http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားခွင့် ရပြီ

ရန်ကုန်၊ မတ် ၁ဝ
နယ်လှည့် ဓမ္မကထိက ဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားနိုင်ပြီဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနက တရားဝင်လျှောက်ထားမှု ပြုလုပ်လိုက်ပြီဟု သိရသည်။

နယ်လှည့်ဓမ္မကထိက ဆရာတော်ကြီး များက တရားဟောကြားမှုပြုရာတွင် ဓမ္မာ စရိယအောင်လက်မှတ်ကို ပြသနေရခြင်း၊ ဓမ္မာစရိယမအောင်သော ဓမ္မကထိက ဆရာ တော်များ တရားဟောကြားမှု မပြုရခြင်းတို့ ဖြစ်နေသဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင်စာသင် တိုက် ဆရာတော်များ၊ ဒါယကာ၊ ဒါယိ ကာမများက နိုင်ငံတော် သံဃမဟာနာယ က ဆရာတော်ကြီးများထံ လျှောက်ထားခဲ့ ကြရာ ဂုဏ်အင်္ဂါအရည်အချင်းများထဲမှ အမှတ်စဉ် ၉ ကိုဖြေလျှော့လိုက်သည့်အတွက် ထိုသို့ အကြောင်းကြား လျှောက်ထားလိုက် ခြင်းဖြစ်သည်ဟု သိရသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ''ဓမ္မာစရိယ မအောင်ပေမယ့် ထေရဝါဒ ပိဋကတ်တော်နဲ့ အညီ တရားဟောကြား နိုင်ကြောင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် သံဃာ့နာယက အဖွဲ့များသို့ အကြောင်းကြား ထားပြီးဖြစ်ပါ တယ်''ဟု ပြောသည်။
နိုင်ငံတော်အသိအမှတ်ပြု ဓမ္မာစရိယ ဘွဲ့တစ်ခုခုနှင့် ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘွဲ့ရရှိမှ တရားဟောပြောနိုင်မည့်အချက်မှာ လက်ရှိ ဖြေလျှော့ပေးမှု တွင် ပါဝင်သွား မည်ဖြစ်သည်။ သင်္ဂါယနာတင် ပိဋကတ်သုံး ပုံနဲ့ညီညွှတ်စွာ ဟောပြောနိုင်ပါက ဟောပြောခွင့်ပြုပါရန်၊ စွန်းလွန်ဂူဆရာတော်၊ သဲအင်းဂူ ဆရာတော် စသည့် ဆရာတော် ကြီးများကလည်း ပဋိပတ်ကျင့်စဉ်ကို ကိုယ် တိုင်အားထုတ်၍ ဟောကြားခဲ့သကဲ့သို့ ပိဋ ကတ်နှင့်အညီဟောကြားပါက ခွင့်ပြုနိုင်ပါ ရန် နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများထံသို့ ထည့်သွင်းလျှောက်ထားခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က ပြောသည်။

ထို့ကြောင့် နယ်လှည့်ဓမ္မကထိက ဆရာတော်များ၏ တရားဟောပြောမှုအပေါ် သတ်မှတ်သွားမည့် အရည်အချင်းတို့မှာ ရှစ်ခုသာရှိသွားမည်ဖြစ်သော်လည်း လက်ရှိ ဟောကြားမှုအချို့ပြုနေကြသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်း သည့် လောကီလူမှုရေးကိစ္စများကို ဟောကြားမှု မပြုရန် တားမြစ်ထားသည့်အချက် ကိုမူ မပယ်ဖျက်သေးပေ။
နာမည်ကြီး ဆရာတော်ကြီးများဖြစ် သည့် ရွှေညဝါဆရာတော်၊ ဒယ်အိုးဆရာ တော် စသည့်ဆရာတော်များမှာ တရား ဟောပြောခွင့် အပိတ်ခံရဖူးသည်။
Popular Myanmar News Journal
PN-051

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com