http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လုံးခင်းနှင့် ကန်စီး စစ်ဘေးရှောင် စခန်းများအတွက် ထောက်ပံ့ပစ္စည်းလိုအပ်လျက်ရှိနေ

9 Mar, 2013
ကချင်ပြည်နယ် လုံးခင်းမြို့မှ ဆယ်မိုင်ခန့်ကွာဝေးသည့် ကန်စီးရွာတွင် ကချင်စစ်ဘေးရှောင်တိမ်းနေသူများအတွက် ဖွင့်လှ စ်ထားသည့် ကယ်ဆယ်ရေးစခန်း၌  ထောက်ပံ့ပစ္စည်း လိုအပ်ချက်များရှိကြောင်းသွားရောက်လှူဒါန်းခဲ့သည့် The Action Times Foundationမှ သိရသည်။ အဆိုပါအဖွဲ့မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အ၀တ်အထည် ၊ စောင် နှင့် ဆေးဝါးများအား ကချင်ပြည်နယ် လုံးခင်းမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာများသို့ သွားရောက်လှူဒါန်းခဲ့သော်လည်း ဒေသခံများအနေဖြင့် လိုအပ်ချက်များ ရှိဆဲဖြစ်ကြောင်း သိရှိရသည်။

 “ကန်စီးရွာနဲ့ အနီးအနားရွာတွေမှာ အခုအချိန်အထိ အခြေအနေတွေက မငြိမ်သက်သေးပါဘူး။ ကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့တိုင်းလည်း ၀င်လို့မရပါဘူး။ ကျွန်မတို့အဖွဲ့ပဲ ၀င်လို့ရတယ်၊ ယူနီဆပ်(ဖ်) တောင် လုံခင်းမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ သူတို့လှူမယ့်ပစ္စည်းကို ထားခဲ့ရတာ နောက်တော့မှ ဘုန်းကြီးတွေကနေတစ်ဆင့်  ကယ်ဆယ်ရေး စခန်းကို သွားလှူပေးမှာတဲ့။ ’’ဟု The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ်က ပြောသည်။

ကချင်ပြည်နယ် လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာမှ ကယ်ဆယ်ရေးစခန်း မှာ နှစ်ဘက်တပ်များ၏ တားမြစ်နယ်မြေ ဖြစ်ခြင်းကြောင့် မည်သည့်အဖွဲ့အစည်းကိုမှ လာရောက်လှူဒါန်းခြင်းမပြုဘဲ The Action Times Foundation တစ်ဖွဲ့ကသာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ နာဂစ်မုန်တိုင်းတိုက်ခတ်သည့် အချိန်ကတည်းက စတင်ဖွဲ့စည်းပြီး မည်သည့် ဒုက္ခသည်ပြည်သူများကိုမဆို သွားရောက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။

ကန်စီးရွာတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီး ကျောင်းများ နှင့် Church (ချက်)ကျောင်းများ၌ နေထိုင်ရပြီး အဆိုပါရွာတွင် ကယ်ဆယ်ရေးစခန်း(၃)ခုရှိကာ၊ လုံးခင်းမြို့တွင် ကယ်ဆယ်ရေး စခန်း (၁၃)ခုရှိကြောင်း သိရှိရသည်။ ကန်စီးရွာရှိ ကယ်ဆယ်ရေးစခန်း (၃)ခုမှာ ကန်စီးတောရကျောင်း၊ ဓမ္မလင်္ကာ ရကျောင်းနှင့် နှစ်ချင်းမူကြိုကျောင်းတို့ ဖြစ်သည်။

လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အစားအစာ ၊ အ၀တ်အထည်များအတွက် စိုးရိမ်စရာ မလိုသော်လည်း ဆေးဝါးများ လိုအပ်ချက်ရှိနေသည်ဟု လုံခင်းဒေသခံ တစ်ဦးက ဆိုသည်။

“အ၀တ်အထည် သိပ်မလိုအပ်ဘူး ၊ ဆေးတို့ ဆန်တို့ပဲ အဓိက လိုအပ်တာပါ ၊ အပြင်ကုမ္မဏီတွေ NGO တွေက ကူညီကြပါတယ်။ “ လုံခင်းမြို့ တွင် နေထိုင်သည့် ဒေါ်ကြီးကြီးညွှန့်က ပြောသည်။

ကန်စီးရွာသည် လုံခင်းမြို့နှင့်ဆယ်မိုင်ခန့်ကွာဝေးပြီး လမ်းတစ်လျှောက်တွင် မဇွတ်ယန်၊ ဆန်ခါ၊မှော်ပုံ၊ စိုင်းရာ (ခေါ်)လဂျောင်နှင့် အောင်ဘာလေရွာများ အား ဖြတ်သန်းသွားရပြီး ၊အဆိုပါဖောင်ဒေးရှင်းမှ ကန်စီးရွာခံများနှင့်ရွာခံ ဆရာတော်များ၏ အကူအညီဖြင့် စောင်၊ အ၀တ်အထည်၊ဆေးဝါးများကို ဖေဖော် ၀ါရီလ နောက်ဆုံးပတ်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

“လုံးခင်းအပိုင်ရွာတွေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပေါင်း ခုနစ်ရာကျော်ခန့် ရှိပါတယ်။ အခုအချိန်မှာဆိုရင် အားလုံးကိုရပ်တန့် ထားရတဲ့အတွက် ဒီလုပ်ငန်းကို မှီခိုရတဲ့ ဒေသခံပြည်သူတွေအဖို့ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ လိုအပ်နေပါတယ်’’ဟု  The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ် က ပြောသည်။

စိုင်းရာ(ခေါ်)လဂျောင်ရွာမှာ ကေအိုင်အေစစ်ဌာနချုပ် အမှတ်(၆)အခြေစိုက်သည့် နေရာမှရွာဖြစ်ပြီး အဆိုပါဒေသတွင်  မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် နီးစပ်ရာကန်စီးရွာနှင့် လုံခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့   ပြောင်းရွှေ့ နေထိုင်ခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com