ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် မေးမြန်းသည့် ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်လမ်းများ၊ ချဉ်းကပ်လမ်းများ ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် မှ ရှင်းလင်းဖြေကြားရာတွင်-
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ကင်းစခန်းတစ်ခုနှင့် တစ်ခုဆက်သွယ်ထားသောလမ်းများနှင့် ခြံစည်းရိုးတစ်လျှောက်ကင်းလှည့် လမ်းများကိုဖောက်လုပ်ရန် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ငွေအပ်လုပ်ငန်း (Depose Work) အဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးပထမအဆင့်အား နယ်မြေ(၃၊ ၄၊ ၅၊ ၆၊ ၇)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၆၀ မိုင် ၃ ဖာလုံနှင့် ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်း အားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၈ မိုင် ၇ ဖာလုံအားလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၀ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း အနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ ၄၀ မိုင် ၄ ဖာလုံ အားလည်းကောင်း ဖောက်လုပ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ခြံစည်းရိုးဒုတိယအဆင့်အား နယ်မြေ (၁၊ ၂၊ ၃)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၃ မိုင် ၂ ဖာလုံဖောက်လုပ်ခြင်း အနေဖြင့် ဆောင်ရွက် ပြီးစီးမှုမှာရာခိုင်နှုန်းအားဖြင့် ၃၂.၆၆ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၈ မိုင် ၂ ဖာလုံကိုလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက်ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၂ မိုင် ၁ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့် ဆောင်ရွက် ပြီးစီးမှု မှာရာခိုင်နှုန်းအားဖြင့် ၂၉.၉၇ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၅ မိုင် ၂ ဖာလုံအား ဖောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဦးစွာတင်ပြပါသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံခြင်း ပထမ၊ ဒုတိယအဆင့်တွင် ကင်းစခန်းများသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ကျောက်ခင်းလမ်း ၁၀၃ မိုင် ၅ ဖာလုံ၊ ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၄၂ မိုင် ၁ ဖာလုံနှင့် နယ်စပ်ခြံစည်းရိုး တစ်လျှောက်ကင်းလှည့်နိုင်ရေး အတွက် ကျောက် ခင်းလမ်း စုစုပေါင်း ၈၂ မိုင် ၅ ဖာလုံဖောက်လုပ် နိုင်ရေးအတွက် ထပ်မံ ဆောက်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်
ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း
Labels:
ပြည်တွင်းသတင်း