http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘုရား(၅)ဆူမှ ပုဂံနေ၀င်ချိန်ကြည့်ရှုနိုင်ရန်အတွက် ခံဝန်ကတိလိုအပ်နေ

8 Mar, 2013 နိုင်ငံခြားသားများအပါအ၀င် ပြည်တွင်းခရီးသွားများ ပုဂံဒေသမှ နေ၀င်ချိန်ကြည့်ရှုနိုင်ရန်အတွက် ဘုရားငါးဆူကို ပြန်လည် ဖွင့်လှစ်ပေးရန် ရည်ရွယ်ထားပြီး သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာပါကပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနပုဂံဌာနခွဲမှ သိရသည်။ လက်ရှိတွင်ပြန်ဖွင့်ပေးရန် ရည်ရွယ်နေသည့် ဘုရားများမှာ သစ္စာဝတီ ၊တောင်ဂူနီ၊မြောက်ဂူနီ၊သိကြားဟစ်၊ ရွာဟောင်းကြီးစေတီများဖြစ်သည်။

“တောင်းဆိုတဲ့ အဖွဲ့အစည်းက ဧည့်လမ်းညွှန်အသင်းပေါ့။ ဧည့်လမ်းညွှန်အသင်းက ဒီဘုရားလေးတွေကိုပြန်ဖွင့်ပေးပါလို့   တောင်းဆိုတယ်။ တောင်းဆိုတော့ဝန်ကြီးဌာနဘက်ကနေပြီးတော့ ဒါဆိုရင် ဧည့်လမ်းညွှန်အသင်းဘက်ကနေပြီးတော့ လိုက်နာရမဲ့ စည်းကမ်းတွေ ရှိတယ်။ ဒီစည်းကမ်းဒီစည်းကမ်းတွေကိုတော့ လိုက်နာပါ။သူတို့လိုက်နာနိုင်မယ်ဆိုရင်တော့ ဒါတွေကိုပြန်ဖွင့်ပေးမဲ့ အစီအစဉ်ရှိတယ်။”ဟု ရှေးဟောင်းယဉ်ကျေးမှုဌာန ပုဂံဌာနခွဲမှညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနမှစေတီများအားပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အတွက် စည်းကမ်းချက်များ သတ်မှတ်ထားပြီး ဧည့်လမ်းညွှန်အသင်းမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များအား လိုက်နာပါမည်ဟု အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

“စည်းကမ်းတွေကိုတော့ လိုက်နာပေးရမှာပေါ့။ သူတို့ဘက်ကနေပြီးတော့ဒီစည်းကမ်းတွေကို လိုက်နာပေးပါမယ်ဆိုပြီးတော့ ကတိခံဝန်ချက်ရပြီဆိုရင် တော့ပြန်ဖွင့်ပေးမှာပါ။ အခုထိတော့ သူတို့ဘက်က အဲ့လိုတုံ့ပြန်တာ မရှိသေးဘူး။ စည်းကမ်းချက်တွေ ကိုတော့ ရှင်းပြထားခဲ့ပြီးပါပြီ။ အခုလောလောဆယ် စဉ်းစားထာတာကတော့ သစ္စာဝတီ၊တောင်ဂူနီ၊မြောက်ဂူနီ၊သိကြားဟစ်၊ ရွာဟောင်း ကြီး။ သူတို့က လိုက်နာမယ်ဆိုရင် ဒီဘုရားတွေကပြန် ဖွင့်ပေးလို့ ရပါတယ်။ သူတို့ဘက်က ဟုတ်ပါပြီ ဒီစည်းကမ်းတွေ ကို ကျွန်တော်တို့ အဖွဲ့အစည်းအနေပြီးတော့ လိုက်နာဆောင်ရွက်ပါ့မယ်ဆိုတာကပြန်ပြီး မတင်ပြသေးဘူး။တင်ပြတယ် ဆိုရင်တော့ပြန်ပြီးတော့ ဖွင့်မှာပေါ့။”ဟု ဦးနိုင်ဝင်းကပြောသည်။

ဧည့်လမ်းညွှန်အသင်းအနေဖြင့် ထုတ်ပြန်ထားသောအချက်များအားလိုက်နာနိုင်ရန် အတွက်အခက်အခဲများရှိနေပြီး အားလုံးပူးပေါင်းလက်တွဲလုပ်ဆောင်သင့်ကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဌက ဆိုသည်။

“သတ်မှတ်ထားတဲ့ဘုရားတွေမှာ လုံခြုံရေး၊ကြံ့ခိုင်မှု၊နံရံဆေးရေးပန်းချီလိုဟာမျိုးတွေပေါ့ မပျက်စီးရေးတို့ ၊ဈေးသည်တွေ လည်းရောင်းချမှုမပြုလုပ်ရေး၊ကားတွေ ရပ်ရင်လည်းဝေးဝေးမှာ ရပ်ဖို့ အဲ့ကိစ္စတွေကလည်း ပါတယ်။ မအားကြတာလည်း ပါတာပေါ့။ထိန်းသိမ်းမှုမျိုးတွေလုပ်နိုင်ဖို့ဆိုတာအခက်အခဲတွေရှိတယ်။ တချို့ကိစ္စတွေမှာ ဧည့်လမ်းညွှန်အသင်းက တာဝန် ယူဖို့ဆိုတာ အခက်အခဲ တွေ ရှိတယ်လေ။ ကျွန်တော်တို့နဲ့ဆိုင်တဲ့ကိစ္စတွေရှိသလိုမဆိုင်တဲ့ ကိစ္စတွေလည်း ရှိတယ်။”ဟု ပုဂံဧည့်လမ်းညွှန် ဥက္ကဌဦးဇော်ဝင်းချိုကပြောသည်။

ယခုလိုနေ၀င်ချိန်ကြည့်ရှုရန် ဘုရားငါးဆူဖွင့်ပေးမည့်ကိစ္စအပေါ် အားလုံး ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး NGOအဖွဲ့တစ်ခု ဖွဲ့စည်းသင့်ကြောင်း ဦးဇော်ဝင်းချိုမှ အကြံပြုပြောသည်။

“ဖွင့်ပေးမယ်ဆိုရင်တော့ လုပ်ပေးချင်တဲ့ဆန္ဒရှိတာပေါ့။ ဖွင့်ပေးမယ် ဆိုရင်ရှေးဟောင်းက စဖွင့်ပေး။ ဖွင့်ပေးရင်းနဲ့ ကျန်တဲ့အဖွဲ့တွေနဲ့လက်တွဲ ပြီးတော့ လိုအပ်တာတွေကို လုပ်ရမှာပေါ့။ အားလုံးအဆင်သင့်ဖြစ်မှဖွင့်မယ်ဆိုရင် ကြာနေမှာပေါ့။ ဒါတွေလုပ်ဖို့အဖွဲ့ လေးတစ်ဖွဲ့ဖွဲ့သင့်တယ်။NGO လိုအဖွဲ့ မျိုးပေါ့။ အဲ့လိုလုပ်ဆောင်မှဖြစ်မှာလေ။ ကျွန်တော်တို့နဲ့ဆွေးနွေး တာတွေ ညှိနှိုင်းတာတွေ လုပ်မှာပါ။”ဟု ပုဂံဧည့်လမ်းညွှန်ဥက္ကဌ ဦးဇော်ဝင်းချိုကပြောသည်။

ပုဂံညောင်ဦးဒေသတွင် ရှေးဟောင်းနံရံဆေးရေး ပန်းချီများ၊ ညနေ နေ၀င်ချိန်ဆည်းဆာ ကြည့်ရှုခြင်းများနှင့်   နိုင်ငံခြားသား များအား ဆွဲဆောင်သောအရာများဖြစ်ပြီး ယခုလက်ရှိတွင် နေ၀င်ချိန်ကြည့်ရှုနိုင်သော ဘုရားနှစ်ဆူသာရှိ၍ ယင်း ဘုရားနှစ်ဆူမှာ ရွှေဆံတော်ဘုရားနှင့် ပြသာဒ်ကြီး ဘုရားနှစ်ဆူဖြစ်သည်။

နိုင်ငံခြားသားများ လာရောက်လည်ပတ်မှုများသောလများ၌ နေ၀င်ချိန်ကြည့်ရှုသူဦးရေ တစ်ထောင်ကျော် ရှိကြောင်းကိုလည်း သိရသည်။
ထက်အောင်ခန့်(မြစ်မခ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com