http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘန်ကောက်ဆေးရုံတွင် အာကြီး ဆေးကုသမှုခံယူ

ဘန်ကောက်ဆေးရုံတွင် အာကြီးဆေးကုသမှုခံယူ
"မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်" ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာ သွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကိုဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က "ရိုးရိုးသာမန်အအေးပတ်တာပါပဲ။ အခုတော့အားလုံးကောင်းပါပြီ။ ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာကအမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်း တွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက် ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့ သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။ ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက် မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါတယ်။ အေးချမ်းမွန်မှ ( Popular Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည် ‎"မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်"

ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာသွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကိုဖေဖော်ဝါရီ ၁၉ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က"ရိုးရိုးသာမန်အအေးပတ်တာပါပဲ။ အခုတော့အားလုံးကောင်းပါပြီ။ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွား တာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R
ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာကအမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်းတွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက်ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။

ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက်မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါတယ်။
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com