http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးအား အဓမ္မပြုကျင့်သည့်အမှုကို မတ် ၁၄ ရက် ရုံးချိန်း ထပ်မံခေါ်ဆိုပြီး ခိုးမှုဖြင့် ပြန်လည်တရားစွဲဆိုသည့် အမှုကို မတ် ၁၅ ရက် စတင်စစ်ဆေးမည်

Friday, March 8, 2013
မြောက်ဥက္ကလာပမြို့နယ်ရှိ ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင်မှ အသက် ၁၅ နှစ်အရွယ် ၎င်း၏ ဆိုင်ဝန်ထမ်း မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် ခဲ့သည် အမှုကို လာမည့် မတ် ၁၄ ရက်တွင် ထပ်မံရုံးချိန်း ခေါ်ဆိုလိုက်ပြီး ဆိုင်ပိုင်ရှင်၏ ဇနီးမှ အဆိုပါ မိန်းကလေးအား ခိုးမှုဖြင့် ပြန်လည် တရားစွဲဆိုသည့် အမှုကို မတ် ၁၅ ရက်တွင် စတင်စစ်ဆေးမည်
ဖြစ်ကြောင်း သိရသည်။

ဆိုင်ဝန်ထမ်း မိန်းကလေး၏ ဦးလေးတော်စပ်သူကိုမူ မတ် ၆ ရက် က အရှေ့ပိုင်းခရိုင် တရားရုံးမှ စစ်ဆေးခဲ့သည်။

ဆိုင်ပိုင်ရှင်၏ ဇနီးက ခိုးမှုဖြင့် ပြန်လည်စွဲဆိုမှု အတွက် မိန်းကလေးငယ်သည် ယခင်ထိန်းသိမ်း စောင့်ရှောက်ထားသော နတ်မောက်လမ်းရှိ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် နေထိုင်ခွင့် မရှိတော့ချေ။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ အရ အသက် ၁၆ နှစ် အောက် ကလေးဖြစ်သည့် အတွက် ခိုးမှုဖြင့် ယခုလို အမှုဖွင့်ထားသော်လည်း ဥပဒေကြောင်းအရ အာမခံဖြင့် ပြင်ပတွင်ပြန်လည် နေထိုင်ခွင့် ရရှိခဲ့ကြောင်း တရားလို မိန်းကလေး၏ ရှေ့နေ ဒေါ်စိုးစိုးမော်က ပြောသည်။

ဆိုင်ရှင်၏ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကပင် “သမီးကို အနိုင်ကျင့်တဲ့ အကြိမ်တိုင်း ပါးစပ်တွေကို အတင်းပိတ်ပြီး နင့်အမေတွေ အစ်မတွေကို မပြောနဲ့၊ ပြောရင် သတ်ပစ်မယ်လို့ သူကပြောပါတယ်။ သမီးကို အဲဒီအိမ်ကနေ တခြားနေရာတွေ လျှောက်ပြောင်းခိုင်းတုန်းက သူတို့ကိုယ်တိုင်ပဲ ကားနဲ့လိုက်ပို့ခဲ့တာပါ။ သူတို့ဆီက ပစ္စည်းလည်း သမီးမခိုးရပါဘူး” ဟု ပြောသည်။

ထို့အတူ မိန်းကလေးငယ်၏ အမေ ဒေါ်တင်ဌေးကလည်း “ခိုးမှုနဲ့ ပြန်အမှုဖွင့်ပြီး တရားစွဲတယ်ဆိုရင် သူတို့ လူပျောက်မတိုင်ခင် ကတည်းက တရားစွဲပါလား။ ကျွန်မတို့ ဘက်ကနေ ပုဒ်မ ၃၇၆ နဲ့ အမှု ဖွင့်လိုက်တော့မှ ဘာလို့သူတို့ဘက်က တရားစွဲရတာလဲ။ ငွေရှိတိုင်း လုပ်ချင်တာ လုပ်လို့မရပါဘူး” ဟု ပြောသည်။

အဆိုပါ အသက်မပြည့်သေးသော မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရသည့် အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိမ်းမှ လက်ခံစစ်ဆေးပြီး မိန်းကလေးဘက်မှနေ၍ ရှေ့နေများ ကွန်ရက်မှ ရှေ့နေကြီး ဦးအောင်သိန်း၊ ရှေ့နေ ဒေါ်စိုးစိုးမာတို့မှ
ဆောင်ရွက်ကြမည်ဖြစ်ပြီး ၎င်းတို့သည် အဓမ္မပြုကျင့်ခံရသည့် အမှု
အပါအ၀င် ခိုးမှုဖြင့် တရားခံအဖြစ် စွပ်စွဲခံရသည့် အမှုအပေါ်လည်း ဆက်လက် ဆောင်ရွက်ကြမည် ဖြစ်သည်။

Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com