http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ

လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက်မူ ပြဿဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရားမ၀င် လောင်းကစားပွဲ(အာဝါဒေး)များကို  ယနေ့မှစတင်ပြီး ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရသည်။

အဓိဌာန်အောင်ဘုရားဝင်းအတွင်း ဖမ်းဆီးထားသည့် လောင်းကစားခုံကြီး ၉၂ ခုကို  မီးရှို့ဖျက်ဆီးလိုက်သည်။“ပိုင်ရှင်တွေကိုဖမ်းဆီးရမိတာမရှိပေမဲ့ နောက်ကိုဆိုရင်တော့ ဒိုင်ကော၊  ပစ္စည်း ကော၊  ထိုးသားတွေကိုပါ ဖမ်းဆီးအရေးယူမယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတဦးကပြောသည်။လောင်းကစားပစ္စည်းများဖျက်ဆီးမှု အစီအစဉ်သို့  မြ၀တီခရိုင်ဥက္ကဌဦးသန်းဆွေ၊  ခရိုင်ရဲမှူးကြီးဦးအောင်မြင့် အပါအ၀င် အရာရှိ အများအပြား တက်ရောက်ခဲ့ကြသည်။

မြ၀တီမြို့ခံကျောင်းဆရာတဦးက “အရင်က ဘယ်လူကြီးပဲလာလာ ဘာအရေးယူမှုမှ မရှိဘူး။ အခုလာတဲ့ ခရိုင်ဥက္ကဌအသစ် ဦးသန်းဆွေကတော့ စပြီး ကိုင်တွယ်ပြီ။ ဘယ်အတိုင်းအတာအဖြစ် အလုပ်ဖြစ်မလဲ၊  တကယ်လား၊  အဟုတ်လား ဆိုတာတော့ စောင့်ကြည်ရအုံးမယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“ဒီပြဿနာက ကျောင်းသားလူငယ်တွေကို အများစု ပျက်စီးစေသလို (လောင်းကစားကြောင့်) ဒီနယ်မှာလည်း ရာဇ၀တ်မှုတွေက နေ့တိုင်းနီးပါးရှိတယ်” ဟု ကျောင်းဆရာက ဆက်ပြောသည်။

တန်ဆောင်မုန်းလမှ စတင်သည့် အာဝါဒေးပွဲများကို ခရိုင်အတွင်း နွေရာသီကာလများတွင် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊    မြို့တွင်းမြို့ပြင်များတွင် နေရာ ၇ ခုခန့်ရှိကြောင်း၊  ကစားကွင်းတနေရာတွင် လောင်းကစားခုံ ၅၀ ခန့်နှင့်လောင်းကြေးငွေ ကျပ်သိန်းရာချီရှိကြောင်း လောင်းကစားဒိုင်တဦးကပြောသည်။ အာဝါဒေးပွဲကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA စတင် ပေါ်ပေါက်ပြီးနောက် ထိုအဖွဲ့ရံပုံငွေရရှိရေးအတွက် ယခင်စစ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမှကျောင်းထိုင်ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

 မြ၀တီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဘားအံ စသည့် ကရင်ပြည်နယ်ရှိ  မြို့များတွင်  အာဝါဒေးပွဲများ အစဉ်အလာတရပ်အနေနှင့် တည်ရှိလာသည်မှာ နှစ် ၂၀ ပြည့် တော့မည်ဟုလည်း ၎င်းဘုန်းတော်ကြီးက ဖြည့်စွက်မိန့်ကြားသည်။

ယနေ့ဖမ်းဆီးမှုကြောင့် မြ၀တီခရိုင်အတွင်းရှိ လောင်းကစားပွဲများ ရပ်နားထားရသည်ဟု သိရှိရသည်။ မြ၀တီခရိုင်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတခုမှ တပ်မှူးတဦးက  ၎င်းတပ်ရင်းအတွက် လစဉ်ကုန်ကျသည့် ရိက္ခာဘိုး ကျပ်သိန်း ၃၀၀ ခန့်ကို အာဝါဒေးပွဲမှတဆင့် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။ကရင်ပြည်နယ်အတွင်း ကျင်းပသည့် ဘာသာရေးပွဲတော်များတွင်လည်း တညလျှင် ကျပ် ၅ သိန်းနှင့် အထက်ငှားရသည့် ဇာတ်ပွဲများအတွက် အာဝါဒေးကို မလွဲမသွေ ထည့်သွင်းရသည်ဟု ပြီးခဲ့သည့် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲ ကျင်းပခဲ့သည် ကော့ကရိတ်မြို့နယ်မှ ဆရာတော်တပါးက မိန့်ကြားသည်။
ပြည်တော်မြင့်
The Irrawaddy (Burmese Version)
(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ

Sunday, March 3, 2013

 လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက်မူ ပြဿဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။

မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရားမ၀င် လောင်းကစားပွဲ(အာဝါဒေး)များကို  ယနေ့မှစတင်ပြီး ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရသည်။

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

အဓိဌာန်အောင်ဘုရားဝင်းအတွင်း ဖမ်းဆီးထားသည့် လောင်းကစားခုံကြီး ၉၂ ခုကို  မီးရှို့ဖျက်ဆီးလိုက်သည်။

“ပိုင်ရှင်တွေကိုဖမ်းဆီးရမိတာမရှိပေမဲ့ နောက်ကိုဆိုရင်တော့ ဒိုင်ကော၊  ပစ္စည်း ကော၊  ထိုးသားတွေကိုပါ ဖမ်းဆီးအရေးယူမယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတဦးကပြောသည်။

လောင်းကစားပစ္စည်းများဖျက်ဆီးမှု အစီအစဉ်သို့  မြ၀တီခရိုင်ဥက္ကဌဦးသန်းဆွေ၊  ခရိုင်ရဲမှူးကြီးဦးအောင်မြင့် အပါအ၀င် အရာရှိ အများအပြား တက်ရောက်ခဲ့ကြသည်။

မြ၀တီမြို့ခံကျောင်းဆရာတဦးက “အရင်က ဘယ်လူကြီးပဲလာလာ ဘာအရေးယူမှုမှ မရှိဘူး။ အခုလာတဲ့ ခရိုင်ဥက္ကဌအသစ် ဦးသန်းဆွေကတော့ စပြီး ကိုင်တွယ်ပြီ။ ဘယ်အတိုင်းအတာအဖြစ် အလုပ်ဖြစ်မလဲ၊  တကယ်လား၊  အဟုတ်လား ဆိုတာတော့ စောင့်ကြည်ရအုံးမယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“ဒီပြဿနာက ကျောင်းသားလူငယ်တွေကို အများစု ပျက်စီးစေသလို (လောင်းကစားကြောင့်) ဒီနယ်မှာလည်း ရာဇ၀တ်မှုတွေက နေ့တိုင်းနီးပါးရှိတယ်” ဟု ကျောင်းဆရာက ဆက်ပြောသည်။

တန်ဆောင်မုန်းလမှ စတင်သည့် အာဝါဒေးပွဲများကို ခရိုင်အတွင်း နွေရာသီကာလများတွင် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊    မြို့တွင်းမြို့ပြင်များတွင် နေရာ ၇ ခုခန့်ရှိကြောင်း၊  ကစားကွင်းတနေရာတွင် လောင်းကစားခုံ ၅၀ ခန့်နှင့်လောင်းကြေးငွေ ကျပ်သိန်းရာချီရှိကြောင်း လောင်းကစားဒိုင်တဦးကပြောသည်။

အာဝါဒေးပွဲကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA စတင် ပေါ်ပေါက်ပြီးနောက် ထိုအဖွဲ့ရံပုံငွေရရှိရေးအတွက် ယခင်စစ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမှကျောင်းထိုင်ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

 မြ၀တီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဘားအံ စသည့် ကရင်ပြည်နယ်ရှိ  မြို့များတွင်  အာဝါဒေးပွဲများ အစဉ်အလာတရပ်အနေနှင့် တည်ရှိလာသည်မှာ နှစ် ၂၀ ပြည့် တော့မည်ဟုလည်း ၎င်းဘုန်းတော်ကြီးက ဖြည့်စွက်မိန့်ကြားသည်။

ယနေ့ဖမ်းဆီးမှုကြောင့် မြ၀တီခရိုင်အတွင်းရှိ လောင်းကစားပွဲများ ရပ်နားထားရသည်ဟု သိရှိရသည်။

 မြ၀တီခရိုင်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတခုမှ တပ်မှူးတဦးက  ၎င်းတပ်ရင်းအတွက် လစဉ်ကုန်ကျသည့် ရိက္ခာဘိုး ကျပ်သိန်း ၃၀၀ ခန့်ကို အာဝါဒေးပွဲမှတဆင့် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း ကျင်းပသည့် ဘာသာရေးပွဲတော်များတွင်လည်း တညလျှင် ကျပ် ၅ သိန်းနှင့် အထက်ငှားရသည့် ဇာတ်ပွဲများအတွက် အာဝါဒေးကို မလွဲမသွေ ထည့်သွင်းရသည်ဟု ပြီးခဲ့သည့် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲ ကျင်းပခဲ့သည် ကော့ကရိတ်မြို့နယ်မှ ဆရာတော်တပါးက မိန့်ကြားသည်။
- See more at: http://blog.irrawaddy.org/2013/03/blog-post_9993.html#sthash.TCdgYRe9.dpuf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com