http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက ဘာမှအရေးမကြီးဘူး
တောတောင်ကို ချစ်တတ်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စုံစမ်းရေးကော်မရှင်အစီရင်ခံစာမှာ ဘာပဲရေးထားရေးထား
ကင်မရာတွေရှေ့ မှာ ဒရာမာလုပ်ပြဖို့က ပိုအရေးကြီးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့လိုချင်တာ အနာဂတ်မဟုတ်ဘူး
ငါတို့ဖော်ဆောင်ချင်တာ အာဃာတ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့ပြောချင်ရာ ပြောလို့ရပြီ
ရေးချင်ရာ ရေးလို့ရပြီ
အော်ချင်ရာ အော်လို့ရပြီ
ငါတို့ကို မဖမ်းတော့ဘူး
အခြေအနေ အားလုံးကောင်းသွားပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စစ်သားတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့မလိုဘူး
လုံးဝဥဿုံဒီမိုကရေစီအတွက်
သူသေကိုယ်သေ ဆော်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တတွေအတွက်
အမျှော်အမြင်ကြီးတဲ့၊ ရိုးသားတဲ့၊ ရဲရင့်တဲ့
ခေါင်းဆောင်ကောင်းတွေ ဒုနဲ့ဒေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဒီမိုကရေစီ ရှေ့ ခရီးအတွက်
အာပေါက်အောင်ပြောရမလား လာထားဆိုတဲ့
သွဲ့သွဲ့ဝင်း တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တွေရှေ့ မှာ
မှောက်ချည် လှန်ချည်နဲ့ လိုရာရောက်အောင်
နည်းပရိယာယ် ကျွမ်းကျင်လှတဲ့
ဟန်ဝင်းအောင် မားမားမတ်မတ်ရပ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်နောင်ရေး စိတ်အေးရအောင်
စစ်ရေးနဲ့ နိုင်ငံရေး နှစ်ဘက်စလုံးထူးချွန်တဲ့
တော်လှန်ရေးအလုံးကြီး ငုံထားတဲ့
ကမ္ဘာ့ခေါင်မိုးပေါ်က မိုးသီးဇွန် ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဘဏ္ဍာရေးအတွက် ပူစရာမလိုဘူး
အပြည်ပြည်ဆိုင်ရာကနေ ဘယ်လိုတောင်းရမလဲဆိုတာ
နောကျေနေတဲ့
နိုင်အောင် နဲ့ ခင်ဥမ္မာ တို့ လင်မယား အပြူးလိုက်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မဟာဗျူဟာနဲ့ ပတ်သက်လာရင်
ကွန်မြူနစ်မျက်လုံးနဲ့ ဝေဖန်သုံးသပ်တတ်ပြီး
အရင်းရှင်လို လေချဉ်တက်တတ်တဲ့
သူရိန်ကျော်ဇော (ခေါ်) ဝတုတ် တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စဉ်းစားတာကနောက်မှ
ထစ်ကနဲဆို လမ်းပေါ်မှာ အော်ပြီးသားဆိုတဲ့
နော်အုန်းလှလဲ ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့အပေါ် မေတ္တာစစ်နဲ့ ချစ်ချစ်ပြတတ်တဲ့
ဘီဘီစီ လေတပ်ကြီးတခုလုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မွှန်နေတဲ့ ပြည်သူတွေအတွက် အိညက်အိညက်နဲ့ အမှောင်ခွင်းမယ့်
ဖေ့စ်ဘုတ်ချိုတူးဇော် (ရဲရဲတောက် ယူအက်စ်အေ) ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လိုအပ်လာရင် ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ကလော်ဆဲမယ့်
စင်ကာပူက ကိုပေါရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ပြည်သူတွေကို အွန်လိုင်းပေါ်ကနေ လမ်းမှန်ညွှန်ပြတည့်မတ်မယ့်
စတုတ္ထမဏ္ဍိုင်ကြီး မဲဆောက်လွဏ်းဆွေရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လူပုံနဲ့ လုပ်ရပ်က မနှဲလေးနဲ့တူပေမယ့်လဲ
အာဠာဝကလို လေလည်တတ်တဲ့
ကဗျာအောင်ဝေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
၄၇ ထဲက ရိုင်းခဲ့တဲ့သမိုင်း
ရှေ့ ဆက်ပြီးလဲ ရိုင်းပါစေတော့။


(ဤကဗျာလိုလိုစာလိုလို စာစုတွင် မပါဝင်လိုက်ရဘဲ ကြွင်းကျန်ရစ်သော မြန်မာလူထုကြီး အားကိုးအားထားပြုနိုင်ရာ အမည်ရှင်များ သီးခံခွင့်လွှတ်ကြပါလေကုန်။)
စန်ဒရာ မှ ဘလော့တွင် ပေးသော Comment ကို ထပ်ဆင့်ဖော်ပြသည်။
FB-Sun Ny

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com