ရန်ကုန်၊မတ်-၁၉
ကရင်တိုင်းရင်းသားများ၏ အနာဂတ်စီးပွားရေး၊ ညီညွတ်ရေးနှင့် စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ကရင်ရေးရာ နှီးနှောဖလှယ်ပွဲအား မတ်လ ၂၉၊ ၃၀ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ရန်ကုန်၊ ဘားအံ၊ မဲဆောက်နှင့် ချင်းမိုင်အခြေစိုက် အရန်လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအ၀င် စုစုပေါင်းကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကရင်အမျိုးသမီးအဖွဲ့အကြီးအကဲ ဒေါ်လှလှစိုးကပြောသည်။
"အစ်မအနေနဲ့ အမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်မှုကိုလည်း ဆွေးနွေးမှာဖြစ်တယ်"ဟု ဒေါ်လှလှစိုးက ပြောသည်။
ထို့အပြင် ရွာပုန်းရွာရှောင် ဒုက္ခသည်များအရေးကိုလည်း အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မိုင်းအန္တရာယ်ရှင်းလင်းကူညီရေး အသင်းဥက္ကဋ္ဌ ဦးစောမိုးမြင့်က ပြောသည်။
အဆိုပါနှီးနှောဖလှယ်ပွဲအား ကရင်ရေးရာကော်မတီ(KAC)က အဓိက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
ကရင်ရေးရာ နှီးနှောဖလှယ်ပွဲ ဘားအံတွင် ကျင်းပမည်
Labels:
ပြည်တွင်းသတင်း