http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံမှ တရားဝင် သတင်းထုတ်ပြန်

Friday, March 22, 2013
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံပိုင် ရုပ်သံများမှ မတ် ၂၁ ရက် ည ၈ နာရီ သတင်းများတွင် တရားဝင် ထုတ်လွှင့်သွားသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ "မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သာမန်ဈေးအရောင်းအ၀ယ် အချင်းများရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး မကျေနပ်သူများက အဆောက်အဦများနှင့်ဈေးဆိုင်ခန်းတစ်ချို့ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေးအတွက် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မတ် ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီး ထားကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မိတ္ထီလာမြို့ မြို့မအရှေ့ပြင်ဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ မိတ္ထီလာမြို့၊ ပြွန်ကောက်ကျေးရွာ အနီး ဦးခင်မောင်ဝင်း ဇနီးမအေးနိုင်နှင့် မညိုသန်းတို့ သုံးဦးကရွှေဆံကုပ်တစ်ခုအား ရောင်းချရန် သွားရောက်ရာ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးခေါ် အာရှစ်၊ ဇနီးမညွန့်ရီအေး၊ ဆိုင်လုပ်သား ညီညီခေါ် ၀င်းအောင်တို့က ရွှေဆံကုပ်ကို ငွေကျပ် တစ်သိန်းငါးထောင်ပေးမည်ဟုဈေးညှိနှိုင်း သဘောတူပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူသွားခဲ့ကြောင်း၊ ဈေးအတွင်းမှ ပြန်ရောက်ချိန်တွင် ရွှေဆံကုပ်မှာ ပဲ့နေပြီး ဆိုင်ရှင်တို့က ငွေကျပ်ငါးသောင်းသာ ပေးတော့မည်ဟု ပြောဆိုရာ ဆိုင်ရှင်မိသားစုနှင့် ရွှေဆံကုပ်ရောင်းချသူ မိသားစုများ အချင်းများကြပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဦးခင်မောင်ဝင်းမှာ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်း မှာ (ပ) ၇၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉(၁၄)/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး ဆိုင်ရှင်ဦးထွန်းထွန်းဦး အပါအ၀င် သုံးဦးအား ဖမ်းဆီးထိန်းသိမ်းထားရှိခဲ့ကြောင်း သိရ ပါတယ်။

အဲဒီနောက် မွန်းလွဲတစ်နာရီကျော်ခန့်မှာ အခင်းဖြစ်ပွားရာ ရွှေဆိုင်အနီးသို့ အထက်ပါဖြစ်စဉ်အပေါ် မကျေနပ်သူ လူအုပ်စုများ ရောက်ရှိလာပြီး ယင်းအုပ်စုမှ လူအချို့က ဈေးဆိုင် ၆ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဲဒီနောက် ဈေးအနောက်ဘက်ရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအား ဖျက်ဆီးခြင်း၊ အနီးရှိ ဆိုင်ကယ်လေးစင်းအား ဖျက်ဆီးခြင်းများ ပြုလုပ် ခဲ့ကြကြောင်း၊ အဲဒီနောက် ညပိုင်းအထိ လူအုပ်စုများက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါလူအုပ်စုတို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖျက်ဆီးမှု တို့ကြောင့် ဈေးအရှေ့ပြင်ရပ်ကွက်ရှိ အခင်းစတင်ဖြစ်ပွားတဲ ရွှေဆိုင် တစ်ဆိုင်၊ ဘာသာရေး အဆောက်အအုံတစ်လုံးနှင့် ဂျစ်ကား တစ်စီး၊ အောင်ဇေယျာရပ်ကွက်ရှိ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး၊ တော်ဝင်နန်းလမ်းဆုံအနီးရှိ ဆိုင်ခန်းများနှင့် အခြားအဆောက်အဦ ၁ လုံး၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦတစ်လုံး၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ကားပစ္စည်းဆိုင်နှင့် အဆောက်အဦအချို့၊ ပြည်သာယာရပ်ကွက်ရှိ အဆောက်အဦအချို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ အဆောက်အဦအချို့နှင့် ၁၀ ဘီးကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီအထိ ရရှိတဲ့ သတင်းများအရ သံဃာ ၁ ပါး ပျံလွန်တော်မူကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း၊ ၃၉ ဦး စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့တဲ့အတွက် မိတ္ထီလာဆေးရုံမှာ အတွင်းလူနာ၊ အပြင် လူနာများအဖြစ် ဆေးဝါးကုသပေးခဲ့ကြောင်း သိရပါတယ်။ သို့ဖြစ်ပါ၍
မတ်လ ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မိမိမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ကျင့်သုံး၍ တားမြစ်မိန့်ပိတ်ပင်ထားကြောင်း သိရပါတယ်။

အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့အညီ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် မြို့နယ်ရပ်ရွာ အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ဖောက်ဖျက်ပြီး ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြ သူများအား တရားဥပဒေအရ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်" ဟု ထုတ်ပြန်သွားခဲ့သည်။
Eleven Media Group  

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com