http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာမြို့၌ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကိစ္စအဝဝကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးထား


နေပြည်တော် မတ် ၂၃
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေအနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာ မတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည်။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဘုန်းဆွေနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ဦးစီးသည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးစခန်းအသီးသီးရှိ ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားရှိ၍ စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ဒုက္ခသည်များအား ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်များကို ဖြန့်ဝေပေးလျက်ရှိပြီး၊ စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိရာ ဧဒင်ကုမ္ပဏီ၊ မန္တလေးမြို့ရှိ သံဃာများနှင့် အလှူရှင်များ၊ The Action Time Foundation၊ Sky Net ရုပ်သံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်ဦး၊ ရမည်းသင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးတို့က ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်မျိုးစုံ၊ ရေသန့်ဗူးများ၊ အအေးဗူးများ၊ ဆန်အိတ်များ၊ ဆေးဝါးများ၊ မိုးကာတဲများ၊ အထည်မျိုးစုံ၊ ကော်ဖီမစ်ထုပ်များ၊ ဓါတ်ဆားထုပ်များနှင့် အလှူငွေများကို လာရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်လျက်ရှိသော ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်းများသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့သို့ ယနေ့ မွန်းလွဲပိုင်းတွင် Y-8 လေယာဉ်ဖြင့် ရောက်ရှိလာသည်။

ကယ်ဆယ်ရေးစခန်းများမှာ နေရပ်အသီးသီးရှိ မိမိတို့ နေအိမ်သို့ ပြန်လိုသူများကိုလည်း သက်ဆိုင်ရာက လုံခြုံရေး တာဝန်ယူ၍ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများသည် ဒေသတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် အပျက်အစီးများအတွင်းမှ စုစုပေါင်း သေဆုံးသူ (၂၁) ဦး၏ ရုပ်အလောင်းများကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေပြီး အမည်နှင့် လူမျိုး ဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ယနေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ စုစုပေါင်း (၃၂) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်သမ္မတရုံး)
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com