တော်ဝင်မိသားစုမှ ကြီးမှူးကျင်းပသော စာပေမြှင့်တင် လူ့စွမ်းအင် စာဖတ်စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ (အခြေခံအဆင့်) ကို ၂၀၁၃ ခုနှစ် မေလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ ၁၃ ရက် မနက် ၁၀ နာရီက တော်ဝင်စင်တာ သုံးလွှာမှ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်ချင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာ များကို မတ်လ ၁၃ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ထိ လာရောက်ထုတ် ယူနိုင်ကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့တွင် ၀င်ခွင့်ဖြေဆိုရမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် ၀င်ရောက်ဖြေဆိုခွင့်ရသူများ အနေဖြင့်လည်း ယှဉ်ပြိုင်မှုပွဲစဉ်များ အလိုက် ဆုလက်ဆောင်၊ ဆုငွေများကို ပြိုင်ပွဲဝင်အဆင့်အလိုက် ချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် တော်ဝင်စင်တာတွင် လျှောက်လွှာများ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
P.067
Popular Journal
စာဖတ်စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ (အခြေခံအဆင့်) ကျင်းပသွားမည်
Labels:
ပညာရေး