ဒါရိုက်တာ ကျော်ဇရိုက်ကူးနေတဲ့ "ဗန္ဓာရ" ဇာတ်ကားကို သဉ္ဇာနွယ်ဝင်းက မြတ်ကေသီအောင်၊ စွမ်း၊ စည်ဖြိုးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းကားရိုက်တွေ များလာတဲ့အတွက် အရင်ကထက်ပိုပြီး အနုပညာအလုပ် လုပ်ရတာအဆင်ပြေလာပြီး ကားရိုက်တဲ့အခါမှာလည်း ဇာတ်ကားတွေကို သေသေချာချာလေးကြိုးစားပြီး ရွေးချယ် ရိုက်ကူးဖြစ်တယ်လို့ ပြောပြပါတယ်။
" အခုနောက်ပိုင်းရိုက်တဲ့ ဇာတ်ကားတွေက ဟိုအရင်ကရိုက်ကူး ထားတဲ့ ကားတွေ ထက်စာရင် ပိုပြီးအဆင်ပြေတယ်လို့ ပရိသတ်တွေက လည်း ပြောကြတယ်။ ဒီထက်ပိုပြီး တော့ကောင်းအောင်နောက်ပိုင်း မှာလည်း ဇာတ်လမ်းနဲ့ဇာတ်ရုပ်လိုက်တဲ့ဖက်ရှင်တွေကို ပိုပြီးရွေးချယ်တတ်အောင် သဉ္ဇာကြိုးစားဖြစ်တယ်" လို့ နောက်ပိုင်း ပြောင်း လဲမှုတွေနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက ပြောပြပါ တယ်။
သဉ္ဇာနွယ်ဝင်းက အခု အချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေပြီးကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ အချစ်အကြောင်းတွေကို မစဉ်းစားဖြစ်သေးသလို ချစ်သူရည်းစားထားဖို့ထက်အနုပညာအလုပ်ကို အဓိကဦးစား ပေးဖြစ်နေတယ်လို့ ဆိုလာပါတယ်။
" သဉ္ဇာက အခုလောလောဆယ်မှာ ချစ်သူရည်းစားမရှိဘူး။ ရည်းစားထားလို့ရှိရင် ဒီအနုပညာအလုပ်မှာ နည်းနည်းလျော့သွားမှာလည်း စိုးတယ်။ ပြီးတော့ တစ်ယောက်ယောက်ကိုစိတ်ထဲမှာ ရှိနေရင်လည်းအနုပညာအလုပ်တွေ ကိုယ့်ဆီကို သိပ်မလာဘူးလို့ စိတ်ထဲမှာထင်မိတယ်။ အဲဒါကြောင့် ရည်းစားမထား ဖြစ်ဘူး။ သဉ္ဇာက တကယ့်ဘဝရဲ့ လက်တွဲဖော်ကိုတော့ အသက် ၃ဝလောက်ဆိုရင်တော့ အိမ်ထောင်ပြုသင့်ပြီလို့ထင်တယ်။ တကယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်ဖြစ်ရင်လည်း အဓိကက ယောက်ျားပီသရမယ်။ အားလုံးကလည်း သူ့ကိုလေးစားရတဲ့သူ တစ်ယောက်၊ လူတော်တစ်ယောက်ဖြစ်ရမယ်။
ကိုယ့်ကိုလည်းချစ်ရမယ်။ အဲဒီလိုလူမျိုးကို ရွေးချယ်ဖြစ်မှာပါ။ သဉ္ဇာက အဓိကသဉ္ဇာကို အထူးတလည်နားလည်မှု ပေးစရာမလိုပါဘူးလို့ထင်တယ်။ သဉ္ဇာမှာ တခြားရှင်းပြစရာကိစ္စတွေလည်းမရှိတော့ ကိုယ်ကသူ့ကို စိတ်တွေ ပူပြီးတော့ ဂျေဝင်တာကိုပဲ သူကနားလည်မှုပေးဖို့ပဲလိုတယ်။ အဲဒီလိုမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ" လို့ ချစ်သူမထားဖြစ်ခြင်းအကြောင်းကို သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။
လွင်လွင်ထွန်း
Popular Journal
အချစ်ရေးထက်အနုပညာရေးကိုပဲ ဦးစားပေးသူ သဉ္ဇာနွယ်ဝင်း
Labels:
အနုပညာသတင်း