http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၁၄ရက်အတွင်းမဖယ်ပါက အင်အားသုံးဖယ်ရှားခံရမည့်နေအိမ် ရန်ကင်းတွင်ရှိနေ

ရန်ကုန်၊ မတ် ၂၅။
ရန်ကင်းမြို့နယ် ကံဘဲ့ဘူတာရုံလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ထမ်းအိမ်ယာ နောက်ကျော ကပ်လျက်တွင် နေအိမ်(၁၁)လုံး ရှိနေသော်လည်း အိမ်အမှတ်(၁၁၅၃) တစ်လုံးတည်းကိုသာ ၁၄ရက်အတွင်းဖယ်ရှားပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာအား ရပ်ကွက်တာဝန်ရှိသူများက လာကပ်သွားကြောင်း အိမ်ပိုင်ရှင် မိသားစုများက ပြောကြသည်။

'၎င်းမြေနေရာသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပိုင် ဝန်ထမ်းအိမ်ယာ မြေနေယာဖြစ်၍ ယခုအကြောင်းကြား (Notice)စာ ကပ်ပြီးချိန်/ ရရှိချိန်(၂၂.၃.၂၀၁၃) ရက်နေ့မှစ၍ ရက်ပေါင်း ၁၄ရက်အတွင်း ဖယ်ရှားထွက်ခွါသွားကြရန် အကြောင်းကြားအပ်ပါသည်။ သတ်မှတ်ရက်အတွင်းဖယ်ရှား ထွက်ခွါသွားခြင်း မပြုပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ သုံး ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။' ဟူ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၏ လက်မှတ်ထိုးဖြင့် အကြောင်းကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေရာက ကျွန်မတို့နေလာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်သွားပါပြီ ကျွန်မအဖေကို တပ်မတော် ထောက်လှမ်းရေးက ချထားပေးခဲ့တာပါ။ ခုလိုကြီး ရုတ်ရက်ပြောင်းခိုင်းတော့ကျွန်မတို့ အရမ်းနစ်နာပါတယ်။ ဟိုတယ်ခရီးသွားက တစ်ကယ်ပိုင်တယ် ဆိုရင်လည်း မြေနေရာအစား ဒါမှမဟုတ် နစ်နာကြေးလေးတော့ ပေးသင့်ပါတယ်” ဟု မဖြိုးမာလာကပြောကြားသည်။

ယင်းသို့ မြို့၊ရွာ မြေယာကိစ္စများအား အုပ်ချုပ်ရေးမှူးများကစီမံနိုင်သော မြို့ပြနှင့်ကျေးရွာများ အက်ဥပဒေသည် ၁၉၀၈ခုနှစ်ခန့် အင်္ဂလိပ် လက်ထက်ကပင် ရေးဆွဲခဲ့သော ဥပဒေဖြစ်
ပြီး လက်ရှိခေတ်နှင့် မလျော်ညီသောဥပဒေ ဖြစ်နေသောကြောင့်ပြင်ဆင်ရန် တရားလွှတ်တော်ရှေ့နေများက လွှတ်တော်သို့ တင် သွင်းထားကြောင်း လည်း တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ရှိန်က ပြောကြားသည်။

လက်ရှိ အိမ်ပိုင်ရှင်များသည် အဆိုပါ မြေနေယာပေါ်တွင် ၁၉၉၂ခုနှစ်မှ စတင်နေထိုင်ခဲ့ကြပြီး ၂၀၀၃ခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တရားစွဲဆိုမှုများ ရှိခဲ့ကြောင်း၊ ယခု အခါ ကြေညာစာကပ်၍ ဖယ်ခိုင်းနေသောကြောင့် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ ဌာနများသို့ အသနားခံစာ ပေးပို့ထားကြောင်း သိရသည်။
အောင်သိုက်
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com