http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေဈေး အတက်အကျမြန်၊ မရှုံးဘဲ ငွေဖေါ်နိုင်ရန် ကြိုးစားလာ

အင်္ဂါနေ့၊ မတ်လ ၂၆ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန် ရွှေဈေးကွက်အတွင်း ဈေးနှုန်း အတက်အကျ မြန်ဆန်မှုကြောင့် လက်ဝယ်ရှိ ရွှေများကို အရှုံးမခံဘဲ ငွေဖေါ်နိုင်ရန် ကြိုးစားလာရကြောင်း ရွှေကုန်သည်များက ဆိုသည်။

“မတ်လ ၁၈ ရက်နဲ့ ၂၃ ရက်အတွင်းမှာ ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒေါ်လာက ကိုက်တော့ ရွှေသမားအချို့လည်း

ရွှေဘက် ပြန်မလှည့်လာကြသေးဘူး။ အရေးပေါ် ငွေလိုသူက လွဲရင် အများစုက ကိုယ်ဝယ်ထားတဲ့ ရွှေဈေးနဲ့ ပေါက်ဈေးကို ယှဉ်ပြီး ကိုက်မှ၊ မြတ်မှ ပြန်ထုတ်ရောင်းကြတာ။ ဒီတစ်ပတ် ပေါက်ဈေးတွေက သိပ်မကိုက်တော့ ထုတ်ရောင်းတဲ့သူ နည်းတယ်။ အရပ်ဝယ်လက်တွေလည်း ထုတ်ရောင်းတာလည်းမရှိ၊ အဝယ်လည်း မရှိဘူး ငြိမ်တယ်။ ဒါကြောင့် ကုန်သည်အချို့ရဲ့ လက်ထဲရှိတဲ့ ရွှေကို မရှုံးပဲငွေဖေါ်နိုင်ဖို့ ကြိုးစားလာကြတယ်” ဟု ရွှေကုန်သည် ဦးအေး က ပြောသည်။

မတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ပြည်တွင်းရွှေ ၁ ကျပ်သား အမြင့်ဆုံးဈေးမှာ ကျပ် ၇၅၁,၀၀၀ ရှိခဲ့ပြီး အနိမ့်ဆုံးဈေးမှာ ကျပ် ၇၃၅,၈၀၀ ဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် အမြင့်ဆုံးဈေးမှာ ၁,၅၉၈ ဒေါ်လာနှင့် အနိမ့်ဆုံးဈေးမှာ ၁,၅၇၉ ဒေါ်လာ
ဖြစ်ခဲ့သည်။

သို့သော် မတ်လ ၁၈ ရကမှ ၂၃ ရက်အတွင်း ပြည်တွင်းရွှေ အမြင့်ဆုံးဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၅၂,၄၀၀ နှင့် အနိမ့်ဆုံး ကျပ် ၇၄၉,၀၀၀ ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးတွင် ၁ အောင်စလျှင် အမြင့်ဆုံးဈေး ၁,၆၁၄ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးဈေးမှာ ၁,၅၉၈ ဒေါ်လာ ဖြစ်ခဲ့သည်။

“ပြီးခဲ့တဲ့ အပတ်က ပြည်တွင်းရွှေဈေးက ၇၅၁,၀၀၀ ကျပ်နဲ့ ၇၃၅,၈၀၀ ကျပ် အတွင်း ဖြစ်ခဲ့တယ်။ ကွာဟမှုက ကျပ် ၁၅,၂၀၀ ပါ။ ဒီအပတ်မှာ ပြည်တွင်းရွှေဈေးက ကျပ် ၇၅၂,၄၀၀ နဲ့ ၇၄၉,၀၀၀ ကျပ်အတွင်းမို့ ကွာဟမှုက ကျပ် ၃,၄၀၀ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေး က ပြီးခဲ့တဲ့ အပတ်မှာ ၁,၅၉၈ ဒေါ်လာနဲ့ ၁,၅၇၉ ဒေါ်လာအတွင်း ဖြစ်ခဲ့တယ်။ ကွာဟမှုက ၁၉ ဒေါ်လာပါ။ ဒီတပတ်မှာတော့ ၁,၆၁၄ ဒေါ်လာနဲ့ ၁,၅၉၈ ဒေါ်လာအတွင်း ဖြစ်ခဲ့တာကြောင့် ကွာဟမှုက ၁၆ ဒေါ်လာ ရှိပါတယ်” ဟု ဦးအေး က ဆက်ပြောသည်။
ယခုအပတ်အတွင်း လက်ကြီးများလည်း နယ်စပ်ပေါက်ဈေးနှင့် ချိန်ကာ ဈေးမကိုက်သဖြင့် အဝယ် အရောင်းမရှိ ငြိမ်နေကြောင်း သိရသည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com