http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နှစ်ကျပ်ခွဲရွာဒီချုပ်ရုံး ဖျက်ဆီးသွားသူများကို တရားစွဲဆိုသွားမည်ဟု သိရ

6 Mar, 2013
ကျောက်ပန်းတောင်းမြို့နယ်နှစ်ကျပ်ခွဲကျေးရွာမီးလင်းရေးကိစ္စ ရဲနှင့်ကျေးရွာသား ပဋိပက္ခကြောင့် နှစ်ကျပ်ခွဲကျေးရွာမှ ဒီချုပ်ရုံး ပျက်စီးမှုနှင့်ပတ်သက်၍  စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်မှတိုင်ကြားထားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ နှစ်ကျပ်ခွဲကျေးရွာမီးလင်းရေးအတွက် ဖေဖော်ဝါရီလ (၂၄)ရက် နေက ရဲနှင့်ကျေးရွာနေပြည်သူများ ပဋိပက္ခကြောင့်  ကျေးရွာတွင်ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ရုံး ပျက်စီးသွားခြင်းဖြစ်သည်။

“သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊မြို့နယ်ရဲမှူးရယ်ကိုစုံစမ်းဖော်ထုတ် အရေးယူပေးဖို့ စာတင်ထားပါတယ်။ မီးလင်းရေးကိစ္စဆောင်ရွက်တဲ့အခါမှာ ရုန်ရင်းဆန်ခတ်တွေဖြစ်တယ်။ခဲတွေနဲ့ထုတယ်၊ ရဲတွေက၀င်ရိုက်တယ်လည်းပြော တယ်။နောက်ဆုံးတော့ NLDရုံးပျက်သွားတယ်။ NLDက ဘယ်ဘက်ကမှမပါပဲနဲ့ဘာကြောင့်NLDရုံး ပျက်သွားတာလည်း။ ဒါတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးပါ။”ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

၎င်းအနေဖြင့် မတ်လ(၄)ရက်နေ့က ဖော်ထုတ်အရေးယူပေးရန် စာတင်ထားခြင်းဖြစ်ပြီး တရားဝင်ပါတီ၏ရပ်တည်မှုလုံခြုံမှုမှာ အုပ်ချုပ်မှုရေးအဖွဲ့အစည်းများတာဝန်ရှိသည့် အတွက် ယခုဖျက်စီးမှုအပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ စာတင်ခဲ့ခြင်းဖြစ်သည်။

“ရုံးကို ဖျက်လိုက်တာကိုမြင်တဲ့သူတွေ ရှိတယ်။ သက်ဆိုင်ရာဖျက်ဆီးသွားတယ်လို့ လည်းပြောတဲ့သူတွေလည်း ရှိတယ် ။ဒါဆိုရင်ကျွန်တော်တို့က တရားဝင် ပါတီဖြစ်တယ်။ကော်မရှင်ကို တင်ထားတာ။ လွှတ်တော်ထဲရောက်နေတဲ့ ပါတီ လည်းဖြစ်တယ် ။ တရားဝင်ပါတီတစ်ခုရဲ့ ရပ်တည်မှု၊လုံခြုံမှုကိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အကာအကွယ်ပေးရမယ်။ ဒါကြီးဖျက်သွားတာ တာဝန်ရှိတယ်။ ဒါကိုဖော်ထုတ် စစ်ဆေးအရေးယူပေးဖို့ပြောတာပါ ။ အလံတွေဖြုတ်ချတယ် ဆိုတာကစော်ကားတာပါ။”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

ကျေးရွာမီးလင်းရေးကိစ္စဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်ပါကယခုလို ပဋိပက္ခမဖြစ်ပွားပဲ ယခုလိုပြုလုပ်ခြင်းမှာ ဥပဒေဘောင်အပြင်ဘက်မှပြုလုပ် သွားခြင်းဖြစ်ပြီးNLD ရုံးအားဖျက်ဆီးသွားသူများကို တရားစွဲဆို သွားမည်ဟု ၄င်းကဆက်ပြောသည်။

“ ဘုန်းကြီးဦးကောသလ္လက လျှပ်စစ်ဥပဒေကို ချိုးဖောက်ရင် လျှပ်စစ်ဥပဒေအတိုင်း အရေးယူပေါ့။ ဒီဘက်ကလွန်တယ်ဆိုရင် တရားစွဲပေါ့ဗျာ။ ညှိပြီးလုပ်ရမဲ့အလုပ် တစ်ခုမှာ ကျွန်တော့်အမြင်ကတော့ ဥပဒေဘောင် အပြင်ဘက်ကနေ လုပ်သွားတာ။ ညှိပြီးလုပ်မယ်ဆို ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ တရားလည်း စွဲအုံးမှာပါ။

အချက် အလက်ရပြီဆိုရင် ကျွန်တော်တို့ ဘယ်သူ့ကိုဖြစ်ဖြစ်တရားစွဲမယ်။အဲ့လို ဖျက်ဆီးတာက သတ်သတ်မဲ့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့တည်ရှိမှုကိုစော်ကားတာပဲ။”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ကျေးရွာမီးလင်းရေးကိစ္စပဋိပက္ခဖြစ်ပွားမှုကြောင့်ရွာသား(၄)ဦးဒဏ်ရာရရှိခဲ့ပြီးကျေးရွာ NLDရုံးအဖျက်ဆီးခံရကာ ရွာသား(၅)ဦးနှင့်နှစ်ကျပ်ခွဲကျေးရွာထီးတော် လှုပ်ဘုန်းကြီးကျောင်းမှကျောင်းထိုင်ဆရာတော် ဦးကောသလ္လတို့မှာဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းကိုလည်း သိရသည်။

ပဋိပက္ခကြောင့်ဒဏ်ရာရရှိသူ(၄)ဦးတွင်(၃)ဦးမှာဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ပြီး ဆေးရုံမှပြန်ဆင်းလာသည့်အခါတွင် ဖမ်းဆီးရန် အတွက်ရဲများမှစောင့်နေကြပြီး ယခုအခါတွင်၎င်းတို့(၃)ဦး အဖမ်းဆီးမခံရရေးအတွက်ညှိနှိုင်းဆောင်ရွက်နေမှု များပြုလုပ်လျက်ရှိကြောင်းဒေသခံများထံက သိရသည်။
ထက်အောင်ခန့် (မြစ်မခ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com