http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆူပူအုံကြွမှုနဲ့ တရားစွဲထားတဲ့ ကိုရဲမင်းဦး အာမခံမရ

နိုင်ငံတော်ကို ဆူပူအုံကြွှအောင်လှုံ့ဆော်မှု ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုရဲမင်းဦးကို သာကေတမြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက်အဖြစ် ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ သူ့အတွက် အာမခံလျှောက်ခဲ့ပေမယ့်လည်း တရားရုံးကပယ်ချခဲ့တယ်လို့ ဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ဟိုးက RFA ကိုပြောပါတယ်။

“အာမခံလျှောက်တော့ တရားရုံးကပယ်တယ်၊ ပယ်တဲ့အကြောင်းပြချက်က ဒီဟာကအာမခံပေးလို့မရတဲ့ပုဒ်မဖြစ်တယ်၊ နောက်တစ်ချက်က ကိုရဲမင်းဦးက ကျန်းမာရေးကောင်းတယ်၊ နောက်တစ်ချက်က တရားလိုစစ်ဖို့မရှိသေးဘူးပေါ့၊ အဲဒီအကြောင်းပြချက်တွေနဲ့ ငြင်းပယ်တယ်”

ဒီနေ့ရုံးချိန်းကို တရားလိုရဲမှုး ဦးကျော်ဝင်း မလာနိုင်တာကြောင့် လာမယ့် ဇူလိုင်လ ၂၉ရက်နေ့ကို ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ကိုရဲမင်းဦးဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက် ရေးကော်မတီ)မှာ အတွင်းရေးမှုးတာဝန်ယူထားသူဖြစ်ပြီး မတ်လ ၂၅ရက်နေ့ကတည်းက ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
Photo: ဆူပူအုံကြွမှုနဲ့ တရားစွဲထားတဲ့ ကိုရဲမင်းဦး အာမခံမရ နိုင်ငံတော်ကို ဆူပူအုံကြွှအောင်လှုံ့ဆော်မှု ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုရဲမင်းဦးကို သာကေတမြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက်အဖြစ် ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ သူ့အတွက် အာမခံလျှောက်ခဲ့ပေမယ့်လည်း တရားရုံးကပယ်ချခဲ့တယ်လို့ ဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ဟိုးက RFA ကိုပြောပါတယ်။ “အာမခံလျှောက်တော့ တရားရုံးကပယ်တယ်၊ ပယ်တဲ့အကြောင်းပြချက်က ဒီဟာကအာမခံပေးလို့မရတဲ့ပုဒ်မဖြစ်တယ်၊ နောက်တစ်ချက်က ကိုရဲမင်းဦးက ကျန်းမာရေးကောင်းတယ်၊ နောက်တစ်ချက်က တရားလိုစစ်ဖို့မရှိသေးဘူးပေါ့၊ အဲဒီအကြောင်းပြချက်တွေနဲ့ ငြင်းပယ်တယ်” ဒီနေ့ရုံးချိန်းကို တရားလိုရဲမှုး ဦးကျော်ဝင်း မလာနိုင်တာကြောင့် လာမယ့် ဇူလိုင်လ ၂၉ရက်နေ့ကို ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကိုရဲမင်းဦးဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက် ရေးကော်မတီ)မှာ အတွင်းရေးမှုးတာဝန်ယူထားသူဖြစ်ပြီး မတ်လ ၂၅ရက်နေ့ကတည်းက ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com