http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခေတ်မမှီတာ့သည့် မြန်မာကုမ္ပဏီအက်ဥပဒေကို ပြင်ဆင်ရေးဆွဲမည်၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းကိုလည်း Online စနစ်သို့ ပြောင်းလဲမည်ဟု သိရ


Tuesday, 05 March 2013
သက်တမ်း ၁ဝဝ နီးပါး ရှိနေပြီဖြစ်ပြီး ခေတ်ကာလဖြင့်ကိုက်ညီမှုမရှိတော့သည့်မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။၎င်းအပြင် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း လက်ရှိစနစ်မှ Online စနစ်သို့ ပြောင်းလဲသွားရန် စီစဉ်နေသည်ဟု သိရသည်။

မြန်မာကုမ္ပဏီ အက်ဥပဒေ (The Burma Companies Act ) မှာ ၁၉၁၄ ခုနှစ်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေနှင့် လျော်ညီမှု မရှိတော့သည့်အတွက် ပြန်လည်ပြင်ဆင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ကုမ္ပဏီများနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးမှု ပြုနေရသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ အက်ဥပဒေ (The Burma Companies Act )နှင့် မြန်မာကုမ္ပဏီ နည်းဥပဒေ၊ ၁၉၅၇ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ လုပ်ထုံး လုပ်နည်း(Myanmar Companies Regulation)နှင့် Myanmar Companies Schedules တို့ဖြစ်သည်။

မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရာတွင် Asia Development Bank မှ အကူအညီများ ပေးသွားမည် ဖြစ်ကြောင်းကို ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပင် ''ကျွန်တော်တို့ဆီမှာ မြန်မာကုမ္ပဏီအက်က ၁၉၁၄ ခုနှစ်ကတည်းက ရေးဆွဲထားတာဆိုတော့ နှစ်ပေါင်း ၁ဝဝ နီးပါးလောက် ဖြစ်နေတယ်။ သိပ်ပြီး မကိုက်ညီတော့တဲ့အတွက်ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေတယ်။ ဒါကိုလည်း ADB ဘဏ်က ကူညီပေးမယ်လို့ ပြောပါတယ်''ဟု ပြောသည်။

ကုမ္ပဏီမှတ်ပုံတင်ခြင်းအား online စနစ်သို့ ပြောင်းလဲမည့်အပေါ် ၎င်းကပင် ''ADB က လာတဲ့ အခါမှာ မြန်မာမှာ ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးတယ်လို့ ပြောကြတယ်။ အဲဒီအတွက် Online စနစ်ကို ပြောင်းလိုက်မယ်ဆိုရင် ကိုယ့်ရုံးခန်း၊ ကိုယ့်အိမ်ကနေ မှတ်ပုံ တင်နိုင်ပြီ၊ နောက် သက်တမ်းတိုးနိုင်ပြီ။ ဒါပေမယ့် အဲဒီလိုလုပ်ရင် တရားရုံးလို နေရာမှာကျတော့ ခိုင်မာမှုပြဖို့ခက်ပြီ။ ဒါကလည်း လက်ရှိ ကုမ္ပဏီအက်ဥပဒေမှာကို ပြင်ဆင်မှ လုပ်လို့ရမှာ။ အဲဒီအတွက် ကုမ္ပဏီအက်ဥပဒေကိုလည်း ပြင်မယ်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုးတာ ကိုလည်း Online စနစ်ကို သွားမယ်။ အဲဒါတွေအားလုံး လုပ်ဖို့အတွက် ADB ဘဏ်က ကူညီမယ်။ လောလော
ဆယ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲစပြီး ကူညီပေးမယ်'' ဟု ပြောခဲ့သည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com