ဂရိနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၁ ဦး သောကြာနေ့က ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရိနိုင်ငံရှိ ထရီကာလာ အကျဉ်းထောင်မှ အယ်လ်ဘေးနီးယား အကျဉ်းသား ၁၁ ဦးက ထွက်ပြေးလွတ်မြောက်မသွားမီ အကျဉ်းထောင်စောင့်များနှင့် AK-47 ကိုင် သေနတ်သမားများကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
AK-47 ရိုင်ဖယ်နှင့် လက်ပစ်ဗုံးများ ကိုင်ဆောင်ထားသည့် သေနတ်သမား ၆ ဦးခန့်က ကားနှစ်စီးဖြင့် ရောက်ရှိလာကာ အကျဉ်းထောင်အား တိုက်ခိုက်ခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ်အတွင်း အကျဉ်းသားများက အကျဉ်းထောင်၏ ခေါင်မိုးသို့တွယ်တက်ကာ ထိုမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း RT News တွင် ဖော်ပြသည်။
Planet Myanmar Network
ဂရိအကျဉ်းထောင်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်
Labels:
ပြည်ပသတင်း