ယမန်နေ့ည (မတ်လ ၂၃ရက်နေ့)ည ၈ နာရီခန့်က ရမည်းသင်းမြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင်ကျွမ်းမှုဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီးခဲ့တယ်လို့ RFA ကစုံစမ်းသိရပါတယ်။
ဒီမီးလောင်မှုဟာ အယောက်တစ်ရာခန့်ရှိတဲ့ အမည်မသိလူအုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်ပြီး ဒီပြဿနာဟာ မိတ္ထီလာမြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်မှုရှိတယ်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
RFA Burmese
ရမည်းသင်းမီးလောင်မှု နောက်ဆက်တွဲ
Labels:
ပြည်တွင်းသတင်း