http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရေငန်ပုစွန် ဖက်စပ်လုပ်ကိုင်ရေး ထိုင်းကမ်းလှမ်း

ရန်ကုန်၊ ဇူလိုင် ၃၀
တရိပ်ရိပ် ကျဆင်းလျက်ရှိသော ရေငန်ပုစွန် မွေးမြူရေးကဏ္ဍတွင် ဖက်စပ် လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစီးပွားရေး ကောင်စစ်ဝန်ရုံး မှတစ်ဆင့် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

Adaman Sea Food ကုမ္ပဏီ၊ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်း နှင့် ထိုင်းနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ သမဝါယမ အသင်းချုပ် (Federation of Shrimp-Farmer Cooperatives of Thailand) တို့ ပူးပေါင်းလုပ်ဆောင်ရန် အကြံပြု ကမ်းလှမ်းထားသည်ဟု ၄င်းက ဆိုသည်။

အကျိုးအမြတ်ကို Adaman Sea Food ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း တို့က ၅၀ ရာခိုင်နှုန်းစီ ရရှိမည်ဖြစ်ပြီး ဈေးကွက်တင်ပို့ပေးသည့် Federation of Shrimp-Farmer Cooperatives of Thailand ကိုမူ မြန်မာဘက်က ရေငန်ပုစွန် တစ်ကီလိုဂရမ်လျှင် ထိုင်းငွေ လေးဘတ်ပေးရန် ကမ်းလှမ်းသည် ဟု ၄င်းကရှင်းပြသည်။

Adaman Sea Food ကုမ္ပဏီသည် ပုစွန်သားပေါက်နှင့် အစာတို့ကို တာဝန်ယူပြီး ထွက်သမျှပုစွန်ကို ပြန်လည် ဝယ်ယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းက မြေနေရာ၊ ပုစွန်ကန်နှင့် အလုပ်သမားခကို တာဝန်ယူ ပေးချေရမည် ဖြစ်ပြီး Federation of Shrimp-Farmer Cooperatives of Thailand ကမူ ဈေးကွက်သို့ ပို့ဆောင်ပေးရမည် ဖြစ်သည်ဟု ဦးဟန်ထွန်းက ရှင်းပြသည်။
"ဟက်တာ ၁၀၀ လောက်ကစပြီး မွေးသင့်တယ်။ သိပ္ပံနည်းကျ မဟုတ်ဘဲ ကန်ကျယ်စနစ်နဲ့ မွေးမယ်လို့ ထိုင်းတွေက ပြောတယ်" ဟု အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

ထိုင်းနိုင်ငံ၏ ပုစွန်မွေးမြူရေး လုပ်ငန်းများတွင် ရောဂါ ကျရောက်ခြင်းနှင့် မြန်မာ့ထွက်ကုန် အဖြစ် တင်ပို့ပါက အထူး အခွန်သက်သာခွင့် ရရှိခြင်းကြောင့် ထိုင်း နိုင်ငံက မြန်မာ့ရေလုပ်ငန်းကို စိတ်ဝင် စားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အားသာချက်များကို အသုံးချမည့်အပြင် အမြတ် ခွဲဝေပြီးမှ ဝန်ဆောင်ခ တစ်ကီလိုဂရမ်လျှင် လေးဘတ် မြန်မာဘက်က ပေးရမည်မှာ ထိုင်းနိုင်ငံက အသားစီး ရယူခြင်းသာ ဖြစ်ကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

"ရှင်းရှင်းပြောရင် ထိုင်းက ကျွန်တော်တို့ကို မျက်စိကျနေတာပါ။ ဒီ့အရင်ကလည်း နိုင်ငံတော်အဆင့် ကော်မတီဖွဲ့ဖို့ လာသေးတယ်။ နိုင်ငံစုံနဲ့ လက်တွဲလုပ်လို့ရတဲ့ အချိန်ရောက်မှ ကော်မတီဖွဲ့ပြီး ချုပ်ကိုင် သလို လုပ်ချင်တာကို မကြိုက်လို့ ငြင်းခဲ့တာပါ" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ထိုင်းနိုင်ငံသည် ၂၀၁၃ နှစ်ပိုင်း အတွင်း အစိုးရချင်း ချိတ်ဆက်မှုဖြင့် မြန်မာ့ ရေလုပ်ငန်းနှင့် ကော်မတီတစ်ရပ်ဖွဲ့ရန် လာရောက် ညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သဘောမတူ သောကြောင့် ပျက်ပြယ်ခဲ့ရသည်။

မြန်မာ့ရေငန်ပုစွန်ကို ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တွင် မွေးမြူလျက်ရှိသည်ဟု ဒေသခံ မွေးမြူရေးလုပ်ငန်းရှင် များကဆိုသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com