http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

City Taxi လိုင်စင်ဝင်သူ အမျိုးသမီး ကိုးဦးရှိ

ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော City Taxi ဝင်ရောက်မောင်းနှင်ရန်အတွက် လိုင်စင်လျှောက်ထားသူ အမျိုးသမီး ကိုးဦးအထိ ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် City Taxi မှတ်ပုံတင်လုပ်ငန်း တွဲဖက်လုပ်ကိုင်နေသည့် View Media Service မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် ယခုနှစ်ဧပြီလမှ ဇူလိုင်လအထိ City Taxi လိုင်စင် ဝင်ရောက်သည့်စီးရေ ၂၅၀၀ ကျော်ရှိသည့်အနက် အမျိုးသမီးဦးရေ ကိုးဦးအထိ ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

City Taxi လိုင်စင်ဝင်သူ အမျိုးသမီး အများစုတွင် ယာဉ်ပိုင်ရှင်များလည်း ပါဝင်သော်လည်း ကိုယ်တိုင်မောင်းနှင်မည့်သူမှာ အနည်းအကျဉ်းသာ ရှိကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တွင် အမျိုးသမီး City Taxi ယာဉ်မောင်းသုံးလေးဦးခန့် တွေ့ဖူးပြီး လက်ရှိကားကျပ်သည့် အနေအထားအရ အမျိုးသမီး ယာဉ်မောင်းသူများ အနေနှင့် အခက်အခဲ ဖြစ်နိုင်ကြောင်း ဆူးလေဘုရားအနီးတွင် ဂိတ်ထိုး၍ Taxi မောင်းနှင်သူ ဦးရန်အောင်က ပြောကြားသည်။

“စင်ကာပူမှာဆိုရင် အမျိုးသမီးတွေက Taxi မပြောနဲ့ ဘတ်စ်ကားတောင် မောင်းတာ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော်တွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း City Taxi လိုင်စင် ဝင်ရောက်သူ ၂၅,၀၀၀ ကျော်ရှိပြီး အမျိုးသမီး လိုင်စင်ဝင်သူ ၆၄ ဦးအထိ ရှိကြောင်း View Media Service ၏ စာရင်းများအရ သိရသည်။
ကောင်းဆက်နိုင်
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com