http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မွန်ပြည်နယ်ခုနစ်မြို့နယ်အတွင်း ကျောင်း၈၉ ကျောင်းအတွက် ငွေကျပ်သန်းပေါင်း ၃၅၀၀ သုံးမည်

သောကြာနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၃
မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အနက် ခုနစ်မြို့နယ်မှ ပြုပြင်ရန် လိုအပ်သည့် အခြေခံပညာ စာသင်ကျောင်း ၈၉ ကျောင်းအတွက် ပြည်နယ်အစိုးရက ငွေကျပ်သန်းပေါင်း ၃၅၀၀ ကျော်ကို ၂၀၁၃ - ၂၀၁၄ခု ပညာသင်နှစ်အတွက် အသုံးပြုသွားမည်ဟု မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။

“သူတို့ (ပြည်ထောင်စုအစိုးရ)က သုံးမြို့နယ် ဦးစီးပြီး ဆောက်မယ်။ ကျန်တဲ့ ခုနစ်မြို့နယ်က ကျွန်တော် တို့ (ပြည်နယ် အစိုးရ) ဦးစီးပြီး ဆောက်မယ်” ဟု ဒေါက်တာလှဦးက ပြောသည်။

ပြည်နယ်အစိုးရမှ ဦးစီးကာ ပြုပြင်မည့် ကျောင်းများမှာ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ရေး၊ ပေါင်၊ သထုံ၊ ဘီးလင်း မြို့နယ်များအတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ ဖြစ်ပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်း၊ ကျောင်းဆောင်ဟောင်းများ ပြုပြင်ခြင်းနှင့် သင်ကြားမှု ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းတို့ ပါဝင်သည်။

ကျန်သည့် မော်လမြိုင်၊ မုဒုံနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျောင်းများအတွက် ပြည်ထောင်စုအစိုးရက ဦးစီးပြီး ကျပ်သန်း ၁၀၀၀ ကျော် သုံးစွဲကာ ပြုပြင်သွားမည်ဟု ဆိုသည်။

“အရင်က အပေါ် (ပြည်ထောင်စု အစိုး ရ) နဲ့အောက် (ပြည်နယ်အစိုးရ) ခွဲဝေနေတာကိုး။ ကျွန်တော်တို့ ပြည်နယ်အစိုးရက အရင်က ၅၀ ရာခိုင်နှုန်းရတယ်။ နောက်တော့ ၇၅ ရာခိုင်နှုန်း။ နောက်ဆို အပြည့်လွှဲ မယ်လို့ ပြောသံကြားတယ်”ဟု ဒေါက်တာလှဦးက ပြောသည်။

မွန်ပြည်နယ်သည် ၂၀၀၈ -၂၀၀၉ ပညာသင်နှစ်တွင် အောင်ချက် ၄၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၀၉-၂၀၁၀တွင် ၄၂ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၁၀-၂၀၁၁ တွင် ၄၃ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၁၁-၂၀၁၂ တွင် ၅၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂- ၂၀၁၃ တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း တစ်နိုင်ငံလုံးတွင် ငါးနှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံး ရရှိခဲ့သည်။
ကွန်းချမ်း
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com