မိထ္ထီလာမြို့တွင် ဖြစ်ပွားသော ဆူ ပူ အကြမ်း ဖက် မှု များနဲ့ ပတ် သတ် ပြီး
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဠဒေါ်အောင်ဆန်းစုကြည်က
မိထ္ထီလာမှာဖြစ်တဲ့ ပြသာနာ ကို မိထ္ထီလာတစ်ခု ထဲ ကွက် မြင် လို့ မရ ဘူး
တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကြည့်ရမည် ဟု ပြော ကြားခဲ့ သည်။
မတ် လ(၂၂)ရက် နေ့ ပထမအကြိမ် ပြည်သူလွှတ်တော် ဆဌမပုံမှန် အစည်းအဝေးပြီးဆုံးပြီးနောက်
တရားဥပဒေစိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်က
မီဒီ ယာများနှင့် တွေ့ဆုံစဉ် ယင်း ကဲ့သို့ ပြော ကြာခဲ့ ခြင်းဖြစ်သည်။
" ပဋိက္ခ ဆိုတာ ကို မကျယ်အောင် မကြာအောင် အားလုံးဝိုင်းလုပ်ရမယ် အား လုံးမှာ တာဝန်ရှိ တယ် ။ လူတွေ က မိထ္ထီလာကို ပဲ ကွက် မြင်တယ် ။
အမေက မိထ္ထီလာ လို့ ကွက်မမြင် ဘူး တစ်နိုင်ငံလုံးလိုပဲ မြင် လိုက်တယ် ။ ဒီ ကထွက် လာတဲ့ မီးစလေး တစ်ခု ဟာ ဘယ် နားကျ မယ်မှန်းမသိဘူး ။
တကယ်တော့ မီး စလေးတွေက မီးလောင် တာ။ဒါကြောင့်မိထ္ထီလာ ပဲ လို့ ပြောလို့ မရဘူး ။" ယင်း က ဆက် လက် ပြော ကြားခဲ့ သည်။
မောင်ပိုင်(နေပြည်တော်)
Yangon Media Group
မိထ္ထီလာမှာဖြစ်တဲ့ ပြသာနာ ကို မိထ္ထီလာတစ်ခု ထဲ ကွက် မြင် လို့ မရ ဘူး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကြည့်ရမည် ဟု ဒေါ်အောင် ဆန်းစုကြည်ပြောကြား
Labels:
ပြည်တွင်းသတင်း