http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျေးရွာဓာတ်မှန်စက် နှင့် အတွင်းရေးမှူးစားရိတ် ကောက်ခံရေး လယ်သမားများ အချင်းချင်းအငြင်းပွား

ရန်ကုန်၊ ဇူလိုင် ၆။
ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာတွင် ချေးငွေဘဏ်မှရရှိမည့် စိုက်ပျိုးစားရိတ်ချေးငွေမှ
ဓာတ်မှန်ခန်းနှင့် အတွင်းရေးမှူး စားရိတ်အတွက် ကောက်ခံမှုတွင် လယ်သမားများ အချင်းချင်း အငြင်းပွားမှုများ ဖြစ်နေကြကြောင်း ယင်းလယ်သမားများထံမှ သိရသည်။

စိုက်ဘဏ်မှ တစ်ဧကလျှင် တစ်သိန်နှုန်း ချေးငွေရရှိကြမည့် ရွှေလောင်းကျေးရွာရှိ လယ်သမားများက
စုံညီအစည်းအဝေးတွင် ကျေးရွာဆေးခန်းရှိ ဓာတ်မှန်ခန်းအတွက် ငါးဧကအောက်ရှိ လယ်သမားများက ၃၀၀၀ကျပ်နှင့် ငါးဧကအထက် လယ်သမားများက ၅၀၀၀ကျပ် သတ်မှတ်သည့်အပြင် အတွင်းရေးမှူးအတွက် စားရိတ်၂၀၀၀ကျပ် အဖြစ် သတ်မှတ်ရာတွင် လယ်သမားအချင်းချင်း သဘောမတူညီသူများ ရှိနေကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာအတွက် လုပ်တာပဲ။ ကျွန်တော်တို့ လယ်သမားတွေက လုပ်တာပါ။
ဘယ်အုပ်ချုပ်ရေးမှူးကမှ ခိုင်းတာမဟုတ်ပါဘူး။ မထည့်ချင်တဲ့သူတွေ မထည့်ကြနဲ့ပေါ့။ ဘယ်သူကို ဘယ်လောက်ထည့်ရမယ် လို့မပြောထားဘူး”ဟု လယ်သမားတစ်ဦးဖြစ်သူ ဦးဖေကြိုင်က ပြောကြားသည်။

ဓာတ်မှန်ခန်းနှင့် ပတ်သက်၍ ခွဲငွေသည် လယ်သမားများ အနေဖြင့် ကျေးရွာကျန်းမာရေးအတွက်
ထည့်သင့်ကြောင်း ယခင်ကဆိုလျှင် ဝါးခယ်မမြို့နှင့် ရန်ကုန်တို့တွင် လာရောက်၍ ဆေးကုသမှု
ခံယူကြရကြောင်း၊ ကျေးရွာတွင် ရှိပါက ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် ရောဂါအခြေခံကို
သိရှိ၍ လွယ်ကူစွာ ဆေးကုသမှု ခံယူနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ လယ်သမား အများစုက ခက်တယ်ဗျ။ နောက်ကွယ်ကြမှ လက်သီးပြတဲ့ လူမျိုးလိုပဲ။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ကြောက်နေကြတယ်။ နောက်ပြီး ဘယ်လောက် ထည့်ရမယ်ဆိုတာ မပြောထားရင် အလှူခံပုံးနဲ့ လုပ်ပါလား”ဟု လယ်သမား ဦးသန်းဝင်းက ပြောကြားသည်။

ကျေးရွာမှ ဓာတ်မှန်ခန်းအတွက် ကျေးရွာရှိငွေကြေး ပြည့်စုံသူများထံမှ ကောက်ခံမှုများ လုပ်ဆောင်သည့်အပြင် ရန်ကုန်ရှိ ရွှေလောင်းသားများ ထံမှလည်း ကောက်ခံမှုများကို ပြုလုပ်ပြီးဖြစ်ကြောင်းနှင့် လယ်သမားများ အနေဖြင့် ဘဏ်ချေးငွေ ရရှိရန် ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ အတွင်ရေးမှူးများ၏ လက်မှတ်များ လိုအပ်သောကြောင့် လယ်သမားများ အနေဖြင့် အုပ်ချုပ်ရေးမှူးများကို
 ကြောက်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးအပိုင်းကနေပြီး ဒီလိုလုပ်တာ မရှိပါဘူး။ အားလုံးက လယ်သမားတွေကပဲ သူတို့ပါသာ စီစဉ် ဆောင်ရွက်ကြတာပါ”ဟု ရွှေလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းက
ပြောကြားသည်။

ရွှေလောင်းကျေးရွာတွင် လယ်ယာစိုက်ဘဏ်မှ စာရင်းပေးသွင်ထားသူလယ်သမား ၂၆၀ခန့်ရှိပြီး
နောက်တိုးအနေဖြင့် စိုက်ဘဏ်မှ ဘဏ်စာရင်းစာအုပ်လုပ်ပါက တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေးဆောင်ရကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com