်နဲ့ ဆေးပြားရောလိုက်ရင် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ တချို့ အမျိုးသမီးတွေ ကိုယ်တိုင်က သုံးစွဲနေတာကို တွေ့နေရတယ်” ဟု ဒေါက်တာလှဌေး
က ပြောသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း ကော်ဖီထဲတွင် မူးယစ်ဆေးခတ်တိုက်ကျွေးနိုင်ကြောင်း အမျိုး သမီးများအား သတိပေးထားသည့် အချက်အလက်အချို့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ဖော်ပြနေကြသည်ကို တွေ့ရသည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာသည့် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှု ဖက်ရှင်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပွင့်လင်း လွတ်လပ်လာနေပြီး ၎င်းတို့မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးသုံးစွဲထားခြင်းကြောင့်သာ ယင်းသို့ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

“သင်္ကြန်မဏ္ဍပ်တွေမှာ ဒီလို ဆေးဝါးတွေတော့ သုံးလို့မရပါဘူး။ ဒါပေမဲ့ လူတစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ အချို့က တစ်နေရာက သုံးလာတယ်။ အိမ်ကသုံးလာမယ်၊ ပြီးရင်မဏ္ဍပ်ပေါ်တက်တာတော့ ရှိမှာပေါ့။ ခုနောက်ပိုင်း ice က ဈေးအရမ်းကြီးတော့ ဒါတွေကို ကိုင်သုံးနိုင်လောက်အောင် သာမန်လူငယ် တော်တော်များများမှာ ပိုက်ဆံမပေါပါဘူး” ဟု နာမည်ကြီး ဟစ်ဟော့ပ်အဆိုတော်တစ်ဦးက ပြောပါသည်။

မူးယစ်ဆေးဝါးများအနက် ခေါင်းခါဆေးဟု လူသိများသော မူးယစ်ဆေးဝါးမှာလည်း တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ မှ ၇၀ နီးပါးရှိပြီး ice ဆေးဝါးနည်းတူ ဈေးကြီးသောကြောင့် လူတိုင်းအလွယ်တကူမသုံးနိုင်ဘဲ မူးယစ်စေသည့် ဆေးဝါးများကို တစ်လွဲရောစပ်အသုံးပြုမှုများလာခြင်းကြောင့် ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရခြင်းဖြစ်ကြောင်း ဒေါက်တာလှဌေးက ပြောသည်။
7Day News Journal

မြန်မာ နိုင်ငံရေးပါတီတွေ တရုတ်ပြည်ဖိတ်

မြန်မာ အတိုက်အခံ ပါတီတွေကို ပထမဆုံးကြိမ် ဖိတ်
 မြန်မာ နိုင်ငံရေးပါတီ တချို့ကို တရုတ်နိုင်ငံကို လေ့လာရေး လာဖို့ တရုတ်ကွန်မြူနစ်ပါတီ ဖိတ်ကြားလိုက်ပါတယ်။

ဒါဟာ မြန်မာ အတိုက်အခံ ပါတီတွေကို ပထမဆုံး အကြိမ် တရုတ် နိုင်ငံကို ဖိတ်ခေါ်တာ ဖြစ်ပြီး တရုတ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ပြီး ဖြစ်ပေါ် လာတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ် ပါတီ မဟာမိတ် ဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီလဲ ဒီခရီးစဉ်မှာ ပါဝင်နိုင်ပြီး ရခိုင်ပါတီနဲ့ ကျားဖြူပါတီတွေကို ဖိတ်ထား တယ်လို့ သိရကြောင်း ဖိတ်ကြားခံရသူ တယောက် ဖြစ်တဲ့ NDF ပါတီက ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

တပါတီကို ကိုယ်စားလှယ် ၂ ယောက်ကျစီ ဖိတ်ကြားထားပြီး တရုတ်ကွန်မြူနစ် ပါတီ ဖွဲ့စည်းပုံနဲ့ စီးပွားရေး မူဝါဒတွေ အကြောင်း လေ့လာချင်တယ်လို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။

မြန်မာပြည် အကြောင်း ပြန်လည်မေးလိမ့်မယ်လို့ ယူဆပြီး ဒီလိုမျိုး ပါတီချင်း ဆက်ဆံရေး ထားရှိလာတာဟာ တရုတ် အစိုးရရဲ့ မြန်မာ အပေါ် ထားရှိတဲ့ မူဝါဒသစ် ဖြစ်ဖွယ်ရှိကြောင်း သုံးသပ် ပြောဆိုသွား ပါတယ်။

အစိုးရ နဲ့ မသက်ဆိုင်တဲ့ မြန်မာ စာရေးဆရာ သတင်းစာဆရာတွေနဲ့ လူမှုရေး အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကိုလဲ မကြာခင်က တရုတ်ပြည်ကို လေ့လာရေး ဖိတ်ခဲ့ပါတယ်။
BBC Burmese

အဏုမြူ စက်ရုံနား လှုပ်တဲ့ အီရန်ငလျင်

အဆောက်အဦ တော်တော်များများ ပြားပြားဝပ်
အီရန် နိုင်ငံ ရဲ့ တခုတည်းသော အဏုမြူ ဓာတ်ပေါင်းဖို ရှိတဲ့ ဘူရှီးယား မြို့နားမှာ ငလျင် လှုပ်လို့ အနည်းဆုံး ၃၇ ယောက် သေဆုံးပြီး ၈၅ဝ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ရစ်ချတာ စကေး ၆.၃ ပြင်းအား ရှိတဲ့ ငလျင်ကြီးဟာ ဒူဘိုင်း၊ အဘူဒါဘီနဲ့ ဘာရိန်း နိုင်ငံတွေထိ ရိုက်ခတ် ခဲ့ပြီး လူတွေ လမ်းပေါ် ဆင်းလာကြ ရပါတယ်။

ဓာတ်ပုံတွေ အရ အဆောက်အဦ တော်တော်များများ ပြားပြားဝပ်သွားတာ တွေ့ရပြီး ရွာ ၂ ရွာ လုံးဝ ပျက်စီးသွားပြီလို့ အီရန် လခြမ်းနီ အဖွဲ့က ဆိုပါတယ်။

ဘူရှီးယားနဲ့ ငလျင် ဗဟိုချက် မိုင် ၆ဝ လောက်ပဲ ဝေးပေမယ့် အဏုမြူ ဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှု မရှိကြောင်း ဘူရှီးယား နယ် အုပ်ချုပ် ရေးမှူးက အီရန် အစိုးရ ရုပ်သံမှာ ပြောကြား ခဲ့ပါတယ်။

လူ ၇၅ဝ က အနည်းအကျဉ်းသာ ထိခိုက် ဒဏ်ရာရပြီး ကျန်တဲ့သူ တွေကို ဆေးရုံတွေ တင်ထားကြောင်း၊ သမ္မတ အာမက် ဒီနာဂျက် ကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ဘူရှီးယား နယ် အုပ်ချုပ် ရေးမှူး Fereydoun Hassanvand က ပြောပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ လှုပ်မှာ စိုးလို့ လူအများအပြား အပြင်ဘက် ထွက်အိပ် ကြရကြောင်းလဲ သတင်းရရှိပါတယ်။

အီရန် နိုင်ငံဟာ ငလျင်ကြောကြီးပေါ် မေးတင် နေတာမို့ ၂ဝဝ၃ ခုနှစ် ငလျင်တုန်းက လူပေါင်း နှစ်သောင်းခွဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
BBC Burmese

မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း

Wednesday, 10 April 2013
မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကအစ္စလာမ်ဘာသာရေးခေါင်းဆောင် များနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "ကျမ်းဂန်တစ်ခုထဲမှာပါတယ်။ ခရစ်ယာန်ကျမ်းစာထဲမှာလားတော့ မသိဘူး။ ပေါင်မုန့်တောင်းတဲ့သူကို ခဲလုံးမပေးရဘူးဆိုတာ။ အဲဒီတော့ ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ အကူအညီလာတောင်းတဲ့သူတွေကို ခဲလုံးပေးတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ဘာပဲပြောပြော ကျွန်မတို့ရဲ့ ခံစားမှုအရ၊မျှော်လင့်ချက်အရ၊ဦးတည်ချက်အရ ဒီနိုင်ငံမှာ အားလုံးအေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တဲ့ နိုင်ငံမျိုးဖြစ်စေချင်တယ်" ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးအတွက် ဘာတွေလုပ်ရန်လိုသလဲဆိုသည်ကို လွှတ်တော်မှ တဆင့်လေ့လာတင်ပြပြီး တတ်နိုင်သမျှဖြစ်မြောက်အောင် လုပ်ရမည်ဖြစ်ကြောင်း၊၎င်းဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကော်မတီအနေဖြင့်လည်းလုပ်ချင်ရာကို တိုက်ရိုက် လုပ်ဆောင်၍မရဘဲ ၎င်းတို့၏ တင်ပြချက်များကို အခြေခံပြီး လွှတ်တော်မှ အကောင်အထည်ဖော်ဖို့သာ ဖြစ်ကြောင်း စသည်ဖြင့်လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

''အားလုံးလုံခြုံမှ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းလို့ရမယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ လုပ်လို့ရမယ်။ အဲဒီလိုအခြေအနေဖြစ်ဖို့ကနိုင်ငံသားဥပဒေလည်းပါမယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မက ဥပဒေစိုးမိုးရေးလို့ ပြောလေ့မရှိဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံမှာ
ရှိတဲ့ ဥပဒေတွေဟာ တရားမျှတရမယ်။ ရှိတဲ့ ဥပဒေအောက်မှာလည်း အားလုံးဟာ တန်းတူရည်တူ ရှိမယ်။ ကျွန်မဖြစ်စေချင်တာကတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ငါတို့ဟာ ဒီနိုင်ငံသူ နိုင်ငံသား ဖြစ်တယ်ဆိုတာကို ဂုဏ်ယူနိုင်ရမယ်။ ကျေနပ်နိုင်ရမယ်။ စောစောက ပြောသလို ငါတို့ဟာ ဒီနိုင်ငံထဲကသူတွေမှ ဟုတ်ရဲ့လား ဆိုတဲ့ဟာကို ကျွန်မတို့နိုင်ငံသူ နိုင်ငံသား ဘယ်သူမှ စိတ်ထဲမှာ သံသယမရှိပါနဲ့'' ဟုလည်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှ စတင်ကာ ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး စသည့်မြို့နယ်များနှင့် ဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း စသည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုကြောင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင်လည်း မတ် ၂၄ ရက်မှစကာ ဆူပူလှုံ့ဆော်သူများက စာရွက်စာတမ်းများ ဝေငှခြင်း၊ ကားဖြင့်လှည့်လည်ကာ လှုံ့ဆော်ခြင်းများပြုလုပ်ခဲ့၍ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး စုရုံးလှုံ့ဆော်မှုဖြစ်စဉ်များတွင် နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်နေမှုကို ထိန်းသိမ်းပေးရန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဗလီတစ်ခုတွင် ၀ါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် အစ္စလာမ်ဘာသာဝင် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့မှုတွင်လည်း ဘာသာရေး အဓိကရုဏ်းအသွင် ဖြစ်စေရန် လူမှုကွန်ရက် စာမျက်နှာများတွင် သွေးထိုး
လှုံ့ဆော်မှုများ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေရှင်းခဲ့ရသည်။
eleven media group

အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေး


Wednesday, April 10, 2013
အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေး၊အခွန်ကင်းလွတ်ခွင့် အမျိုးမျိုးဖြင့် လုပ်ကိုင်နေခြင်းများကို တိကျစွာတင်ပြပါက လွှတ်တော်မှ သုံးသပ်ပေးမည်မျှတသည့် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊လုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ဆွေးနွေးပွဲတွင် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အခွန်ကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တင်ပြရာတွင် အဓိကအားဖြင့် အများပြည်သူ သက်သာစွာဖြင့် အခွန်ထမ်းဆောင်နိုင်ရန်နှင့် ၀င်ငွေပမာဏအား သတ်မှတ်ရာတွင် အများပြည်သူ ၀င်ငွေဖြင့် ကိုက်ညီသည့် နှုန်းထားများအထိ ပြင်ဆင် သတ်မှတ်သင့်သည်များ၊ အခွန်ဆောင်လုပ်ကိုင်နေသူများနှင့် အခွန်ကင်းလွတ်ရ လုပ်ငန်းရှင်ကြီးများကြား ကွာဟချက်နှင့် နစ်နာချက်များ၊ အခွန်ကင်းလွတ်ခွင့် ပေးထားကာ လုပ်ကိုင်စေခြင်းများ ရှိမရှိတို့ကို မေးမြန်းတင်ပြခဲ့ကြသည်။

အခွန်ကင်းလွတ်ခွင့် အမျိုးမျိုးရရှိနေသည်များ ရှိပါက ထိုသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် လုပ်ကိုင်နေသူများကို တိကျစွာ တင်ပြပေးမည်ဆိုပါက လွှတ်တော်မှပြန်လည်သုံးသပ်ပေးသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကပြောကြားခဲ့ပါသည်။

လာမည့် လွှတ်တော်များ ပြန်လည်စတင်သည်နှင့် အခွန်ဥပဒေကို လွှတ်တော်၌ ဆွေးနွေးကာ အတည်ပြုနိုင်ရန်အတွက် ယခုဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှလည်း အများပြည်သူ ပေးဆောင်နိုင်သည့် အခွန်စနစ်ဖြစ်ရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင် အကောက်ခွန် ယဉ်ကျေးမှု ထူထောင်ရန် လိုအပ်ပြီး အခွန်အကောက်ကို အားထားသည့် နိုင်ငံအဖြစ်
ပြောင်းလဲရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်များမှလည်း ထမ်းဆောင်နိုင်သည့် အခွန်နှုန်းအားပြင်ဆင်ရန်နှင့် ကိုယ်တိုင် အခွန်ကြေညာကာ ကိုယ်တိုင်အခွန်ထမ်းဆောင်သည့် စနစ်အထိသွားရောက်ရန်လိုကြောင်း ထောက်ပြခဲ့ကြပါသည်။
eleven media group

လမ်းဘေးတွင် အလှူခံနေသူ အမျိုးသမီး အဝေးပြေး မှန်လုံယာဉ် တိုက်မိ သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး လယ်ကြီးကျေးရွာ ဇရပ်အနီးရှိ မန္တလေး- မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၃) နှင့် (၃၅/၄)အကြား၌ ဧပြီ ၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က အလှူခံနေသူ အမျိုးသမီး တစ်ဦးကို မှန်လုံယာဉ် တစ်စီးမှ တိုက်မိခဲ့သဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လယ်ကြီးကျေးရွာ ဇရပ် အနီးရှိ မန္တလေး- မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄) အကြား၌ ယာဉ်မောင်း အောင်ဖြိုးမင်း ၂၆ နှစ် (ဘ)ဦးသိန်းဝင်း ညောင်ပင်သာ ရပ်ကွက်၊ ကလေးမြို့ မောင်းနှင်သည့် ၆င/--- မှန်လုံယာဉ်သည် လမ်းဘေး တွင် အလှူခံ နေသူ မခင်နှင်းရီ ၄၅ နှစ် (ဘ)ဦးစိန်အောင် လယ်ကြီးကျေးရွာ စစ်ကိုင်းမြို့နယ် နေသူအား ဝင်တိုက် မိခဲ့ရာ မခင်နှင်းရည်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းမြို့ အမှတ်(၁)ရဲစခန်းမှ အောင်ဖြိုးမင်း အား ယာဉ်(ပ) ၁ဝ/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိ သည်။
မြ၀တီ

အမ်းတွင် သင်္ကန်းဝတ် ကုလား ၈ ယောက် ဖမ်းမိ (ဓါတ်ပုံသတင်း)

ကုလား ၈ ဦးအားကားပေါ်တင်ကာ ရန်ကုန်သို့ ပို့ဆောင်ပေးသော ဘုန်းကြီးဖြစ်ပါသည်။
၉၆၉ ကိုအတုအယောင်လုပ်ကာ ဖန်တီးခြင်းဖြစ်ပါသည်။

ကျိုက်ထိုမြို့ ယခင်ကလည်း ဘင်္ဂလီများကို သင်္ကန်းဝတ်ပြီး ပို့ဆောင်ပေးခဲ့သည်မှာ ၅ ကြိမ်ရှိပြီ ဟု ထွက်ဆိုပါသည်။ ယခုနှစ်တွင်လည်း ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခါနှင့်ဆိုလျင် ၅ ကြီမ်ရှိပြီဟုသိရသည်။

ယခုနှစ်အတွင်း ဒုတိယ ခေါက်အား မတ်လ အတွင်းပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဘုန်းကြီးမှထွက်ဆိုပါသည်။

ကားသမားမှာ အံခူးနောင်(ခ) ရာဇာအောင် ဖြစ်သည်ဟုတ်လည်းထွက်ဆိုပါသည်။
RSV








မင်းကိုနိုင်နှင့် ပဋိပက္ခ ဖြေရှင်းနည်း


ဧပြီလ ၀၉ ရက် ၂၀၁၃
ဆောင်းပါး - မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ ဆန္ဒပြနေတဲ့ လယ်သမားတွေဆီကို သွားပြီး ကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို တင်ပြခဲ့ရာမှ ဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းတလျှောက် တခါမှ မကြုံဖူးတဲ့ တောင်သူလယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှု ကို ခံခဲ့ရတာဟာ တွေးတောစရာ ဖြစ်လာပါတယ်။

ဒါမျိုးကိစ္စတွေဟာ နိုင်ငံရေးလောက ဖြစ်ရိုးဖြစ်စဉ်တွေ ဆိုတာတော့ မှန်ပါတယ်။ သို့သော် စဉ်းစားစရာက တော့ ဒေါ်စုသာ တောင်သူလယ်သမားတွေရဲ့ အခြေအနေ၊ ခံယူချက်တွေပါ ထည့်တွက်မယ်ဆိုရင် ခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်စရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်။

တောင်သူလယ်သမားများဟာ စုံစမ်းရေး ကော်မရှင်ရဲ့ သဘောသဘာဝကို နားမလည်ရှာကြပါ။ အဲဒီမှာ ဒေါ်စုနဲ့ Communication gap ဆိုတဲ့ ဆက်သွယ်မှု ချွတ်ချော်သွားတာသာ ဖြစ်ပါတယ်။ ဒါလည်း အဆန်းတော့ မဟုတ်ပါ။ နေရာတိုင်းမှာ ဖြစ်နေကျပါပဲ။

စိတ်ဝင်စားဖို့ အလွန်ကောင်းတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ကတော့ နောက်တနေ့ (မတ် ၁၅ ရက်နေ့) မှာ မင်းကိုနိုင် က RFA ကို ပြောခဲ့တဲ့ စကားစုပါ။ ဒေါ်စု (မနေ့က) တောင်သူတွေကို ပြောခဲ့တဲ့ ကိစ္စမှာ ဒေါ်စုရဲ့ ဆက်သွယ်ရေး ဟာကွက် (Communication gap) တွေ ချက်ချင်း ဖြည့်ပေးခဲ့တာ တွေ့ခဲ့ရပါတယ်။

ကော်မရှင်ဟာ အကြံပေးတာလောက်ပဲ ရှိတယ်၊ ဒါဟာ အစိုးရက အတည်ယူချင်မှ ယူမယ် ဆိုတာတွေကို ရှင်းပြခဲ့တယ်။ လယ်သမားတွေရဲ့ နစ်နာကြေးတွေကိုလည်း ညှိယူလို့ ရကြောင်းတွေ ပြောဆိုရှင်းပြသွားတဲ့ အပြင် အရေးအကြီးဆုံးဖြစ်တဲ့ ဒီလိုပဋိပက္ခများကို ဘယ်လိုဖြေရှင်းနိုင်တယ် ဆိုတဲ့ ပဋိပက္ခ ဖြေရှင်းနည်း (Conflict resolution methodology) ကို တိတိပပ ရှင်းရှင်းလေး တင်ပြသွားတာ တွေ့ရပါတယ်။

သူပြောတဲ့ ပဋိပက္ခ ဖြေရှင်းဖို့ အဓိက အကျဆုံး အချက် (Key element) ကတော့ ပဋိပက္ခ ဖြစ်နေတာတွေကို စိန်ခေါ်မှု (Challenge) လို့ မမြင်ဘဲ Problem solving ခေါ်တဲ့ ပြဿနာရဲ့ အဖြေကို ရှာတဲ့အသွင် အတွေးအခေါ်ကို ပြောင်းဖို့ ပြောသွားပါတယ်။

ဒါကတော့ မင်းကိုနိုင်ရဲ့ စကားဆက်သွယ်မှု (Communicaion skill) ဟာ အလွန်ထက်မြတ် ထူးခြားတဲ့ အရည်အချင်းပါ။ အထက်က ဝါကျ တခုတည်းနဲ့ အလွန် ခက်ခဲရှုတ်ထွေးနိုင်တဲ့ အခြေအနေကို တမုဟုတ်ချင်း ပြောင်းပစ်နိုင်တဲ့ သော့ချက်ကို ထိထိမိမိ ပြတ်သားစွာ ပြောသွားတာဟာ အနောက်နိုင်ငံမှာ ဆိုရင် သူ့ကို Nothing short of brilliant လို့ မှတ်ချက်ချကြ မှာပဲ။

ပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အုပ်စုတွေ တခုနဲ့တခု၊ တဦးနဲ့တဦး မျက်နှာချင်းဆိုင် မိမိတို့ရဲ့ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ချဆွေးနွေးတင်ပြဖို့၊ မကျေနပ်တာတွေကို စားပွဲဝိုင်းမှာ ချဆွေးနွေးပြီး တူညီတဲ့ ရလဒ်ကို ရှာဖို့ ပဋိပက္ခ ဖြေရှင်းနည်း Strategy (မဟာဗျူဟာ) ကိုလည်း ပြည့်စုံစွာ တင်ပြသွားပါတယ်။

မင်းကိုနိုင်ဟာ တင်ပြသွားတဲ့ Conflict resolution model စံနမူနာ နည်းနာဟာ အနောက်နိုင်ငံတွေမှာ Management (စီမံအုပ်ချုပ်မှု) ပညာရှင်တွေ နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံ စမ်းသပ်တီထွင်ကြံဆပြီး စနစ်တခု (Methodology) အနေနဲ့ ဖန်တီးခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ ပညာရပ်အဖြစ် ခုချိန်မှာ ထွန်းကားလျက် ရှိပါတယ်။

တက္ကသိုလ်တွေမှာရော သင်တန်းတွေ ပို့ချကြပါတယ်။ ကုမ္ပဏီ ကြီးငယ်တွေကလည်း Conflict resolution ပညာရှင်တွေကို ငှါးရမ်းပြီး ကုမ္ပဏီတွင်းမှာရော၊ တခြား ကုမ္ပဏီတွေနဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဲဒီပညာရှင်တွေကို ကြေးကြီးပေးပြီး ငှါးကြရတယ်။ ဒီပညာရှင်တွေကလည်း Consulting Company တွေ ထောင်ပြီး စီးပွားဖြစ် လုပ်လာကြတယ်။ စာအုပ်တွေ ရေးပြီးလည်း ဖြန့်ဝေကြတယ်။ ဗီဒီယို၊ ဒီဗီဒီတွေ ထုတ်ပြီးတော့ အလုပ်ရုံ Workshop တွေလည်း အခကြေးငွေယူပြီး သင်ကြားပို့ချပေးကြတယ်။ တိုတိုပြောရရင် ဒီနည်းပညာဟာ စီးပွားရေးလုပ်ငန်း (Industry) တခုလို ဖြစ်ပေါ်နေပါတယ်။

မင်းကိုနိုင်ဟာ တက္ကသိုလ်ကျောင်းလည်း မပြီးခဲ့ပါဘူး။ ထောင်ထဲမှာကိုယ်နှိုက်က Solitary confinement လို့ခေါ်တဲ့ တကိုယ်တည်း သီးသန့် (တိုက်ပိတ်) ကျခံခဲ့ရတယ်။ အပြင်မှာ နေရတာ သုံးလေးနှစ်ပဲ ရှိပါလိမ့်မယ်။ ဒီပညာရှင်ကြီးတွေရဲ့ စာအုပ်ကြီးတွေ၊ စာတမ်းတွေ၊ ဒီဗီဒီတွေကို လေ့လာခွင့် ရမယ်လို့တော့ မထင်ပါ။ သူလို နိုင်ငံရေးသမား တယောက်ဟာ ဘယ်လို ၈၈ ခေါင်းဆောင် အယောက် ၂၀ လောက်ကို တပြေးညီ၊ ပြီးတော့ အတွေးလိုက်ပြီး သူနဲ့ တပါတည်း ခေါင်းဆောင်အရည်အချင်း ပြီးပြည့်စုံအောင် ဘယ်လို ပံ့ပိုးဖန်တီးခဲ့တယ်ဆိုတာ မင်းကိုနိုင် ၂၀၁၂ ထောင်က ထွက်လာပြီးကတည်းက စားရေးသူအနေနဲ့ အလွန်စိတ်ဝင်စား ခဲ့ပါတယ်။

Consensus building ခေါ်တဲ့ အတွေးအခေါ်အမြင်တွေ အားလုံးနီးပါး တူညီတဲ့အထိ အချင်းချင်း ဆွေးနွေး ယိုင်းပင်းခဲ့ကြလို့ ဒီလောက် ညီညွတ်တဲ့ ခေါင်းဆောင်ထုကြီးကို ပုံဖော်နိုင်လိမ့်မယ်လို့ ယူဆခဲ့လို့လည်း မင်းကိုနိုင်ကို တွေ့ရှိခဲ့စဉ်က အကြမ်းဖျဉ်း လေ့လာမိခဲ့ပါတယ်။

နောက်ထပ် အသေးစိတ် လေ့လာဖို့ ကြံရွယ်ကာရှိသေးတယ် မင်းကိုနိုင်က ကြေးနီစီမံကိန်းကိစ္စမှာ တိုင်းပြည်ကို သူ့ရဲ့ ပဋိပက္ခ ဖြေရှင်းနည်း နိဿယကို တင်ပြလိုက်တော့ စာရေးသူရဲ့ ရင်ထဲမှာ “အာဂလူပဲ” လို့ မြည်ဟည်းမိပါတယ်။

မင်းကိုနိုင် ဒီလို နိုင်ငံကို သူ့ရဲ့ အတွေးအခေါ်၊ သူ့ရပ် လုပ်ရပ်တွေ၊ ကိုယ်တွေ့တွေကနေ ရလာတဲ့ ခံယူချက် နည်းပညာတွေကို ထုတ်ဖော်ပြောဆိုတာကို အလွန်ပဲ ဝမ်းမြောက်သွားရမိပါတယ်။

မြန်မာလူမျိုးများဟာ ယေဘူယျအားဖြင့် Consensus building မှာ အလွန်အားနည်းပြီး ထစ်ကနဲရှိ မကျေနပ်ကြ၊ ကွဲကြ ပြဲကြဆိုတာ အထူးပြောနေစရာ မလိုပါ။ အဲဒီလို မြန်မာ့လူမှုရေးပုံစံ အချိုးမပြေတဲ့ ကြားထဲက ထောင်နန်းစံ မင်းသားလေး မင်းကိုနိုင် က မြန်မာတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွေးအခေါ် လူမှုရေးပုံစံ (Model) တခုကို လက်တွေ့ပုံဖော်ခဲ့ပြီး ခုတော့ သူ့နည်းပညာဟာ စံအဖြစ် မြန်မာ့နိုင်ငံရေး
လောကကို ထိုးထွင်းဝင်နိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။

အခုချိန်မှာ ၈၈ ခေါင်းဆောင်တချို့ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့ နိုင်ငံရေးပါတီ တည်ထောင်ဖို့ စဉ်းစားနေကြတာဟာ အလွန်ဝမ်းသာအားရဖို့ ကောင်းပါတယ်။ သို့သော် ၈၈ ရဲ့ ခေါင်သူကြီးဖြစ်တဲ့ မင်းကိုနိုင်က ပါတီထဲ ဝင်ဖို့ မစဉ်းစားဘဲ အနုပညာနဲ့ပဲ ပြင်ပကနေပြီး Civil society ကိစ္စတွေ လုပ်ဆောင်ဖို့ အာသီသရှိကြောင်း မီဒီယာကနေ သိရပါတယ်။

မင်းကိုနိုင်ဟာ ပါတီထဲ မဝင်ဘဲနေရင် ဒီမိုကရေစီလမ်းကြောင်း လမ်းထွင်နေတဲ့ကာလမှာ နိုင်ငံအတွက် အလွန့်အလွန် နစ်နာမှာ ဖြစ်ပါတယ်။

မင်းကိုနိုင်လို လူမျိုးတယောက် ပါလီမန်ထဲမှာ အထူးပဲ လိုအပ်ပါလိမ့်မယ်။ သူဟာ နိုင်ငံရေး ကျွမ်းကျင်သူ ခေါင်းဆောင်ကောင်း တယောက်လည်း ဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေထဲမှာ အလွန့်အလွန် ရှားပါးတဲ့ Management expert, Organisational skill ပြီးတော့ Conflict resolution expert ဆိုတဲ့ ကျွမ်းကျင်မှု တွေဟာ သုံးလေးမျက်နှာမှာတောင် ဖြည့်ဆည်းပေးနိုင်တဲ့
နိုင်ငံရေးသမားဟာ လွှတ်တော်ထဲ၊ အစိုးရထဲမှာ ပါဝင်ပြီး သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို အများဆုံး အသုံးချသင့်ပါတယ်။

မင်းကိုနိုင်ဟာ ၈၈ ကတည်းက ရဲရဲတောက် ကျောင်းသားခေါင်းဆောင်အဖြစ်၊ ခုနောက်ပိုင်းမှာ နိုင်ငံရေး ဦးဆောင်သူ၊ အနုပညာသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ သီချင်းရေးဆရာ၊ သံချပ်ဆရာ စတဲ့ သူ့ရဲ့ နိုင်ငံရေးနဲ့အနုပညာ အရည်အချင်းတွေကို ပြည်သူလူထုက သိရှိပြီးသား ဖြစ်ပါတယ်။

သို့သော် သူ့အကြောင်းတွေထဲမှာ ပြည်သူလူထုကြီး မသိသေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုတဲ့ နည်းပညာပိုင်ရှင်တဦးဆိုတာ ပြည်သူလူထုတွေ အပ်ကျမတ်ကျ သိမှာမဟုတ်သေးဘူးလို့ စာရေးသူ ထင်မြင်မိလို့ ဒီဆောင်းပါးနဲ့ပဲ ပြည်သူလူထုကို မိတ်ဆက်ဖော်ပြလိုက် ရခြင်း ဖြစ်ပါတယ်။
မြတ်သူပန်
Mizzima - News in Burmese

သံဃာတော်များအား သက်သေခေါ်မည်ဟု ကိုရဲမင်းဦး ပြောကြား

Tuesday, April 9, 2013
ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းခံရသူ ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင်တရားရုံး၌ လုံခြုံရေးရဲအင်အား (၅၀)ကျော်ဖြင့် ဧပြီလ(၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီက ရုံးထုတ် ရမန်ပေးခဲ့သည်။

ပဋိပက္ခဖြစ်စဉ်များ၊ ၉၆၉ ဆရာတော်များ၊ နိုင်ငံတော်တွင် တရားဟောနေသည့် ဓမ္မကထိကဆရာတော်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူဟု ယူဆသည့်အတွက် ပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားဆွဲဆိုခံထားရသူ ဖြစ်သည်။

ရုံးထုတ်ပြီး အချုပ်ကားပေါ်သို့ ခေါ်လာစဉ် “ဒါဟာ တရားမျှတတဲ့ တရားစွဲမှုလို့ ထင်ပါသလား” ဟု မီဒီယာ သမား တစ်ယောက်မေးမြန်းရာ၌ “ဘယ်ဟုတ်ပါ့မလဲဗျာ၊ ကျွန်တော် ဘာ ရာဇ၀တ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိဘူး” ဟု ကိုရဲမင်းဦးက ပြန်လည်ဖြေကြားခဲ့သည်။

၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေအသိုင်းအ၀န်းများမှ ကိုရဲမင်းဦးအမှုကို အာမခံရရှိရန် မျှော်လင့်ထားကြောင်း ကိုလည်း သိရသည်။

“သူ့မှာ အပြစ်မရှိပဲနဲ့ အချုပ်ကားနဲ့ ခေါ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ အပြစ်မရှိတဲ့ သူတစ်ယောက်ကို အချုပ်ကားနဲ့ ခေါ်တာ မင်းမဲ့စရိုက်ဆန်တယ်လို့ သူပြောသွားတယ်။ သူသည် မတရားဖမ်းဆီးခြင်း ခံနေရပါ တယ် ဆိုတာကို ထပ်ကာ ထပ်ကာ ပြောသွားတယ်” ဟု ကိုရဲမင်းဦး၏ ၀မ်းကွဲအကို ရခိုင်လူငယ်များအဖွဲ့မှ ကိုဖိုးသားက ပြောသည်။

ကိုရဲမင်းဦးအနေဖြင့် ၎င်း၏အမှုအတွက် ရဟန်းသံဃာတော်များအား သက်သေအဖြစ် ခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ ကိုရဲမြတ်ဟိန်းသို့ ပြောကြားခဲ့သည်ဟု သိရှိရသည်။

၎င်းအနေဖြင့် လက်ရှိစစ်ကြောရေး စစ်ဆေးခံခဲ့ရာတွင် ၂၀၀၇ ခုနှစ် အဖမ်းခံခဲ့ရစဉ်အတွင်းက စစ်ကြေားရေး ကဲ့သို့ပင် အစစ်ဆေးခံခဲ့ရကြောင်းကိုလည်း ၎င်း၏ မိတ်ဆွေများသို့ ပြောကြားခဲ့သည်များက တဆင့်ပြန်လည် သိရှိရသည်။

ကိုရဲမင်းဦးကို အင်းစိန်ထောင်မှ အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာခဲ့ခြင်းဖြစ်ပြီး အချုပ်ကား၊ ရဲကား မျိုးစုံဖြင့် လုံခြုံရေးအင်အား အနည်းဆုံး (၅၀)ကျော်ခန့်ယူကာ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

၎င်းကို မတ်လ(၂၅)ရက်နေ့က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၁)ရက်နေ့တွင် ပုဒ်မ-၅၀၅(ခ)ဖြင့် အမှု စစ်ဆေးနေသည်ဟု မိသားစုဝင်များသို့ အသိပေးခဲ့ပြီး ဧပြီလ (၄)ရက်နေ့မှသာ ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

အာဏာပိုင်များအနေဖြင့် ကိုရဲမင်းဦးအား မိသားစုဝင်များ၊ မိတ်ဆွေများနှင့်သာ တွေ့ဆုံခွင့်ပေးခဲ့ပြီး မီဒီယာ သမားများနှင့် တွေ့ဆုံခွင့်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် တွေ့ဆုံမေးမြန်းခွင့် မပေးခဲ့ကြောင်း သတင်းယူသည့် မီဒီယာသမားများထံက သိရှိရသည်။

အနောက်ပိုင်းခရိုင် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ဗဟန်းမြို့နယ်တရားရုံးနှင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တစ်ကြိမ်စီ ရုံးထုတ်ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ဧပြီလ(၂၂)ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံး၊ ဧပြီ(၂၃)ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ဆက် လက် ရုံးထုတ်သွားမည်ဟု သိရသည်။၏
ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup

မြန်မာဘာသာဖြင့် မီးလျှံမြေခွေး Browser ထွက်ရှိလာပါပြီ

မြန်မာစာဟာာ Google inc အမှုဆောင် ဥဏ္ဍဌ ဖြစ်တဲ့ Eric Schmidt လာပြီးနောက်ပိုင်း အတော်လေး အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ယခုလည်း Firefox ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်လို့...စမ်းသပ်ကြပါလို့ တိုက်တွန်းရင်း ....

http://www.mozilla.org/en-US/firefox/all-aurora.html

ီDirect ဒေါင်းချင်ရင်တော့ အောက်က Link တွေမှာ ဒေါင်းကြပါ

window အတွက်

http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.win32.installer.exe

mac အတွက်

http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.mac.dmg

linux အတွက်

http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.linux-i686.tar.bz2

ှsource : Cho Lay
Post by : Villager Myanmar

ဆင်းမ်ကတ် အခမဲ့ ရမယ်


Tuesday, April 9, 2013
မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေ အခမဲ့ ရပါတော့မယ်။

ဒါကလည်း မကြာသေးခင်က အစိုးရ က WCDMA 800 MHZ ဆင်းမ်ကတ်တခုကို ကျပ်ငွေ ၁၅၀၀ နဲ့ လာမယ့် ဧပြီလ ၂၄ ရက်နေ့က စတင် ရောင်းချပေး တော့မယ်ဆိုတဲ့ အသိပေးချက်အပြီး ထွက်ပေါ်လာ တာပါ။

ကျပ် ၁၅၀၀ တန် မိုဘိုင်း တယ်လီဖုန်း ဆင်းမ်ကတ် ၃ သိန်းခွဲကို လစဉ် ရောင်းချပေးတော့မယ်ဆိုတဲ့ သတင်းကြောင့် မို ဘိုင်းဖုန်း သုံးစွဲလိုသူတွေသာမက တယ်လီဖုန်း ဟမ်းဆက် အရောင်းဆိုင်တွေလည်း ၀မ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။

အခု ဆင်းမ်ကတ် အခမဲ့ ရမယ့်နေရာကတော့ ကလေးမြို့က တယ်လီဖုန်း ဟမ်းဆက်ဆိုင်တဆိုင်မှာဖြစ်ပြီး ဟမ်းဆက် တလုံးဝယ်ရင် ဆင်းမ်ကတ် အခမဲ့ပေးမယ်လို့ ယနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထား ပါတယ်။

ကလေးမြို့က Over Sea တယ်လီဖုန်း ဟမ်းဆက်အရောင်းဆိုင် ပိုင်ရှင် ကိုထွေးက ကြေးမုံသတင်းစာ ကို ပြောတာမှာ တော့ ဆင်းမ်ကတ်တခုကို ကျပ် ၁၅၀၀ နဲ့ ရောင်းမယ့် အစီအစဉ်သကို အလွန်ဝမ်းသာ တယ်လို့ ဆိုပြီး သူ့ဆိုင်မှာ ဟမ်း ဆက် တလုံး ၀ယ်ယူသူတိုင်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆင်းမ်ကတ် တခု လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်တဲ့။

Over Sea တယ်လီဖုန်း ဆိုင်ဟာ ကလေးမြို့မှာ ထင်ရှားပြီး အင်တာနက်လိုင်းချိတ်ဆက်ပေးတာ၊ ဖုန်း ငွေဖြည့်ကတ် ရောင်းချပေးတာ၊ တယ်လီဖုန်း ဟမ်းဆက်ပြုပြင်တာစတဲ့ ၀န်ဆောင်မှုပေးနေတဲ့ ဆိုင်တဆိုင်လည်းဖြစ်တယ်လို့ ဆိုပါ တယ်။
အိမ့်သံစဉ်
Irrawaddy

မောင်းသူမဲ့ လေယာဉ်အား လေဆာဖြင့် ပစ်ချပြခဲ့သည့် အမေရိကန်ရေတပ်(ရုပ်/သံ)

ကြားလိုက်ရတာတော့ ခေတ်ရှေ့ပြေး သိပ္ပံရုပ်ရှင် ဆန်ဆန်ပါပဲ။ ဒါပေမယ့် လေဆာတွေဟာ အနာဂတ်ရဲ့ လက်နက်တွေဆိုတာ ငြင်းလို့ မရတော့ပါဘူး။ မောင်းသူမဲ့ လေယာဉ်တွေ (Drones) ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆိုရင် အနာဂတ်ရဲ့ အဓိက စစ်လက်နက်ပစ္စည်း ၂ ခုကို ထိပ်တိုက်တွေ့ပေးလိုက်ရင် ဘာဖြစ်လာမလဲ။ စိတ်မကောင်းစရာပါပဲ။ ယခု ပြိုင်ပွဲမှာတော့ drone ဟာ မရှုမလှ ရှုံးသွားရပါတယ်။ အမေရိကန်စစ်တပ်ဟာ လေဆာတွေကို စစ်လက်နက်အဖြစ် စမ်းသပ်နေတာ အချိန်အတန် ကြာနေပါပြီ။ လေတပ်ကလည်း အနာဂတ်မှာ ယင်းတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲလေယာဉ်မှာ လေဆာလက်နက်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ထားသလို မောင်းသူမဲ့ လေယာဉ်တွေအတွက် လောင်စာအဖြစ်လည်း အသုံးပြုဖို့ စမ်းသပ်နေပါတယ်။ ဒါဆိုရင် ရေတပ်ကကော။ အမေရိကန် ရေတပ်ကတော့ လေဆာလက်နက် စမ်းသပ်မှုအပိုင်းတွင် ဦးဆောင်နေပြီး ယင်းတို့၏ Laser Weapons System (LaWS) ဟာ အတော်လေးကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ယခု ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဟာ ယခင်တွေ့ဖူးသမျှ စမ်းသပ်မှုတွေထဲမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလို့ ပြောလို့ရတဲ့ပြီး လေဆာ ၆ ခုကို ပေါင်းစပ်ပြီး လွန်စွာမှ တိကျပြီးပြင်းထန်တဲ့ လေဆာလက်နက်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်တိုင်ပဲ အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုပြီး ဆုံးဖြတ်ကြပါ။
Myawady News

အညာဒေသတွေမှာ ပြုလုပ်ကြတဲ့ အလှူပွဲ (ရုပ်/သံ)

 မြန်မာပြည် အထက်ပိုင်း မန္တလေး၊ စစ်ကိုင်းစတဲ့ အညာဒေသတွေမှာ ပြုလုပ်ကြတဲ့ အလှူပွဲတွေထဲက စည်ကား သိုက်မြိုက်လှတဲ့ မြန်မာ့ရိုးရာ ရှင်ပြုရဟန်းခံ၊ နားသမင်္ဂလာ အလှူပွဲတွေ အကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

မိုးထိမိုးမိ တရားစွဲခံထားရသူများကို ရုံးပိတ်ရက်တွင် စစ်ဆေးပြီး အချုပ်ချ



Tuesday, April 9, 2013
ရန်ကုန်၊ ဧပြီ ၉။
မိုးထိမိုးမိ ရွှေလုပ်ကွက်နှင့် စပ်လျဉ်းပြီး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သော ရွှေလုပ်သားများကို ဧပြီလ ၈ ရက်နေ့တွင် ရုံးချိန်းချိန်းဆိုပြီး အစိုးရရုံးပိတ်ချိန် ညနေ ၅း၃၀နာရီတွင် ရမည်းသင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆးမှုပြုလုပ်ပြီး အချုပ်ချလိုက်ကြောင်း မိုးထိမိုးမိ ရွှေလုပ်သား ကိုရဲရင့်အောင်၏ ဇနီးသည်ဖြစ်သူ မအိမွန်ကျော် ၏ ပြောကြားချက်အရသိရသည်။

“ရမည်းသင်းခရိုင်တရားရုံးကို ၈ရက်နေ့ရုံးချိန်းရှိတယ် မနက် ၁၁နာ၇ီ အရောက်လာဆိုလို့ ကျွန်မတို့ သွားပါတယ်။ ဒီနေ့စစ်မယ်လို့လည်း မပြောဘူး။ အာမခံယူဖို့လုပ်ကြပါလို့လည်း မပြောဘူး အားလုံးက ထိုင်စောင့်နေတာ။ အစိုးရရုံးပိတ်ချိန် ညနေ ၅း၃၀ ကျမှ တရားရုံးထုတ်ပြီး နာမည်တွေရွတ်ပြီး ဒီနေ့စစ်ဆေးဖို့ အချိန်မရှိတော့တဲ့အတွက် အချုပ်ထဲမှာ ခတ္တခဏ ထိန်းသိမ်းထားရမယ် ဆိုပြီး ဖမ်းသွားတာပါ။” ဟု မအိမွန်ကျော်က ပြောကြားသည်။

အချုပ်ချခံရသူ ၁၄ဦးရှိကြောင်း၊ ၃ဦးမှာ လက်ရှိတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၃လ ချမှတ် ခံထားရသူများ ဖြစ်ကြောင်း၊ လွတ်ရက်နီးနေပြီဖြစ်သော အဆိုပါ ၃ဦးမှာ ယခုအခါ အချုပ်ထဲတွင် ထပ်မံနေရဦးမည်ဖြစ်ကြောင်း၊ ကျန် ၁၁ဦးအား ပုဒ်မ ၂၉၄၊ ၅၀၆ ၊ ၁၄၃ ၊ ၁၄၇ တို့ဖြင့် တရားထပ်မံ စွဲဆိုခြင်းဖြစ်ကြောင်း တရားရုံးချိန်းကို ဧပြီလ၂၃ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်ကြောင်းသိရသည်။ “ကိုရဲရင့်အောင် က ဒီလ ၁၁ရက်နေ့ဆိုရင် ထောင်က လွတ်ရမယ့်ရက်ပါ။ အခု ဒီလိုမျိုးထပ်ပြီး ပုဒ်မတပ်လိုက်တော့ ထောင်ကလွတ်တာတောင် အချုပ်ထဲမှာ ဆက်နေနေရဦးမှာပါ။ ရုံးချိန်းရက် ၂၃ရက်နေ့ကျမှ အာမခံလုပ်လို့ ရတော့မှာပါ။

ဒီကိစ္စကို လုံးဝမကျေနပ်ပါဘူး။ သတင်းစာတွေ၊ ဂျာနယ်တွေမှာ ကျွန်မဖတ်ရပါတယ် ILO က ဉ်ီးအေးသိန်းဆိုရင် ကိုယ်ပိုင်ခံဝန်နဲ့ အာမခံနဲ့ အပြင်မှာ နေလို့ရတယ်။ ကျွန်မတို့ မိုးထိမိုးမိက လူတွေကျတော့မှ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ ဆိုတာကို သိချင်ပါတယ်။ ” ဟု မအိမွန်ကျော်က ပြောကြားသည်။ မိုးထိမိုးမိ ရွှေလုပ်ကွက်များနှင့် စပ်လျဉ်း၍ ၂၀၁၃ခုနှစ် ၊ ဇန်န၀ါရီလ ၂ရက်နေ့တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ၊ အမှတ် ၂သတ္တုတွင်းဝန်ကြီး ဌာနနှင့် ရွှေလုပ်သားတို့ကြား သုံးဦး သုံးဖလှယ် ကြေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ပြီး၊ ဇန်န၀ါရီလ ၃၇က်နေ့တွင်လည်း ကြားဝင်ညှိနှိုင်းပေးသော လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ အမှုများကို ကျေအေးကြောင်းလည်းပြောကြားခဲ့သည်။

ယခုအခါ ရွှေ့လုပ်သားများမှာ အမှုများဖြင့်သာ ရင်ဆိုင်နေရကြောင်း သိရသည်။ ယင်းကိစ္စအား ရမည်းသင်း ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရရှိသေးပါ။
ဆုဝေ
မြန်မာ့ခေတ်

ကျောက်မျက်ရတနာ အချောထည်ရောင်းဝယ်ရေးစင်တာ စတင်ဆောက်လုပ်

Tuesday, April 9, 2013
မြစ်ကြီးနား၊ ဧပြီ ၉။
ကချင်ပြည်နယ၊် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာ စတင် ဆောက်လုပ်ခြင်းကို ဧပြီလ ၃ ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်ထိန်းချုံးခရိုင် ပြည်သူ့အစိုးရ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့မှ အလှူငွေကျပ်သိန်း(၂၀)နှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလှူငွေ ကျပ်သိန်း(၅၀)ကို ကျောက်မျက် လုပ်ငန်းရှင်များ အသင်း(မြစ်ကြီးနား)သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာ့ခေတ်









နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com