http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထားဝယ်ဆေးရုံကြီး အရေးပေါ်လူနာအခမဲ့ ကုသမှု မတ်လတွင်စတင်မည်

ထားဝယ်ခရိုင်အတွင်းရှိ လူဦးရေ သိန်းချီ မှီခိုနေသော ထားဝယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသည့် အရေးပေါ်လူနာ၊ မီးယပ်သားဖွားနှင့် ခွဲစိတ်လူနာများ အတွက် အခမဲ့ကုသမှု အစီအစဉ်ကို မတ်လဆန်းတွင်စတင်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောကြား သည်။

ယခုဘဏ္ဍာရေးနှစ်တွင် တိုးမြှင့် သတ်မှတ်လိုက်သော ကျန်းမာရေး အသုံးစရိတ်မှ ခွဲဝေရရှိလာသော ဘဏ္ဍာငွေကို ဆေးဝါးဝယ်ယူခြင်းနှင့် ဆေးရုံ အကြီးစားမွန်းမံခြင်းတို့တွင် သုံးစွဲမည်ဖြစ်ကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်က ရှင်းပြသည်။

“လူမှု/ကျန်းမာရေး ဝန်ကြီး၊ တိုင်းကျန်းမာရေးဦးစီးဌာနတို့ လမ်းညွှန်မူ ခံယူ၊ ကော်မတီ ဖွဲ့ပြီး ဆေးဝါးဝယ်ယူ ပါတယ်”ဟု ၄င်းကဆိုသည်။

ယခုနှစ်အတွင်း ဆေးဝါးဝယ်ယူခြင်းအတွက် ကျပ် သိန်း ၅၀၀ ကုန်ကျပြီး ဆေးရုံး မွမ်းမံ ဆောက်လုပ်ရေး လုပ်ငန်းတွက် သိန်း ၃၀၀၀ ခန့် ကျန်ကျထားကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်ထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီးတွင် တက်ရောက်ကုသရာတွင် ယခင်ထက် ပိုမိုအဆင်ပြေလာပြီး ဆရာဝန်များ လူနားများထံ ပုံမှန် လှည့်လည်လာကြောင်း ဆေးရုံ ပုံမှန်တက်ရောက်ကုသလေ့ရှိသော HIV ပိုးကူးစက်ခံထားရသော အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောကြားသည်။

“အရင်လို မဟုတ်တော့ဘူး တစ်ရက်ကို သုံးကြိမ် Round လှည့်တယ်”ဟု သူကဆိုသည်။

ချထားပေးသော ဘဏ္ဍာငွေကို အသုံးပြုကာ ဆေးရုံတွင် ပျက်စီးနေသော ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ ပြင်ပ လူနာဌာနတို့ကို အကြီးစားပြုပြင်မည် ဖြစ်ပြီး သန့်စင်ခန်းလေးလုံးနှင့် မိလ္လာကန်အသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း ထားဝယ် ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံသို့လာရောက်သေ လူနာနှင့် ဧည့်သည်များ လက်ရှိ ရင်ဆိုင်နေရသော ကိစ္စမှာ ရေချိုးရန်နေရာမရှိခြင်း၊ ဆိုင်ကယ်၊ စက်ဘီး အပ်နှံရာတွင် အခကြေးငွေ ပေးဆောင်းရခြင်းတို့ဖြစ်ကြောင်း လူထုအဖွဲ့အစည်းအချို့က ထောက်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများရှိ အရေးပေါ်လူနာ၊ မီးဖွားလူနာနှင့် အရေးပေါ်ခွဲစိတ်လူနာတို့ကို အခမဲ့ ကုသပေးရန် ၂၀၁၃ ခုနှစ်အတွက် ပထမ သုံးလပတ်အတွက် ဆေးဝါးနှင့် ဆေးပစ္စည်း အသုံးစရိတ်များ ချထားပေးပြီး ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးအသုံးစရိတ် ငွေကျပ်သန်းပေါင်း ၁၉၇၉၃၁ ဒသမ ၃၈၇ လျာထားပြီး အများစုမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ရန်နှင့် မြို့နယ်ဆေးရုံများ တည်ဆောက်ရန် ဖြစ်ကြောင်း အစိုးရက သက်ဆိုင်ရာ လွှတ်တော်ကို တင်သွင်းထားသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရသိရသည်။ Dawei Watch

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com