http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဂျပန်နှင့်နယ်မြေပိုင်နက် အငြင်းပွားနေမှုကြောင့် ဂျပန်ထုတ်ကုန်များမသုံးစွဲရေး တောင်ကိုရီးယားတွင်နိုင်ငံတဝှမ်း သပိတ်မှောက်

ဆိုးလ်၊ မတ် ၄ ။
တောင်ကိုရီးယား ဈေးဆိုင်ပိုင်ရှင်များသည် ဂျပန်နှင့်နှစ်နိုင်ငံအကြား နယ်မြေပိုင်နက် အငြင်းပွားနေမှုကိုဆန့်ကျင်သောအားဖြင့် ဂျပန်ထုတ် ကုန်ပစ္စည်းများအား မသုံးစွဲရေး နိုင်ငံအဝှမ်းတွင် သပိတ်မှောက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ ဂျပန်ကုန်ပစ္စည်းများ သပိတ်မှောက်မှုတွင် ဦးဆောင်သူ ဒေသခံစတိုးများ ကယ်ဆယ်ရေးမဟာမိတ်အဖွဲ့  Save Local Stores Alliances မှ ဥက္ကဋ္ဌ အိုဟိုဆပ်က ၎င်းတို့ အဖွဲ့ ၏အဖွဲ့ ဝင် ၇ ဒဿမ ၂သန်းသည် သပိတ်တွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဖွဲ့ က သပိတ်မှောက်ရန် ပန်ကြားထားသည့် ဂျပန်ကုန်ပစ္စည်းများတွင် Mild Seven စီးကရတ်၊ အဆာဟိဘီယာ၊ ဆိုနီအီလက်ထရွန်းနစ် ပစ္စည်းများ စသဖြင့်ပါဝင်ပြီး အချို့သော ကားပြင်ဆရာများကလည်း၎င်းတို့သည် ဂျပန်ကားများဖြစ်သည့် တိုယိုတာ၊ ဟွန်ဒါ၊နစ်ဆန်းကဲ့သို့ သော ကားများကို ပြုပြင်ပေးမည်မဟုတ်ကြောင်း ကြေငြာကာ သပိတ်တွင် ပါဝင်ရန်ပြောကြားခဲ့သည်။

စတိုးဆိုင်များမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာအိုက“ကျွန်တော်တို့က ဂျပန်အစိုးရဆီက တောင်းပန်မှုမလုပ်မချင်းပဲ သပိတ်မှောက်တာကို ဆက်လုပ်သွားမှာပါ” ဟု ပြောကြားသည်။

ဂျပန်နှင့်တောင်ကိုရီးယားတို့ သည် နှစ်နိုင်ငံအကြားတောင်ကိုရီးယားဘက်မှ ဒေါ့က်ဒိုဟု ခေါ်ပြီး၊ ဂျပန်မှ တာကေးရှီးမားဟု ခေါ်သော ကျွန်း များကို ပိုင်ဆိုင်မှု အငြင်းပွားနေပြီး နှစ်နိုင်ငံအကြား တင်းမားမှုများဖြစ်ပွားခဲ့ရသည်။

ဂျပန်စီးပွားရေးလုပ်ငန်းများသည် မကြာမီက ဒိုင်အိုယု ကျွန်းများအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအငြင်းပွားမှုများကြောင့်၊ တရုတ်တွင်လည်း တရုတ်စားသုံးသူများက တို
ယိုတာ၊ ကန်နွန် စသော ဂျပန်စက်မှုထွက်ကုန်များကိုသပိတ်မှောက်မှုများ ကြုံတွေ့ ခဲ့ရသည်။

တောင်ကိုရီးယားနှင့်ဂျပန်အကြား နယ်မြေပိုင်နက် အငြင်းပွားမှုများကြောင့် ဂျပန်ကုန်ပစ္စည်းများသပိတ်မှောက်ခံရမှုမှာမူ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
Ref: CNN
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com