http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကသည်းလက်နက်ကိုင်အဖွဲ့က ဆက်ကြေးတောင်း၍ နန့်ဖာလုံဈေးကိုပိတ်ပြီးဆန္ဒပြ

တမူး၊ ဇူလိုင် ၆။
မြန်မာ – အိန္ဒိယနယ်စပ်မြို့ ဖြစ်သည့် တမူးမြို့၊ နန့်ဖာလုံဈေးတွင် အိန္ဒိယဘက်၊ မိုးရေးမြို့မှ
ဈေးလာဝယ်သည့်ကုန်သည်များကို ကသည်းလက်နက်ကိုအဖွဲ့က ဆက်ကြေး တောင်းနေခြင်းကြောင့် နန့်ဖာလုံဈေးကို ဇူလိုင်(၅)ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်၍ဆန္ဒပြကြောင်း သိရသည်။

“တနေ့က မိုးရေးကနေ ဈေးလာဝယ်တဲ့ ကုန်သည် တစ်ယောက်ဆီကနေ KCP ကသည်း လက်နက်ကိုင်အဖွဲ့သား တစ်ဦးက အိန္ဒိယငွေ နှစ်သိန်းတောင်းတယ်။ နှစ်သိန်း မတတ်နိုင်လို့ ညှိတော့ ငါးသောင်းနှင့် ပြတ်သွားတယ်။ ဇွန်(၅)ရက်နေ့ နေ့လည်တစ်နာရီမှာ နန့်ဖာလုံဈေးတ၀ိုက် အတွင်းမှာရှိတဲ့ အိမ်တစ်အိမ်မှာ အဲဒီ အိန္ဒိယငွေ ငါးသောင်းလာပေးဖို့ ဖုန်းပြောပြီး ချိန်းတယ်။ ဒါပေမယ့် ဈေးသူဈေးသားတွေ သိသွားတော့ အဲဒီ ကသည်းသူပုန်က ထွက်ပြေး သွားတယ်။ တမူးမြို့က ခရိုင်ထွေအုပ်နဲ့ မြို့နယ်ထွေအုပ် ၊ ဌာနဆိုင်ရာတွေက တာဝန်ယူပေးမယ်လို့ ပြောပေမယ့် အခုထိတော့ ဘာမှမထူးသေးဘူး။ ဈေးကိုတော့ ဇွန်(၅)က်နေ့ကစပြီး ပိတ်ထားကြပြီ။ အိန္ဒိယဘက်က  မိုးရေးဈေးလည်း ဒီနေ့ကစပြီး ပိတ်ထားလိုက်ပါပြီ။ ငါးရက်အတွင်းမှာ အုပ်ချုပ်ရေးဘက်က ဘာတစ်ခုမှ တာဝန်ယူ ဖြေရှင်းပေးမှုမရှိရင် ဆက်လက် ဆန္ဒပြဖို့ရှိတယ်”ဟု နန့်ဖာလုံဈေးသည် တစ်ဦးက ပြောကြားသည်။

ကသည်းလက်နက်ကိုင် အဖွဲ့များက ဆက်ကြေးတောင်းနေသဖြင့် အိန္ဒိယဘက်မှ ကုန်သည်များ နန့်ဖာလုံဈေးတွင် ဈေးလာမ၀ယ်ခြင်းကြောင့် လက်လီရော လက်ကားပါ ရောင်းအား မရှိတော့ကြောင်း ၊ မြန်မာနိုင်ငံ နယ်နိမိတ်ထဲတွင် ကသည်းလက်နက်ကိုင် အဖွဲ့များမရှိဟု မြန်မာအစိုးရဘက်က ပြောထားသည်မှာ မမှန်ကန်ကြောင်း၊ နယ်ခံများ အနေဖြင့် ကသည်းလက်နက်ကိုင်ရှိသည့် နေရာများကို ပြောပြနိုင်ကြောင်း နန့်ဖာလုံဈေးတွင် ဈေးရောင်းနေသည့် တမူးမြို့ခံတစ်ဦးက ပြောသည်။

တမူးခရိုင် ထွေအုပ်ရုံး၊ မြို့နယ်ထွေအုပ်ရုံးများသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး ပြုလုပ်နေသောကြောင့်ဟု လည်းကောင်း၊ ထပ်မံ ဆက်သွယ်သော်လည်း အုပ်ချုပ်ရေးမှူး မရှိကြောင်းသာ ဖြေကြားသည်။ ယင်း ကသည်းလက်နှက်ကိုင် အဖွဲ့အစည်းကိစ္စနှင့် ပတ်သက်၍ ဌာနဆိုင်ရာများမှ ထုတ်ဖော်ဖြေကြားလေ့ မရှိကြောင်း သိရသည်။
ကျော်သူစိုး (ကလေးမြို့)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com