http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘဏ်အချို့တွင် ငွေစက္ကူအတုများ လက်ခံရရှိနေသေည်လည် စီးပွားရေးလောကအတွင်း၌ လည်ပတ်သုံးစွဲနေမှုများ ရှိနိုင်ကြောင်း ဘဏ္ဍာ/အခွန် ဒုတိယဝန်ကြီးပြောကြား

ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုတွင် ငွေစက္ကူ ငါးထောင်ကျပ်တန်များကို စစ်ဆေးနေစဉ်


ငွေကြေး အတုအစစ် ခွဲခြားသည့် စက်များဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း ဘဏ်အချို့တွင် ငွေစက္ကူ အတုများ လက်ခံရရှိနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအထိ ကာလအတွင်း ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း ကျပ်သိန်း ၂၀၀ နီးပါး စစ်ဆေးလက်ခံ ရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဆက်လက်ပြောကြားခဲ့သည်။

ကျပ် ၅၀၀၀ တန်များ စတင်ထုတ်ဝေသည်မှ သုံးနှစ်ကျော်ကာလအတွင်း ၃၇၅၈ ရွက် တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ကျပ် ၅၀၀၀ တန် အတုများသည် ဘဏ်များတွင် မလည်ပတ်သော်လည်း စီးပွားရေး လောကအတွင်း၌ လည်ပတ်သုံးစွဲမှုများ ရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"ကျပ် ၅၀၀၀ တန် အတုတွေကို မြန်မာနိုင်ငံအတွင်းက ဘဏ်တွေမှာ မလည်ပတ်နိုင်စေဖို့အတွက် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေစက္ကူ အတုအစစ် ခွဲခြားတဲ့ စက်တွေနဲ့ပါ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဘဏ်တွေမှာ ငွေစက္ကူ အတုများ လက်ခံရရှိနိုင်ပေမယ့် လည်ပတ်သုံးစွဲနိုင်လောက်တဲ့ အရေအတွက်တော့ မရှိနိုင်ပေမယ့် စီးပွားရေးလောကမှာတော့ လည်ပတ်နေနိုင်ပါတယ်" ဟု ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူ စတင်ထုတ်ဝေချိန်မှ သုံးနှစ်ကျော်ကာလအတွင်း ၎င်းငွေစက္ကူအတု အရွက် ၄၀၀၀ နီးပါး (တန်ဖိုးအားဖြင့် သိန်း ၂၀၀ ခန့်) စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ရုံးသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ဘဏ်ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က အမျိုးသားတစ်ဦး ငွေလာအပ်တုန်းက ၅၀၀၀ တန်အတု ငါးရွက် ပါလာတယ်၊၊ သေချာစစ်ဆေးလိုက်တော့ အတုပါလာမှန်း သိရတယ်။ အတုနဲ့အစစ်က တော်တော်လေးတူတယ်။ စက္ကူသား၊ ရေစာရယ် ငွေကြိုးပေါ်က စာသားတွေကိုပဲ ကြည့်ပြီး ခွဲလို့ရတယ်။ သုံးစွဲသူကလည်း အတုမှန်းမသိလို့ ဘဏ်ကိုလာအပ်တာပါ။ ကျွန်မတို့ဘဏ်က လုပ်ထုံးလုပ်နည်းအတိုင်း ရောက်လာသမျှ ငွေစက္ကူအတုတွေကို ဖျက်ဆီးပစ်ပါတယ်" ဟု ရိုးမဘဏ် ငွေလက်ခံကောင်တာမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ငွေကျပ်ငါးထောင်တန် အတုများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်းက အဆိုတင်သွင်းခဲ့ဖူးသည်။

"ပြည်တွင်းက ဘဏ်တွေမှာ ၅၀၀၀ တန် အတုတွေများ လည်ပတ်နေပြီလား ဆိုတာကို စဉ်းစားမိတယ်။ ဒီကိစ္စက အမှန်တကယ်ဖြစ်နေမယ်ဆိုရင် ပြည်သူတွေကြားမှာ ဘယ်လောက်ထိ ဖြစ်နေပြီလဲ။ ကျွန်တော့်ဆီကို ၅၀၀၀ တန် ရောက်လာပြီး တခြားနေရာမှာ သွားသုံးလို့ရရင် မိမိအနေနဲ့ အစစ်လို့သာ ထင်မြင်ကြောင်း ယူဆပါတယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင် ကျပ်ငွေအတုကို တွေ့ရှိပါက ကိုင်ဆောင်လာသူကို စုံစမ်းစစ်ဆေးခြင်း၊ ကျပ်ငွေကို အမှတ်အသား လုပ်ခြင်း၊ ဆုတ်ဖြဲခြင်းတို့ကို ပြုလုပ်ရပါတယ်" ဟု လွှတ်တော်တွင် ဦးဇော်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ငွေစက္ကူ အရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀၀ ဘီလျံကျော်ရှိကြောင်း သိရသည်။Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com