http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင်အမျိုးသမီးခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းဆင်းပွဲပြုလုပ်



အာရက္ခဖောင်ဒေးရှင်းမှကြီးမှူးပြုလုပ်သည့်ရခိုင်အမျိုးသမီးခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ အာရက္ခရုံး၌ မတ်လ ၂၅ ရက်နေ့ မနက် ၉း၃၀နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်ခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းများကို ၂၀၁၂အောက်တိုဘာတွင် တစ်ကြိမ်နှင့် ၂၀၁၃ ဖေဖော်ဝါရီတွင် တစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ယခုတတိယအကြိမ်တွင် ရခိုင်အမျိုးသမီးသီးသန့် သင်တန်း ပေးခဲ့ခြင်း ဖြစ်သည်။


အခမ်းအနား၌ဖောင်ဒေးရှင်း၏ နာယက ဦးအေးသာအောင်၊ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်စောခင်တင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့က ရခိုင်သမိုင်းနှင့်ရခိုင်အမျိုးသမီးများ အခန်းကဏ္ဍကို ဟောပြောဆွေးနွေးခဲ့ကြသည်။

သင်တန်းကို မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိပြုလုပ်၍ ရခိုင်ပြည်နယ် ၁၇မြို့နယ်နှင့်ဧရာဝတီတိုင်း အမာမြို့နယ်တို့မှ သင်တန်းသား၂၁ဦးတက်ရောက်ခဲ့ကြပြီး၊ စာရေးဆရာမ ဂျူး၊ နိုင်င့ကျော်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် တို့အပါအ၀င် တိုင်းရင်းသား သင်တန်း ဆရာ၊ ဆရာမ ၁၀ ဦးက သင်ကြားပြသ ပေးခဲ့ကြသည်။

“ရခိုင်အမျိုးသမီးတွေနိုင်ငံရေးမှာ ယခုထက်ပို၍ ပါဝင်လာစေရန်ရည်ရွယ်လျက် လူငယ်နှင့်အမျိုးသမီး ခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းများကို စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်းမှာလည်း ဆက်လက်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း” ဦးအေးသာအောင်က ဆိုသည်။

သင်တန်းပို့ချချက်များတွင် အမျိုးသမီးများ မဖြစ်မနေလုပ်ရဆောင်ကြရမည့် တာဝန်နှင့် ၀တ္တရားများ၊ အမျိုးသမီး များနှင့် သက်ဆိုင်သည့် နိုင်ငံတကာ ဥပဒေများ၊ နိုငံတကာတွင်သတ်မှတ်ထားသည့်အမျိုးသမီးအခွင့်အရေးများ၊ မီဒီယာ လုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ ပါဝင်ကြောင်း သင်တန်းတာဝန်ခံဒေါ်ဆွေဇင်သင်းကရှင်းပြသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့အာရက္ခဖောင်ဒေးရှင်းမှအဖွဲ့ဝင်များ၊ ဖတ်ကြားထားသည့်ဧည့်သည်များ၊ သတင်း ထောက် များ နှင့် သင်တန်းသူများစုစုပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

အာရက္ခဖောင်ဒေးရှင်းကို လူငယ်များ၏ အရည်အသွေးမြှင့်တင်ရေး၊ဆင်းရဲနွမ်းပါးလူငယ်များအား ပညာသင် စရိတ်ထောက်ပံ့ရေး၊ မိဘမဲ့ကလေး များပြုစု စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများသို့ ထောက်ပံ့လှူဒါန်းရေး တို့ကို လုပ်ဆောင်ရန် ရည်ရွယ်လျက်၂၀၁၂ခုနှစ်တွင် ပြည်တွင်းပြည်ပရခိုင်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
By RSV

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com