http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အကျဉ်းဦးစီးဌာနမှ သိမ်းယူထားသော လယ်မြေများအား လယ်သမားကပြန်လည်းရယူလို

ရန်ကုန်၊မတ် ၁၉။
တွံတေးမြို့နယ်၊ ရွှေသူဌေး အကျဉ်းဦးစီးဌာနမှ သိမ်းယူထားသော ဇီးဖြူကုန်း ကျေးရွာအပိုင် ဦးရွှေအိုး၏ လယ်မြေဧက ၆၀ အား တစ်နိုင်တစ်ပိုင် ပြန်လည် ရယူလိုကြောင်း
သားဖြစ်သူ ဦးစောသန်းထွန်းဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၁၉၇၆ခုနှစ်တွင် ညွှန်ချုပ် ဦးဘခင်က လယ်မြေများကို သိမ်းပြီး လယ်သမား ဦးရွှေအိုးတို့အား(၃)ရက်အတွင်း တဲများကိုဖျက်၍ ပြောင်ရွှေ့ပေးရန်ပြောကြောင်း။ ၎င်းလယ်မြေများတွင် ငှက်ပျော၊ သရက်၊ မာလကာများ စိုက်ပျိုးထားကြောင်း၊ လယ်မြေများတွင်လည်း စိုက်ကြဲထားသော စပါးများမှာ ရိတ်သိမ်းချိန် ရောက်နေကြောင်း သိရသည်။

“ဧက ၄၀ ကို မရိတ်ရဘဲ ဘိုတူးစာနဲ့ ထိုးပြီ မင်းတို့ ဒီနေရာကနေပြောင်းပေး မပြောင်းပေးရင် မင်တို့ရဲ့ တာဝန်ပဲလို့ ဦးဘခက်က ပြောလို့ ပြောင်းပေးခဲ့ရတယ်။ လယ်မြေတွေနဲ့
ပတ်သတ်ပြီး လယ်မြေတွေ အသိမ်းခံရတော့ လယ်တွေမရှိတော့တဲ့အတွက် လယ်မြေတွေကိုတော့ တစ်နိုင်တစ်ပိုင် ပြန်လုပ်ချင်တယ်။” ဟု သားကြီးဖြစ်သူ ဦးစောပီတာက ပြေကြားပြီး။ ၎င်းတို့နည်းတူ လယ်သမားများစွာဆုံးရှုံး၍ နစ်နာကြေး မရရှိပဲလယ်မြေများ သိမ်းဆီးခံရကြောင်း သိရသည်။ ဆက်လက်၍၎င်းတို့က NLDမှ လယ်ယာမြေ ဆပ်ကော်မတီ သို့တင်ပြထားကြောင်းလည်း သိရသည်။

ယင်းလယ်မြေများတွင်အဆောက်ဦးများဆောက်လုပ်ထာကြောင်းနှင့်လယ်မြေများကို ကန်များတူးဖော်၍ လုပ်ငန်ရှင်များသို့ သီးစားချထားကြောင်းသိရသည်။ထိုအပြင်မ(၁၄၄)အမိန့်ထုတ်ထားကြောင်းလည်းသိရသည်။

“၁၂.၃.၂၀၁၃ မှ စတင်ဖွဲ့စည်ထားတာပါ။ လယ်မြေကိစ္စတွေနဲ့ပတ်သက်ပြီး လယ်သမား ဆယ်ဦးကျော်က လာတိုင်ထားပါတယ်။ ဧက ၁၀၀ကျော်လောက်ရှိတယ်။ ဌာနဆိုင်ရာတွေနဲ့ရွှေသူဌေးအကျဉ်းဦးဌာနက များပါတယ်” ဟု NLD လယ်သမား ဆပ်ကော်မတီက ဦးနိုင်လင်းက ပြောကြားသည်။

လယ်ယာမြေ ဆပ်ကော်မတီမှာ လယ်သမားများထံမှ မတရားသဖြင့် သိမ်းထားမြေများနှင့် အစိုးရက သိမ်းထားသော လယ်မြေများကို သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ချိတ်ဆက်ပြီး တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့နောက် NLD လယ်သမား ဆပ်ကော်မတီမှာ ၁၉၈၈-၁၉၈၉ စတင်သော လယ်ကိစ္စများကို ဦးစာပေး ဆောင်ရွက်မည် ဖြစ်ပြီးနောက်ပိုင်း ကိစ္စများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြေစာရင်း ဦးစီးဌာသို့ ဆက်သွယ်မေးမြန်းရာ ရွှေသူဌေး အကျဉ်းဦးဌာနပိုင်မြေမှာ ၁၇၂၈ ဧကရှိကြောင်း သိရသည်။ ပထမအကြိမ် တိုင်ကြားစာဌာန ထုတ်ပြန်ချက်အရ တပ်မတော်မှ သိမ်းယူထားသော လယ်မြေ ဧကပေါင်းနှစ်သိန်း လေးသောင်း ခုနှစ်ဆယ့် ခုနှစ် ဧက ရှိပြီး မကွေးတိုင်းမှ တစ်သိန်းခြောက်သောင်းရှိကြောင်း သိရသည်။
ပိုင်လေး
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com