http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နန်းထိုက်တော်ဝင်စားသောက်ဆိုက်ပိုင်ရှင်က unity journal ကိုတရားစွဲရန်ပြင်ဆင်

ရန်ကုန်၊ ဇူလိုင် ၁၉။
ယူနတီဂျာနယ် အတွဲ၂၊ အမှတ်၂ ၇အချပ်ပိုAတွင် ဖော်ပြပါရှိသော “နန်းထိုက်တော်ဝင်ပိုင်ရှင် ဦးအိုက်လင်းအား ကျင့်၅၉အရ ကြိုးတုတ်ဖမ်းဆီးပြီး နီးစပ်ရာရဲစခန်းသို့ပို့မည်”ဟူသော သတင်းနှင့် ပတ်သတ်၍ unity journal နှင့် အဆိုပါသတင်းကို ရေးသားသော သတင်းထောက်ချုပ်ကို ပြန်လည်
ဖြေရှင်းပေးရန် တောင်းဆိုမည်ဖြစ်ပြီး မဖြေရှင်းပေးပါက တည်ဆဲ ဥပဒေအရ အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ကြေညာချက်အရ သိရသည်။

အဆိုပါ ဦးအိုက်လင်း၏ အသိပေး ကြေငြာစာကို မြ၀တီသတင်းစာ၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအိုက်လင်း၏ကြေညာချက်တွင်“ကျွန်တော်ဦးအိုက်လင်းသည် ရဲအရေးပိုင်သော အာမခံပေးခွင့် မရှိသော ပြစ်မှုတစုံတရာကို အများပြည်သူရှေ့မှောက်တွင် ကျုးလွန်နေသူ မဟုတ်သည့်အပြင်
ပြစ်မှုကျုးလွန်ကြောင်း ကြေညာခံ ထားရသူလည်း မဟုတ်ပါသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၉အရ အရပ်သားက ကျွန်တော်ဦးအိုက်လင်းအပေါ် ကြိုးတုတ်ဖမ်းဆီးပိုင်ခွင့် မရှိသည်ကို လူကြီးမင်းတို့ကောင်းစွာ သိရှိမည်ဖြစ်ပါသည်”ဟု ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ “လူကြီမင်းတို့၏ သတင်းဂျာနယ်တွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်ပြီး မမှန်မကန် ရေးသားဖော်ပြခဲ့သည့် ကျွန်တော်ဦးအိုက်လင်း၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်အပြင် ရာဇ၀တ်မကင်းသော ခြောက်လန့်မှုလည်း ဖြစ်စေပါသည်။ထို့ပြင် လူကြီးမင်းတို့၏ သတင်းဂျာနယ်တွင် ယခုဖော်ပြမှုကြောင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့တွင် လူအုပ်စုဖွဲ့ပြီး ဆူပူရမ်းကားမှု အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားမှုဖြစ်ပေါ်စေခဲ့ရပါသည်”ဟု ဖော်ပြပါရှိကြောင်း ဆက်လက် သိရသည်။

Unity Journal မှ ရေးသားထားသော သတင်းစာများတွင် အဆိုပါစကားများသည် ဒီမိုကရေစီရေး
စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုထင်ကျော်က ပြောသည်ဟု ပါရှိကြောင်းလည်း သိရသည်။
မကွေးသား
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com