http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဦးဘရန်ရှောင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

၂၀၁၁ ခရစ္စမတ် နေ့က ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် မိသားစုနှင့် အတူ တွေ့မြင်ရသော ဦးလထော်ဘရန်ရှောင်(ညာဘက် အစွန်ဆုံးက ကလေးချီထားသူ) (ဓာတ်ပုံ – Hkamung pan)
July 19, 2013
ဒီနှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ မကျန်စေရဘူးလို့ ဥရောပ ခရီးစဉ်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာမှာပဲ ဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေသူ ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဝန်ထမ်းနဲ့ ဖောက်ခွဲရေးသမားလို့ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က ပြီးခဲ့တဲ့ နှစ် ဇွန်လထဲမှာ စွပ်စွဲ ဖမ်းဆီးခဲ့ပြီး မနေ့က မွန်းလွဲပိုင်းမှာ စီရင်ချက်ချလိုက်တာပါ။

ဦးဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါး က “ကျနော်ကတော့ လျှောက်လဲချက် စာမျက်နှာ အားလုံး ၃၀ ရှိတယ်။ ကျနော်လျှောက်လဲချက် ပေးပြီးတာနဲ့ ၁၀ မိနစ်တောင် မပြည့် သေးဘူး။ တရားလူကြီးက နှစ်ဖက်စလုံး လျှောက်လဲချက် ပေးပြီးတာဖြစ်တဲ့အတွက် စီရင်ချက်ချမှတ်မယ်လို့ ပြောတယ်။ ကျနော့်ရဲ့ လျှောက်လဲချက် အပေါ်မှာ သုံးသပ်ချက် မရှိဘဲနဲ့ နဂိုကတည်းက ရေးသားထားပြီးသား စီရင်ချက်ကို ဖတ်ပြပြီးတော့ စီရင်ချက် ချလိုက်တဲ့ သဘောပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ဒီနှစ်မကုန်ခင် အကျဉ်းထောင်တွေထဲမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တစ်ယောက်မကျန် လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် က ဗြိတိန်နိုင်ငံ မှာရောက်ရှိနေတုန်း ကတိစကားပြောဆိုခဲ့အပြီး ဦးဘရန်ရှောင်ရဲ့ စီရင်ချက်ထွက်လာတာဖြစ်လို့ အံ့အားသင့်စရာပါ။

ဦးဘရန်ရှောင်နဲ့ ဆက်နွယ်တယ်ဆိုတဲ့ KIA ဟာလည်း အစိုးရအဖွဲ့နဲ့ မြစ်ကြီးနားမြို့ပေါ်အထိ လာရောက်ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အဆင့်တောင်ရောက်ရှိနေပြီဖြစ်သလို ဆွေးနွေးပွဲအပြီးမှာ KIO/KIA ကို မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်နွယ်မှုနဲ့ အကျဉ်းကျနေတဲ့ ဦးဘရန်ရှောင်ကိုလည်း နောက်ဆုံး အမိန့်ချပြီး တစ်ပတ်အတွင်း လွှတ်ပေးမယ်လို့ ဦးအောင်မင်းက ကချင်လူထု ရှေ့မှာ ကတိပေးပြောဆိုခဲ့ဖူးပါတယ်။

ဦးအောင်မင်း က “ဦးဘရန်ရှောင်အမှု နောက်ဆုံးအမိန့်ချဖို့ထိ ရောက်နေပြီ။ အမှုမှာ ထောင်ဒဏ်ကျသည်ဖြစ်စေ မကျခံရသည် ဖြစ်စေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ဦးဘရန်ရှောင် တပတ် အတွင်း နေရပ်ကို ပြန်လာနိုင်ဖို့ အာမခံတယ်” လို့ ပြောဆိုခဲ့ပြီး သူ့ရဲ့ သိက္ခာနဲ့ရင်းပြီး အာမခံတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

ဦးဘရန်ရှောင်ကို မြစ်ကြီးနား မြို့နယ် တရားရုံးက ရုတ်တရက် အမိန့်ချလိုက်တာဖြစ်ပြီး တရားရုံးကို လိုက်လာကြတဲ့ ဦးဘရန်ရှောင်ရဲ့ ဇနီး ဒေါ်ဇေညွှယ်နဲ့ ဒုက္ခသည်စခန်း တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ စကားပြောခွင့်မရရှိခဲ့ကြောင်း တက်ရောက်သူတွေကလည်း ပြန်ပြောပြကြပါတယ်။

ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းတာဝန်ရှိသူ ဦးအောင်မြတ် က “ဦးဘရန်ရှောင်ဘက်က ရှေ့နေရဲ့ တင်ပြလျှောက်လဲချက်ကို ကိုးကား သုံးသပ်ချက်မရှိဘဲ ပြစ်ဒဏ်ကို ရုတ်တရက်ချလိုက်တဲ့ တရားရုံးရဲ့ တရားစီရင်ဆုံးဖြတ်မှုဟာ စိုးရိမ်စရာပါပဲ။ ဒါအပြင် သာမန် ဒုက္ခသည်တဦးကို ဒီလို စွပ်စွဲပြီး ထောင်ချလိုက်တဲ့ အတွက် ကျနော်တို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဦးဘရန်ရှောင်လို ရိုးရိုးသားသား ဒုက္ခသည်တွေကလည်း ဘယ်နေ့ တို့အလှည့်ရောက်မလဲဆိုပြီး ကြောက်လန့်နေကြမှာပဲ” လို့ ဧရာဝတီကို ပြောပါတယ်။

ဦးဘရန်ရှောင် ကို တရားသူကြီး ဦးမြင့်ထူး က အမိန့်ချပြီးနောက် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပြုဘဲ လုံခြုံရေးရဲများနဲ့ ကားပေါ်တင် ခေါ်ဆောင်သွားပြီး မြစ်ကြီးနားထောင်ကိုလည်း စုံစမ်းကြည့်ရာမှာ ရောက်ရှိလာခြင်းမရှိသေးဘူးလို့ သိရတဲ့အတွက် ခင်ပွန်းဖြစ်သူအတွက် စိတ်ပူပန်နေမိကြောင်း ဒေါ်ဇေညွှယ် က ပြောပါတယ်။

“ကျမယောက်ျားကို လက်လွတ်စပယ် ထောင်ချလိုက်တာထက် အခု ထောင်ချခံလိုက်ရတဲ့ ကျမယောက်ျား သူတို့ကားနဲ့ သယ်သွားပြီးကတည်းက ပျောက်နေတယ်၊ ထောင်ကိုလည်း သွားကြည့်ပြီးပြီ၊ ရောက်မလာဘူး စခန်းတွေလည်း စုံစမ်းပြီးပြီ၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မပြောဘူး၊ စကားလည်း ပေးမပြောဘူး၊ ဒီမှာ ကျမစိတ်ပူလို့ ထမင်းတောင် မစားနိုင်ဘူး” လို့ ဒေါ်ဇေညွှယ်က ပြောပါတယ်။

ဦးဘရန်ရှောင်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းထဲကို ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး စရဖ အဖွဲ့ ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး စရဖ အဖွဲ့မှ ဗိုလ်ကြီး ကျော်စွာလင်း က တရားလိုအဖြစ်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ နှိပ်စက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ပေမယ့် တရားရုံးက ဓာတ်ပုံမှတ်တမ်း ယူခွင့်မပြုခဲ့ဘူးလို့ ဦးဘရန်ရှောင်ရဲ့ ရှေ့နေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကျော်ခ
ဧရာဝတီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com