The Street View
မွတ်စလင်လူမျိုး ၁၇၀၀ကျော်ကို ဗုဒ္ဓဘာသာလူငယ်များ ခြံရံ၍ ခရိုင်အားကစားကွင်းသို့ ပို့ပေးခဲ့
မိတ္ထီလာမြို့တွင်းရှိ ဒဟတ်တန်းအရပ် တွင်နေထိုင်သော မွတ်စလင်လူမျိုးပေါင်း
၁၇၀၀ ကျော်ကို မြို့တွင်းနှင့် ၃မိုင်ခန့် ကွာဝေးသော
ခရိုင်အားကစားကွင်းသို့ ဒေသခံ တက်ကြွသော ဗုဒ္ဓဘာသာလူငယ်များက ခြံရံ၍
ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါဒေသနေ ဒေါက်တာ ဆန်းလှိုင်ကို The Street View
ဂျာနယ်မှ ဆက်သွယ်မေးမြန်းချက်အရ
သိရပါသည်။“ပထမတစ်သုတ်မှာ ၁၅၀၀ကျော်ပါတယ်၊ နောက်တစ်သုတ်ကတော့
သက်ကြီးရွယ်အိုတွေများတယ် ၂၀၀လောက်ပေါ့။ ဒါကို ကျွန်တော်တို့ဆီက
ဗုဒ္ဓဘာသာဝင် လူငယ်တွေက ပို့ဆောင်ပေးခဲ့ပါတယ်။”ဟု၎င်းကပြော ကြားခဲ့သည်။
အဆိုပါမွတ်စလင်များက လက်မြှောက်ပြီး ၎င်းတို့တွင်လက်နက်မပါကြောင်း၊ အပ်တိုကအစ
သိမ်းဆည်းနိုင်ကြောင်း ပြောကြားခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။
The Street View
The Street View
Labels:
ပြည်တွင်းသတင်း