အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ သူတတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လို တယ်လို့ ဒေါ်အောင်ဆန်း စုကြည် အရင်က ပြောခဲ့ဖူးပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးသူ မဟုတ်ရင်တောင်၊ လေ့လာသူအဖြစ် ပါဝင်သင့်ပါတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်း က ပြောပါတယ်။
RFA Burmese
ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်စေလို
Labels:
ပြည်တွင်းသတင်း