http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တရားသူကြီး၏ တရားစီရင်မှုမမျှတဟုဆိုကာ ဆန္ဒပြ

မင်းကင်း၊ ဇူလိုင်  ၃၁။
မင်းကင်းမြို့နယ် တရားသူကြီး၏ တရားစီရင်ရေးသည် ပြစ်မှုနှင့် ပြစ်ဒါဏ်မမျှဘဲ ပြစ်ဒါဏ် ပေါ့လွန်းသဖြင့် ဇူလိုင်(၂၇)ရက်နေ့က မင်းကင်းမြို့ပေါ်တွင် ဆန္ဒပြခဲ့ကြကြောင်း အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်မှ သိရသည်။

တင်ဘက်ရွာသားများသည် မင်းကင်းမြို့ပေါ်မှ လူငယ်တစ်ယောက်ကို ရိုက်ခဲ့သည့် အမှုတွင် မြို့နယ်တရားသူကြီးက
ရိုက်သူကို ဒါဏ်ငွေတစ်ထောင်ကျပ် သာ ငွေဒါဏ်ချမှတ်ခဲ့ခြင်းကို မကျေနပ်ကြ၍လည်းကောင်း၊ တုတ်၊ ဓါးလက်နက်များဖြင့် အုပ်စုဖွဲ့လာကြသော တင်ဘက်ရွာသားများသည် မင်းကင်းမြို့ပေါ်ရှိမင်းကျောင်းတော်ကိုခဲများဖြင့် ၀ိုင်းထု အကြမ်းဖက်မှုပြုခဲ့သည့် အမှုတွင်လည်း မြို့နယ် တရားသူကြီးကပြစ်ဒါဏ်အဖြစ် ငွေနှစ်သောင်းကျပ်သာ ဒါဏ်ငွေ ရိုက်ခဲ့ခြင်းတို့ကို မကျေနပ်၍လည်းကောင်း
မင်းကင်းမြို့သူမြို့သားများက မြို့နယ် တရားသူကြီးကို ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“လူတစ်ယောက်ကို ဆေးရုံတင်ရလောက်အောင် ရိုက်ခဲ့တာကို ဒါဏ်ငွေတစ်ထောင်ပဲ ပြစ်ဒါဏ် ပေးတယ်ဆိုတော့
တရားစီရင်ရေးက လုံးဝ အဓိပ္ပါယ်မရှိဘူး။ လူတစ်ယောက်ကိုရိုက်လို့ ငွေတစ်ထောင်ပဲပေးရရင်တော့ဒေသမှာငြိမ်းချမ်းမှုရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းကျောင်းလို သမိုင်းဝင်သာသနိက ဘုန်းကြီးကျောင်းကိုခဲနဲ့ဝိုင်းထုပြီး အကြမ်းဖက်မှု လုပ်တာကို ဒါဏ်ငွေနှစ်သောင်းတဲ့။ ငွေနှစ်သောင်းရှိရင် ဆူပူအကြမ်းဖက်လို့ ရသလိုဖြစ်နေပြီ။ တရားရေးဆိုတာ ငယ်တဲ့အမှုကိုလည်း မကြီးစေရဘူး။ ကြီးတဲ့အမှုကိုလည်း မငယ်စေရဘူး။ အမြဲတမ်းတည့်မတ် မှန်ကန်နေရမှာဗျ။ သက်ဆိုင်ရာက မြို့နယ်တရားသူကြီးကို အရေးယူမှု
မရှိဘူးဆိုရင် ထပ်ပြီးဆန္ဒပြကြဖို့ရှိတယ်”ဟု ဆန္ဒပြပွဲသို့ ရောက်ရှိခဲ့သူ ကိုကျော်သက်ဝင်းက ပြောသည်။

စီတန်းလှည့်လည် ဆန္ဒပြပွဲကို ဇူလိုင်(၂၇)ရက်နေ့ နံနက်(၉)နာရီမှ (၉)နာရီအခွဲအထိ ပြုလုပ်ခဲ့ပြီး ရဲဝန်ထမ်းအင်အား(၃၀)ခန့် ၀ိုင်းရံပေးခဲ့ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com