လက်ပံတောင်းတောင် အစီရင်ခံထွက်လာပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အစီရင်ခံစာ ထွက်လာမှုအပေါ်မှတ်ချက်ပြုပြောကြားချက်တစ်ရပ် ယနေ့နေ့လည်ပိုင်းက ထုတ်ပြန်လိုက်သည်။
"ကျွန်တော်တို့ ဒီသတင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ သတင်းပေးပို့ချက်တွေကို မှတ်သားထားပါတယ်။ တရုတ်အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီတွကို မြန်မာနိုင်ငံနဲ့ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားကိုအခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ အားပေးပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံပူးပေါင်းစီမံကိန်းတွေကနေ နှစ်နိုင်ငံပြည်သူတွေရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်နိုင်ပါလိမ့်မယ်" ဟု မှတ်ချက်ပြုပြောကြားသည်။
7Day News Journal
နှစ်နိုင်ငံပူးပေါင်းစီမံကိန်းတွေကနေ နှစ်နိုင်ငံပြည်သူတွေရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်နိုင်
Labels:
ပြည်တွင်းသတင်း