http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ

(၈-၁၂-၂၀၁၂)ရက် စစ်တက္ကသိုလ် အမှတ်စဉ်(၅၅)သင်တန်းဆင်းပွဲမှာ ““ခေါင်းဆောင်တို့သည် မိမိဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်း ခြားရန်လိုကြောင်း၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်လည်း အခြေအနေ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ လက်အောက်ခံစစ်သည် များ၏ အခြေအနေကို သေချာသိရှိရန် လိုကြောင်း၊ အသိတရား၊ သတိတရား ရှိရှိဖြင့် နေထိုင်လုပ်ကိုင်တတ်ရန်လိုကြောင်း မိမိရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကို စိစစ်သုံးသပ်ကာ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အခြေအနေများကို ကြိုတင်မြော်တွေးပြီး သတိတရားရှိရှိ ဆောင်ရွက်ရန်လိုကြောင်း””ဒုတိယ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မိန့်ခွန်းပြောခဲ့ တာကြောင့် ကျွန်တော့်သားကြီးအဖြစ် ဟာလည်း မိန့်ခွန်းထဲမှာပါတဲ့အကြောင်း အရာတွေနဲ့ တူနေတာမို့ ရင်ဖွင့်တင်ပြ လိုက်ရပါတယ်။
ကျွန်တော်ဟာ တပ်မတော်မှာ နှစ်ပေါင်း(၄၀)တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကြပ်အဆင့်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။

ကျွန်တော် စစ်မှုထမ်းဘ၀နဲ့ရှိ တုန်း (၁၀)တန်းအောင်တဲ့သားကြီးက စစ်ထဲဝင်ချင်တယ်ဆိုတာကြောင့် ဗိုလ်သင်တန်းလျှောက်ခိုင်းပြီး ၀င်ခွင့်ရတဲ့ အတွက် ကျွန်တော့်လစာထဲက ထောက်ပံ့ပြီး ဗိုလ်သင်တန်းတက်စေခဲ့ပါတယ်။ သင်တန်းဆင်းတော့ အဆင့်(၄)နေရာရခဲ့ ပြီး ကြံ့ခိုင်ရေးအကောင်းဆုံး စံပြဆုလည်း ရခဲ့ပါတယ်။ ဒုတိယဗိုလ်ကနေ ဗိုလ်ကြီးအထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တာဝန်ကျပြီး ရှမ်းပြည်နယ်တစ်ခွင် စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ ဒုတိယတပ်ရင်းမှူးဖြစ်တော့ စကခ(၁)လက်အောက်ခံတပ်ရင်းမှာ တာဝန်ထမ်းဆောင်စဉ်(၂၀၁၁)ခု မတ်လမှာ ဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ပုတ်၊ ကျေးသီးဒေသတိုက်ပွဲတွေမှာ အစအဆုံးပါဝင်ခဲ့ပြီး ယာယီတပ်ရင်းမှူး ရာထူးတိုးကာ စကခ(၂)လက်အောက်ခံ မိုင်းပွန်တပ်ရင်းမှာ တာဝန်ချထားခြင်း ခံရပါတယ်။ ခမရ(၅၁၇)မိုင်းပွန်မြို့မှာ ယာယီတပ်ရင်းမှူး တာဝန်ထမ်းဆောင် နေရတဲ့ ကျွန်တော့်သားကြီး ဗိုလ်မှူး ကျော်သက်နိုင် ကြည်း(၃၀၀၇၀)ဟာ (၂၀၁၂)ခု ဇွန်လအတွင်း မိုင်းရှူးဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ၅၆(က) ကို ချိုးဖောက်လို့ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့လို့ တောင်ကြီး မြို့၊ တောင်လေးလုံးအကျဉ်းထောင်မှာ ယနေ့ထိ အကျဉ်းကျခံနေရတဲ့အတွက်ကြောင့် ဖခင်တစ်ယောက်အနေနဲ့ ရင်ဖွင့် စာရေးသားရခြင်းပဲဖြစ်ပါတယ်။ ကျွန်တော့်သားကြီးကို အမှုမစစ်ဆေးမီ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ်မြို့အမှတ်(၆၆)ခြေမြန်တပ်ရင်းမှာ ထားတုန်း သားကြီးဆီက အဆက်အသွယ်ရခဲ့ပါတယ်။ သားကြီးပြောပြသမျှထဲမှာ တချို့ဟာတွေဟာ ရေးပြဖို့ မသင့်တာကြောင့် အကျဉ်းမျှတင်ပြရရင် သားကြီးတို့ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးထားတဲ့နေရာဖြစ်တာကြောင့် ငြိမ်းချမ်းရေးမပျက်စေဖို့ ချင့်ချိန်ဆောင်ရွက်နေစဉ်၊ အထက်ဌာနက နယ်ခြားကျောက်တောင်ကို ဇွန်လ(၂၀)ရက် ညနေအပြီးသိမ်းခိုင်းကြောင်း သိရပါတယ်။ ဒါပေမဲ့ စိုးမိုးကုန်းနေရာတိုင်းမှာ ရန်သူက တပ်စွဲထားပြီး အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်တာတွေ၊ မိုင်းတွေကို ရီမု ကွန်ထရိုးတပ်ဆင်ထားပြီး တိုက်ခိုက်တာ တွေလုပ်တဲ့အတွက် ထင်သလောက် မလွယ်ဘဲ (၃)ရက်ကြာ အစာငတ်၊ ရေ ငတ်ခံပြီး ဇွဲကြီးစွာ တဖြည်းဖြည်း တိုက်တဲ့အတွက် (၃)ရက်မြောက် နေ့ လယ်မှာ ရန်သူခံစစ်ကုန်းကို သိမ်းပိုက် ရမိကြောင်းလည်း သိရပါတယ်။ အဲဒီ နောက် ညအချိန်တိုက်ပွဲဖြစ်စဉ်ပျောက် ဆုံးခဲ့တဲ့ အရာရှိနဲ့ စစ်သည်တွေကို ပြန်ရှာခြင်း၊ ကျဆုံးစစ်သည်အလောင်းတွေ ကို မြှုပ်နှံသင်္ဂြိုဟ်ခြင်းပြုလုပ်ပြီးနောက်မှာ အထက်ဌာနက ရန်သူ့ခံစစ်ကုန်း(၁) ကုန်းကို ထပ်မံသိမ်းပိုက်ဖို့ အမိန့်ပေးလာ တော့ စစ်သည်တွေအစာငတ်၊ ရေငတ် ဖြစ်ပြီး အင်အားနည်းနေကြောင်း၊ ဒဏ် ရာရစစ်သည်များ အခြေအနေတင်ပြခဲ့ကြောင်း၊ ရန်သူမှာ အနည်းငယ်သာ ဆုတ်ခွာပြီး အင်အားထပ်မံဖြည့်တင်းပြီး သတ်ကွင်းဆင်ထားလို့ ရှေ့ဆက်တိုးဖို့ မလွယ်ကြောင်းတွေ တင်ပြခဲ့ပေမဲ့ လက်မခံဘဲ သိမ်းပိုက်မရလျှင် အရေးယူမယ်လို့ ဖိအားပေးခဲ့တာကြောင့် စစ်သည် တွေဒေါသထွက်လို့ ချော့မော့ထိန်းသိမ်း ခဲ့ရကြောင်း၊ မဖြစ်မနေ သိမ်းပိုက်ပါကလည်း အင်အားနည်းသောကြောင့် ရလဒ်ဆိုးဝါးလာနိုင်တဲ့အတွက် မိမိတို့ စစ်သည်များရဲ့ အသက်ကို ငဲ့ကွက်ပြီး လုပ်သင့်တာကိုလုပ်ခဲ့ကြောင်း အဲဒီလို လုပ်ခဲ့လို့ ဗျူဟာမှူး၊ စစ်ဦးစီးမှူး(ပ)၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ခေတ္တတပ်ရင်းမှူးတို့ ထောင်ချခံခဲ့ရပါတယ်။
ကျွန်တော့်သား အပါအ၀င် ထောင်ကျခံနေရတဲ့အရာရှိတွေဟာ စစ်မှုထမ်း သက်(၁၃)နှစ်ကနေ နှစ်(၃၀)အထိရှိခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဗျူဟာမှူးဆိုရင် စစ်မြေပြင်မှာ ကိုယ်တိုင်ကွပ်ကဲပြီး စစ်သည်တွေသေချင်သေပါစေဆိုပြီး ဖိအားတွေပေးနိုင်ပေမဲ့ နယ်မြေအနေအထား၊ အုပ်ချုပ်ထောက်ပံ့မှုအနေအထား၊ မိမိတပ်ရဲ့တိုက်နိုင်စွမ်းအားတွေအပေါ် ဆင်ခြင်သုံးသပ်ပြီး ခံစစ်ဆင်နေတဲ့ ရန်သူအင်အားသာလွန်နေချိန်မှာ အဓိပ္ပာယ်မရှိဘဲ မိမိရဲ့အရာရှိ စစ်သည်တွေ မဆုံးရှုံး စေချင်လို့ ခေါင်းဆောင်ကောင်းပီသစွာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ရဲဘော်တွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမဲ့ သူ့အတွက် ရလဒ်ကတော့ ရာဇ၀တ်အကျဉ်းသားတွေရဲ့ ပြောဆိုမှုကိုခံပြီး၊ ခိုင်းတာလုပ်နေရတဲ့ ဘ၀ကိုပဲ ရခဲ့ပါတယ်။ ကျွန်တော့်သား ကြီးကို ထောင်ဝင်စာသွားတွေ့တော့ အဖေတို့ရယ်၊ ဇနီးနဲ့ သမီးကလေး(၂) ယောက်ရယ်ကို လွမ်းပြီး အရမ်းတွေ့ချင်ကြောင်း၊ အတန်းပညာရာထူးတွေဟာ ထောင်ထဲမှာ ဘာမှလုပ်လို့မရကြောင်း၊ ရာဇ၀တ်အကျဉ်းသားလိုပဲ ဆက်ဆံခံရကြောင်း၊ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့သူတွေကြားထဲမှာနေရလို့ စရိုက် မတူဘဲ စိတ်ညစ်ရကြောင်း၊ စစ်သားဖြစ် ကတည်းက အသက်ကိုမငဲ့ကွက်ဘဲ တိုက်လာတာ ဘာမဟုတ်တဲ့ကိစ္စအတွက် နဲ့အရင်ကလုပ်ကိုင်ခဲ့တာတွေ၊ ကောင်း ကွက်တွေကို လုံးဝမထောက်ထားဘဲ ဘ၀ ကို ဖျက်ဆီးပစ်ရုံမက ဘ၀ပါသေအောင် ထောင်ချပစ်သည်ကို တွေးမိတိုင်း ကိုယ့် ကိုကိုယ် သတ်သေချင်စိတ်ဖြစ်မိကြောင်း၊ ထောင်မှလွတ်ရင်လည်း နှစ်(၂၀)နီးပါး သင်ယူခဲ့ရတဲ့ စစ်ပညာနဲ့ အသက်မွေးလို့ မရတော့သောကြောင့် ဘ၀ကို တစ်ကပြန်စရမည်ဖြစ်ကြောင်း ၀မ်းနည်းစွာနဲ့ ပြောတာကြားရတော့ မိဘတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရင်ထဲမှာ ငါ့သားကြီးကို ဒီလို ဖြစ်မယ်မှန်းသိခဲ့ရင် စစ်တပ်ထဲ မသွင်းမိ ပါဘူးဆိုတဲ့ ဆန္ဒဖြစ်ပေါ်ခဲ့ရပါတယ်။

အခုအချိန်မှာ နိုင်ငံတော်က နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ကို ပြစ်ဒဏ်ကျခံရမှာ အများကြီး ကျန်နေပေမဲ့  ပြန်လည်လွှတ်ပေးနေသလို၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေ့ ရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အကျဉ်းကျခံရသူတွေ ကိုတောင် လွှတ်ပေးနေချိန်မှာ ပြည်တွင်းတိုက်ပွဲကြောင့် အကျဉ်းကျခံနေရတဲ့ တပ်မတော်သား စစ်ရေးအကျဉ်းသားတွေကိုလည်း အခြားသူများနည်းတူ လွှတ်ပေး သင့်ပါတယ်။ အခုတော့ စစ်တရားရုံး စစ်ဆေးပြီးတော့ သားကြီးတို့ကို တပ်ရင်းအချုပ်ထဲထည့်တဲ့နေ့မှာ အရှေ့အလယ် ပိုင်းတိုင်းမှူးနဲ့သားကြီးတို့ တိုက်ခဲ့တဲ့ တစ်ဖက်ရန်သူတို့လက်ဆွဲနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေး ညစာစားပွဲပြုလုပ်နေတာကိုတွေ့ရတော့ ကျဆုံး၊ ဒဏ်ရာ ရစစ်သည်တို့ရဲ့ ဘ၀တွေဟာ အဓိပ္ပာယ်မရှိတော့ဘဲ ရန်သူကိုတော့ ခွင့်လွှတ် ဆက်ဆံပြီး မိမိတို့တပ်က အရာရှိတွေကိုတော့ ရန်သူလိုဆက်ဆံပြီး ထောင်ထဲ ရက်ရက်စက်စက်ပို့ခဲ့တဲ့ လုပ်ရပ်ဟာ ကျောင်းဆင်းမိန့်ခွန်းမှာပါတဲ့ အချက်တွေ နဲ့ ကွဲပြားခြားနားနေတာတွေ့ရတော့ အသိတရား၊ သတိတရားနဲ့ လုပ်ခဲ့တဲ့ သားကြီးတို့အရာရှိတွေကို ထောင်ထဲထည့်တဲ့ လုပ်ရပ်ဟာလည်း နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဆုံးရှုံးမှုတစ်ရပ်သာ ဖြစ်တာကြောင့် တပ်မတော်သားတွေနဲ့ ဖခင်တစ်ဦးဖြစ်တဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ သားကြီးတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ပြီး စဉ်းစား ပေးစေချင်ပါကြောင်း ရင်ဖွင့်ရေးသား လိုက်ရပါတယ်။
တပ်မတော်အပေါ်သစ္စာရှိစွာဖြင့်
တပ်ကြပ်ချစ်အေး(ငြိမ်း)
ကပ/၃၆၃၉၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦး၏ရင်ဖွင့်စာ နောက်ဆက်တွဲသတင်းနှင့်.အိတ်ဖွင့်ပေးစာပါအရာရှိများ ကျခံနေရသောထောင်များ

1) ဗျူဟာမှုး ဗိုလ်မှုးကြီး ၀င်းညွှန့် အလုပ်သင် ၁၂ (၃)နှစ်
2) G1 ဒုတိယဗိုလ်မှုးကြီး စိုးမင်းလတ် DSA 35 (၂)နှစ်
3) တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွှန် DSA 37 (၅) နှစ်
4) ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သက်ခိုင် အလုပ်သင် 25 (၂) နှစ်
5) ဒုတပ်ရင်းမှုး ဗိုလ်မှုးနန္ဒကျော် အလုပ်သင် 27 (၂) နှစ်
6) ယာယီတပ်ခွဲမှုး ဗိုလ်မှုးကျော်မြင့်ထွန်း DSA 44 (၂) နှစ်

ကျခံနေရသောထောင်များ
1) ရွှေညောင်တောင်လေးလုံးထောင်- ဗျူဟာမှုး ဗိုလ်မှုးကြီးဝင်းညွန့်နှင့် ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်သက်ခိုင်
2) ပန်းကန်ရဲဘက်စခန်း- ဗိုလ်မှုးနန္ဒကျော် နှင့် ဗိုလ်မှုးကျော်မြင့်ထွန်း
3) ထီးခန်းရဲဘက်စခန်း- ဒုတိယဗိုလ်မှုးကြီးစိုးမင်းလတ်နှင့် ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွန့်
HN-News Room
The Hot News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com