http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အစ္စရေးတပ် ပါလက်စတိုင်းသပိတ်စခန်းကို ဝင်ရောက် စီးနင်း

ဂျေရုဆလင်၊ မတ်၂၄။
အစ္စရေးတပ်သား တစ်ရာကျော်ခန့်သည် ဂျေရုဆလင်မြို့ပြင်ရှိ ပါလက်စတိုင်းသပိတ်စခန်းကို ညဘက်ဝင်ရောက်စီးနင်းကြောင်း တက်ကြွလှုပ် ရှားသူများနှင့် ရဲများက ယနေ့ပြောကြားလိုက်သည်။

ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများသည် အနောက်ဘက်ကမ်းခြေအနီးရှိ အစ္စရေးတို့နေသော မားလီအဒူမင်ဟုခေါ်သောနေရာတွင် အဆောက် အအုံများဆောက်လုပ်ရန် စီစဉ်ခဲ့ကြ
သောကြောင့်နေမင်း၏ ဂိတ်ပေါက်ဟုခေါ်သော သပိတ်စခန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

သပိတ်စခန်းမှ တဲများကို အမေရိကန်သမ္မတအိုဘားမား၏အစ္စရေးနှင့် ပါလက်စတိုင်းခရီးစဉ်တွင် ၎င်းကိစ္စကို သိသာထင်ရှားစေရန် ဗုဒ္ဓဟူးနေ့တွင် ထိုးခဲ့ကြခြင်းဖြစ်သည်။

သပိတ်စခန်းကို ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်သည့် ပါလက်စတိုင်းဥပဒေရေးဆွဲသူ မူစတာဖာဘာဂူတီက ၎င်းနှင့် အခြားလေးဦးကို ဖမ်းခေါ် သွားပြီး မားလီအဒူမင်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့တနင်္ဂနွေနေ့တွင် ဖုန်းဆက်ပြောကြားခဲ့သည်။

ကျန်တက်ကြွလှုပ်ရှားသူ အယောက်၅၀ကိုလည်း ဘတ်စ်ကားဖြင့် တင်ခေါ်သွားပြီး ပါလက်စတိုင်းအာဏာပိုင်များအပိုင် အနောက်ကမ်းခြေ တွင် လွှတ်ပေးခဲ့သည်ဟု သိရသည်။

အစ္စရေးရဲဘက်ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖယ်က ရဲသားတစ်ဦးကို စော်ကားသောစကား ပြောသောကြောင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး ခဲ့သည် ဟုအေအက်ဖ်ပီကိုပြောကြားခဲ့သည်။

“ဒီအရေးမှာ တပ်သား၂၀၀ပါဝင်ခဲ့တယ်၊ နယ်မြေဟာရှင်းလင်းသွားပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သပိတ်စခန်းကို ဇန်နဝါရီတွင် စတင်ခဲ့သော်လည်း တရားရုံးက လူထုမတည်မငြိမ်ဖြစ်စေမှုနှင့် စွဲချက်ဖြင့် ဖြိုဖျက်ခဲ့သည်။ အခြားအလားတူ စခန်းများ ဖွင့်ရန် ကြိုးစားခဲ့သော်လည်း စစ်တပ်နှင့်ရဲများ ဖျက်ဆီးခဲ့ကြသည်။

အစ္စရေးများ အိမ်ရာတိုးချဲ့ဆောက်လုပ်ခြင်းသည် အနောက်ဘက် ကမ်းခြေကို နှစ်ခြမ်းကွဲသွားစေမည်ဖြစ်ပြီး ကပ်လျက်ရှိသောပါလက်စတိုင်း နယ်မြေ တည်ရှိနေမှုကို တားဆီးနေသည်ဟု ပါလက်စတိုင်းမျာတို့က ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အစ္စရေးတို့ အိမ်ရာတိုးချဲ့ တည်ဆောက်ခြင်းကို စိုးရိမ်စွာတုံ့ပြန်ခဲ့ကြပြီး အစ္စရေးဝန်ကြီး ချုပ် နေသန်ယာဟုကိုလည်း ပြန်လည်စဉ်းစားရန်တိုက်တွန်း
ကြကြောင်း သိရသည်။
Ref:AFP
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com