http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သူ့အနာဂတ်အတွက် နည်းပြထံမှာဆွေးနွေးတော့မှာဖြစ်သည့် မန်ယူပစ်မှတ် ဖာဘရီဂတ်စ် ၊ အရခေါ်ယူမည်ဟု ကျုံးဝါးနေသည့် မန်ယူနည်းပြ မိုယက်စ်

Written by သန့်ဇော်
မန်ယူအသင်းမှ အလိုရှိနေသော ဆက်စ် ဖာဘရီဂတ်စ်သည် နောက် ၄၈ နာရိအကြာမှာ ဘာစီလိုနာ နည်းပြသစ် ဂီရာဒို မာတီနိုနှင့်တွေ့ဆုံကာ ကမ့်နူးမှာ သူ့အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိနေသည် ။
မန်ချက်စတာ ယူနိုက်တက်ပစ်မှတ်ဟာ သူ့နေရာအတွက် ရှင်းရှင်းလင်းသိရှိချင်နေပြီး နည်းပြ မာတီနိုကတော့ သူ့အား ထိန်းသိမ်းထားဖို့ရှိနေသလို ၊ ဘာစီလိုနာအနေနှင့်လည်း မန်ယူအသင်း၏ ကမ်းလှမ်းချက်များကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုထားပြီးလည်း ဖြစ်သည် ။
ဘာစီလိုနာအသင်း၏ လက်ထောက်ဥက္ကဌဖြစ်သည့် မာရီယာ ဘာတိုမျူးကလည်း “ယူနိုက်တက်အနေနဲ့ ဘယ်လိုပဲ ကမ်းလှမ်းလာပါစေ… ကျွန်တော်တို့က လုံးဝမရောင်းပါဘူး.. ဆက်စ် ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာ ကစားသမားအဖြစ်ပဲ ရှိနေမှာပါ ” လို့ ပြောကြားခဲ့သည် ။
သို့သော်လည်း ဖာဘရီဂတ်စ်ဟာ မန်နေဂျာသစ်ထံသို့သွားကာ ဘာစီလိုနာအသင်း၏ အနာဂတ်အစီအစဉ်မှာ အဓိက ပါဝင်ခြင်း ၊ မပါဝင်ခြင်းတွေကို ဆွေးနွေးပြောဆိုဖို့လည်း ရှိနေသည် ။
ဇူလိုင်လအစောပိုင်းမှာ မန်ယူအသင်းအနေနှင့် သီယာဂို အယ်ကန်တာရာ ကို ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်သို့ ရောက်ရှိသွားသည် ။ ထို့ကြောင့် မိုယက်စ်အနေနှင့် ဖာဘရီဂတ်စ်ကို ဒီနွေရာသီမှာ အရခေါ်ယူဖို့ကြိုးစားနေခြင်းဖြစ်သည် ။
ယူနိုက်တက် ဘော့စ်အနေနှင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဖာဘရီဂတ်စ်ကို အရခေါ်ယူဖို့က မလွယ်ကူကြောင်း ၊ သို့ပေမယ့် အပြောင်းအရွှေ့ တံခါးမပိတ်မှီ ခေါ်ယူမည်ဟု ၀န်ခံပြောကြားခဲ့သည် ။

“ကျွန်တော်တို့အနေနဲ့ အရောင်းအ၀ယ်ကိစ္စအတွက် နောက်ဘာတွေလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချသွားမှာပါ…ဒါပေမယ့် ကျွန်တော်တို့မှာ အကောင်းဆုံးအသင်းတစ်သင်းရှိပြီးသားပါ.. ဒီမှာလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေရှိနေတယ်ဆိုတာ မမေ့ပါနဲ့… သေချာတာကတော့ ကျွန်တော်တို့ သူ့ကိုဝယ်နိုင်မှာပါ.. ကျွန်တော့်မှာလည်း ယုံကြည်ချက်ရှိပါတယ်…အရောင်းအ၀ယ်တံ ခါးမပိတ်ခင်ကာ အထိပေါ့” ဟု မန်ယူနည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။

www.football-cafe.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com