http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမေရိကန်ကို မဖြုံတဲ့ မြောက်ကိုရီးယားချာတိတ်

 အမေရိကန် ဘတ်စကက်ဘောသမား  Dennis Rodman က မြောက်ကိုရီးယားခေါင်းဆောင်သစ်လေးဟာ "လူရည်ချွန်လေး" (awesome kid) ဖြစ်တယ်၊ သူ့ဖေဖေ နဲ့ ဘိုးဘိုးတို့ကလည်း "ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေ" (great leaders)ပါပဲ လို့ ဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ခရီးစဉ် အဆုံးသတ်ချိန် သောကြာနေ့က အဲဒီလို ပြောလိုက်တာပါလို့ နိုင်ငံတကာ သတင်းတွေမှာ ရေးထားပါတယ်။

သူပြောတဲ့ လူရည်ချွန် ချာတိတ်လေးက အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။
ခေါင်းဆောင်လေး ကင်က "ကြီးမြတ်တဲ့ခေါင်းဆောင်တွေဖြစ်တဲ့ သူ့ဘိုးဘိုး၊ သူ့ဖေဖေတို့လိုပဲ သူကလည်း လူရည်ချွန်လေးပါပဲ၊ အင်မတန် ရိုးသားတယ်၊ ပြီးတော့ သူ့ဇနီးသည်ကိုလည်း အင်မတန် ချစ်ပါတယ်" လို့ Dennis Rodman က တရုတ်အစိုးရသတင်းဌာန ဆင်ဟွာကို ပြောလိုက်ပါတယ်။

သူ့ဘိုးဘိုး ကင်အီဆွန်း၊ သူ့ဖေဖေ ကင်ဂျုံအီး တို့ ဆိုတာ နိုင်ငံကို  ခပ်ကြမ်းကြမ်း အုပ်ချုပ်ခဲ့သူတွေပါ။နိုင်ငံမှာ အငတ်ဘေး ဆိုက်နေပေမယ့်လည်း ဒီသားအဖတွေက မိုက်တွင်းနက်ပြီး စစ်ရေး အားကောင်းအောင် လုပ်ကြသူတွေပါ။ဒီဇင်ဘာလအတွင်း တာဝေးပစ်ဒုံးပျံ ပစ်လွှတ်ခဲ့၊ အရင်လကလည်း  တတိယအကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။

ပြည်သူတွေ ဒုက္ခရောက်နေပေမယ့် စစ်အားကောင်းဖို့ပဲ ဆောင်ရွက်နေတာပါ။ နျူကလီးယား  စမ်းသပ်မှုကို နိုင်ငံတကာ နဲ့ ကုလသမဂ္ဂက ရှုတ်ချ အပြစ်တင်ကြပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်တို့က ဘယ်တုန်းကမှ သံတမန် ဆက်သွယ်ရေး မရှိခဲ့ပါဘူး တဲ့။ Dennis Rodman ရဲ့ သံခင်းတမန်ခင်းခရီးစဉ်ကနေ ဘာရလဒ်တွေ ရှိမလဲ မသိရသေးပါ။ အမေရိကန်နိုင်ငံခြားရေးဌာနက လွှတ်တဲ့ ခရီးစဉ်လည်း မဟုတ်ပါဘူး။

ဒီခရီးစဉ်က မြောက်ကိုရီးယားမှာ ရုပ်သံ နည်းနည်းပါးပါး ရိုက်ဖို့ပါပဲ လို့ ဆိုတယ်။ သို့သော်လည်း မြောက် အာဏာရှင်လေးနဲ့ ဘတ်စကက်ဘော အတူကြည့်၊ ညစာအတူစား စကားပြောခဲ့ပါတယ်။
ကင်ဂျုံအန်းက ဆွစ်ဇာလန်မှာ ပညာသင်ခဲ့တယ် ဆိုပေမယ့် သူ့ရဲ့ အင်္ဂလိပ်စကားက အကန့်အသတ် ရှိတယ်လို့ နယူးယောက်တိုင်းမ် သတင်းတပုဒ်က ဆိုပါတယ်။
သူ့နန်းတော်မှာ ရုပ်သံအဖွဲ့ကို ညစာကျွေးတော့ စကားပြန်တယောက် ထားထားပါတယ် တဲ့။

မကြာသေးခင် မြောက်ကို သွားခဲ့တဲ့ ဂူဂဲလ် ဥက္ကဋ္ဌ Eric Schmidt, နိုင်ငံရေးသမား  Bill Richardson တို့လည်း  ဒီအာဏာရှင်လေးနဲ့ တွေ့ခွင့် မရခဲ့ပါဘူး။ ဘတ်စကက်ဘော အရူးအမူးကြိုက်တဲ့ကင်က  အမေရိကန်-မြောက်ကိုရီးယား ကစားတဲ့ပွဲမှာ ဘတ်စကက်ဘော အကျော်အမော် Dennis Rodman နဲ့ တွဲကြည့်ခဲ့ပါတယ်။ နောင်ကိုလည်း ၂ နိုင်ငံပြည်သူတွေ ပိုမို နီးစပ်နိုင်အောင်လို့ ဒီလို အားကစားပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ် လို့ ကင်က ပြောပါတယ် တဲ့။

အဲဒီလိုသာ ပြောပေမယ့် Dennis Rodman မြောက်ကိုရီးယား ရောက်ပြီး နောက်တနေ့ အစိုးရအာဘော် အွန်လိုင်း ဆောင်းပါးတပုဒ်မှာ ရေးထားတာက အမေရိကန်ဟာ မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ လက်လှမ်းမီ ပစ်ခတ်နိုင်တဲ့နေရာမှာ ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ The Irrawaddy (Burmese Version)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com