http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိထ္ထီလာမြို့ပဋိပက္ခမှာ ဆူပူမှုကို အခွင့်ကောင်း ယူဖန်တီး သူများကြောင့် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော

မိထ္ထီလာမြို့တွင် မတ်လ၂၀ရက်မှ ယနေ့အထိ ဖြစ်ပေါ်နေသော လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့များ၊ လုံခြုံရေးဝန်ထမ်းများမှ နိုင်နင်းစွာထိန်း သိမ်းနိုင်ခြင်းမရှိခြင်းမှာဆူပူမှုကို အခွင့်ကောင်း ယူဖန်တီး သူများကြောင့် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် မိထ္ထီလာမြို့တွင်း၌ မြို့ခံများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး မြို့၏ပဋိပက္ခကို သတင်းလာရောက်ရယူသော သတင်းထောက်အချို့မှာ ခြိမ်းခြောက်ခံရခြင်း၊ မြို့တွင်းပိတ်မိနေခြင်းတို့ ကြုံတွေ့နေရကာ လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအပေါ် ဝေဖန်မှုထွက်ပေါ်လျှက်ရှိသည်။ အကြမ်းဖက်မှုများ နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိခြင်းမှာရဲအင်အား မလုံလောက်ခြင်းက အဓိကမကျဘဲ လူဦးရေ ခြောက်သိန်းခန့်ရှိသည့် မြို့ကြီးကိုတည်ငြိမ်အောင် ထိန်းသိမ်းရသည်မှာ မြို့ခံများကိုယ်တိုင်၏ ပူးပေါင်းပါဝင်မှု၊ တရားဥပဒေစိုးမိုးမှုအပေါ်လိုက်နာမှု အဓိကကျကြောင်း ဦးရဲထွဋ်က ပြောသည်။

“ခုဟာက ရဲက မြောက်သွားရင် တောင်က လုတယ်။ တောင်သွားရင် မြောက် ကလုတယ်။ အဲဒီလိုဖြစ်နေတယ်။ အဓိကက ရဲအင်အားမလုံလောက်တာမဟုတ်ပါဘူး။ လူဦးရေ လေးငါးခြောက်သိန်းလောက်ရှိတဲ့ မြို့ကြီးကို ကာကွယ်ဖို့က လူတွေကိုယ်တိုင်က မဆူချင်မပူချင်မှရတာ။ ခုဟာက ကျွန်တော်တို့ သိရသလောက် လုချင်ယက်ချင်တဲ့ သူက များနေတယ်”ဟုပြောသည်။

“သတင်းထောက်တွေကိုလည်း ဓာတ်ပုံရိုက်ရင် ရန်ရှာတယ်လို့ သတင်းတွေကြားထားပြီးပြီ။ အဲဒီလိုလူမျိုးတွေရှိတဲ့ နေရာမှာရဲတွေအလုပ်လုပ်ရတာ ဘယ်လောက်ခက်လဲ စဉ်းစားကြည့်ပါ”ဟု ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် မိထ္ထီလာမြို့၌ ရဲတပ်ရင်းသုံးရင်း၊ မိထ္ထီလာမြို့တောင်ဘက်ရမည်းသင်းခရိုင်မှ ရဲတပ်ဖွဲ့များ၊ ရမည်းသင်း ရဲသင်တန်းကျောင်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်ယူထားကြောင်း ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။ မတ်လ ၂၂ ရက်(ယနေ့)တွင် ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေအနေ သတင်းများကို ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြားသတင်းများတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့နေ့လည်ပိုင်းမှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တုတ်၊ဓား ကိုင်ဆောင်ထားသူများထံမှ တုတ်ဓားများကို သိမ်းဆည်းနေပြီး လုံခြုံရေးအတွက် တင်းကြပ်စွာ ဆောင်ရွက်နေကြောင်းမိတ္ထီလာမြို့မှ သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com