http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ထိုင်းနိုင်ငံ လေ့လာရေးခရီး

ထိုင်းနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Damrong KRAIKRUAN (မစ္စတာ ဒမ်မရွန်း ကရိုင်ကရူယန်) နဲ့ တွေ့ဆုံဆွေးနွေးပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်များအရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဒီနေ့မှာ RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေကို မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး အကြံပေးဆွေးနွေးခဲ့တယ်လို့ ခရီးစဉ်မှာဦးဆောင်လာသူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်အရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးရာမှာ သူတို့တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး၊ မြန်မာပြည်ပြန်အခြေချ နေထိုင်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ညှိနှိုင်းဆောင်ရွက်နေတာတွေရှိကြောင်း ထိုင်းအစိုးရ ညွှန်ကြားရေးမှူးချုပ် Mr. Damrong Kraikruan က ရှင်းပြကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော်၊ ဦးထွန်းမြင့်အောင်နဲ့ ဦးကျော်ဖော်တို့ ပါဝင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မတ်လ ၂၀ရက်နေ့မှာတော့ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အဲဒီနောက် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းရာမှာ အထောက်အကူရဖို့အတွက် ထိုင်းနိုင်ငံအတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပွားနေခဲ့တဲ့ ပတ်တနီ၊ ယာလနဲ့ နရာသီဝပ်ခရိုင်တွေကိုလည်း သွားရောက်ပြီး ထိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးရောက်နေတဲ့ အနေအထားကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com