http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဂါလံ ၅၀၀ ထုတ်ပေးနိုင်သည့် ဒီဇယ်ဖြူ ပြီးနောက် ဓါတ်ဆီဖြူ လာတော့မည်


20 Mar, 2013
ဒီဇယ်မှဒီဇယ်ဖြူ(White Diesel)ပြောင်းလဲထုတ်လုပ်လိုပါက တစ်ရက်လျှင် ဂါလံ ၅၀၀ခန့် ပြည်တွင်း၌ပင် ထုတ်ပေးနိုင်ကြောင်း စက်မှုနှင့် စက်သုံးဆီထုတ်လုပ်ရေးအင်ဂျင်နီယာသုတေသီများထံက သိရသည်။

ရွေ့လျားဒီဇယ်ဖြူ (White Diesel)ထုတ်စက်အား မည်သည့်နေရာဒေသတွင် မဆို လိုအပ်၍ ခေါ်ယူလိုပါ ထုတ်လုပ်ပေးနိုင်ကြောင်းကိုလည်း အင်ဂျင်နီယာသုတေသီဦးကျာ်ကျော်က ဆိုသည်။

“အခုထုတ်မဲ့စနစ်က မော်တော်ကားပေါ်မှာ ဒီဇယ်ဖြူထုတ်စက်ကို တင်ထားပြီးတစ်ဘက်က ဒီဇယ်ထည့်လိုက်ရင် နောက်တစ်ဘက်ကနေသူ့အချိန်၊ သတ်မှတ်တဲ့ မိနစ်ပြည့်ပြီဆိုတာနဲ့ ဒီဇယ်ဖြူအဖြစ် ပြန်ထုတ်ပေးမှာပါ၊ တစ်ရက်ကိုဂါလံ ၅၀၀ စပြီး၊ ထုတ်ပေးနေပါပြီ၊ မန္တလေးက ခေါ်မယ်ဆို မန္တလေးကို ဒီကား ရွှေ့သွားယုံဘဲ၊ ဘယ်ကခေါ် ခေါ် အလွယ်တကူသွားလို့ ရပါတယ်”ဟု အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ပြောသည်။ အဆိုပါ ဒီဇယ်ဖြူကို သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည့်အပြင်ဒီဇယ်ဂါလံ ၁၀၀ အပ်လျှင်ပြောင်းလဲပြီးဒီဇယ်ဖြူ ၁၂၅ ဂါလံရရှိမှာဖြစ်သည့်အတွက် ဂါလံအရေအတွက်များလျှင် အပ်နှံသူ ဘက်မှ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။

“မီးရထား၊ သင်္ဘော၊ ကားတွေကနေ နေ့စဉ်ထွက်လာတဲ့အဆိပ်ငွေ့တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိမယ်၊ ကာဗွန်မို နော့ဆိုဒ်၊ ကာဗွန်ဟိုက်ဒြောဆိုဒ် အားလုံးကို ဒီဇယ်ဖြူက လျှော့ချပေးနိုင်တယ်၊ ဒါ့အပြင် ဒီဇယ်ဂါလံ ၁၀၀၀ လာအပ်ရင် ဒီဇယ်ဖြူ ၁၂၅၀ ဂါလံရမယ်၊ဒီဇယ်ပေပါ အလုံး ၁၀၀ အပ်ရင် ဒီဇယ်ဖြူ ၁၂၅ လုံးပြန်ရမယ်၊ ကိုယ်က ၁ ဂါလံ Convert လုပ်ခ ၂၅၀- ၃၀၀ ပဲယူမယ်၊ လာအပ်တဲ့သူကိုလည်း ကိုယ့်ထက်ပိုများများရစေ ချင်တယ်”ဟု အင်ဂျင်နီယာသုတေသီဦးကျော်ကျော်မှပြောသည်။


အဆိုပါ White Diesel ထုတ်စက်နှင့် နည်းပညာများကိုမြန်မာပြည်တွင်း၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇယ်မှ ဒီဇယ်ဖြူ ရရှိစေရန် ရေ၊ဒီဇယ်နှင့်သဘာဝအော်ဂဲနစ်မှထုတ်ယူထားသည့်ဓာတု ပစ္စည်းပါဝင်ကြောင်းနှင့် ကားများ မီးစက် များ လယ်ထွန်စက်များအား ဒီဇယ်လုံးဝမသုံးဘဲ၊ ပြောင်းလဲထားသော ဒီဇယ်ဖြူ တစ်မျိုးထဲနှင့်သာ စမ်းသပ်   မောင်းနှင်ပြီးဖြစ်ကြောင်း သိရသည်။

“ပထမဆုံး White Diesel နဲ့ တစ်လုံးအင်ဂျင်ကိုမောင်းတယ်၊အဲ့ဒီ့ကနေတဆင့်ထပ်မြှင့်ပြီး ၂၀၀၀ CC လိုက်ထရပ် ဇုန်ထုတ်ကားကို မောင်းတယ်၊ မုံရွာမှာ သီဟထွန်းကုမ္ပဏီက ထုတ်တဲ့မြင်းကောင်ရေ ၂၂ ကောင်အားရှိတဲ့ လယ်ထွန်စက်မှာသုံးတဲ့ အင်ဂျင်ကိုဘာ ဒီဇယ်မှမပါပဲ ဒီဇယ်အကုန်ဖောက်ချပြီး White Diesel အင်ဂျင်ထဲ ထည့်ပြီး မောင်းပြခဲ့တယ်”ဟု အင်ဂျင်နီယာသုတေသီတစ်ဦးက ပြောသည်။

ဒီဇယ်ဖြူကို ၂၀၁၀ ခုနှစ် ဇူလိုင်လမှစတင်၍ စမ်းသပ်မူများပြုလုပ်ခဲ့ပြီး ယခုအခါ အောင်မြင်စွာအသုံးပြုနှိင်ပြီ ဖစ်ကြောင်းနှင့် များမကြာမီကာလအတွင်း ဓာတ်ဆီဖြူပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာ သုတေသီအသိုင်းအ၀ိုင်းမှသိရသည်။

“အဓိကကတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုနှိင်အောင် လုပ်နှိင်ရင်တော့ ကောင်းပါတယ်၊ဒီဇယ်ဖြူနဲ့မောင်းလို့ ရတယ်ဆိုပေမဲ့ အင်ဂျင်ကို ထိခိုက်မှုရှိတယ်မရှိဘူးဆိုတာ သေသေချာချာသိအောင် လုပ်ပေးဖိုတော့လိုမယ် ၊ ဈေးသက်သာတယ် ဆိုရင် သယ်ယူပိုဆောင်စရိတ်သက်သာမယ်၊ ဒါဆိုကုန်ပစ္စည်းဈေးနှုန်းလည်း ကြလာနှိင်တယ်” ဟု အဝေးပြေးကုန်တင်ကားမောင်းသူကိုဝင်းမောင်က ဆိုသည်။

အဆိုပါဒီဇယ်ဖြူအားအိမ်နီးချင်းနိုင်ငံများဖြစ်သည့်ထိုင်းနှင့် စင်္ကာပူတွင်ကျယ်ပြန့်စွာအသုံးပြုလျှက်ရှိပြီး ဂျပန်၊ အမေရိကန်၊ ဂျာမနီစသောနိုင်ငံကြီးများ၌လည်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) မှ စတင်အသုံးပြုခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com