http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Google ကယ်မှ ဒေါက်တာဆိတ်ဖွား ပေါ်မည်

ဇူလိုင်လ ၀၂ ရက် ၂၀၁၃
လွှတ်တော်ကို ဝေဖန်သည်ဟုဆိုသော ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ပိုင်ရှင်ကို အမေရိကန်နိုင်ငံအခြေစိုက် Google ကုမ္ပဏီကသာ ဖော်ထုတ်နိုင်မည်ဟု ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြညိမ်းက ဇူလိုင် ၁ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြား လိုက်သည်။

၎င်းက နည်းပညာအရ အင်တာနက် လိပ်စာရှာဖွေရန် အခက်အခဲရှိသောကြောင့် Google ကုမ္ပဏီကသာ ဖော်ထုတ်ပေးရန် ဖြစ်နိုင်သည် ဟု ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေး အချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) တို့၏ တင်ပြချက်များကို ဦးမြညိမ်းက လွှတ် တော်၌ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၈ ရက်က စတင်ဖွဲ့စည်းခဲ့သော လွှတ်တော်အမတ် ၁၇ ဦးပါသည့် အဆိုပါကော်မရှင်မှာ လေးလနီးပါး စစ်ဆေး ခဲ့ပြီးမှ ထိုရလဒ်ကို လွှတ်တော်၌တင်ပြနိုင် ခဲ့ခြင်းဖြစ်သည်။

ကော်မရှင်သည် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းရာ၌ ဆက်သွယ်ရေးသတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာန၊ ကွန် ပျူတာကျွမ်းကျင်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း စစ်ဆေးခဲ့ပြီး စာနယ်ဇင်းအသိုင်းအဝိုင်းကို လည်း ခေါ်ယူစစ်ဆေးမှုများရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ယခုကဲ့သို့ ဒေါက်တာ ဆိတ်ဖွားဆိုသော ကလောင်ပိုင်ရှင်ကို မည် သူမည်ဝါဖြစ်ကြောင်း လွှတ်တော်အမတ်များ၏ ကော်မရှင်က အတိအကျမစုံစမ်းနိုင်ခဲ့သော်လည်း ယခုကဲ့သို့ နောက်နောင်တွင် လုံးဝမပြုရန် လွှတ်တော်မှတစ်ဆင့် သတိပေးခဲ့သည်။

ကော်မရှင်၏ လေ့လာတွေ့ရှိချက်အရ ဆောင်းပါးတွင်ပါရှိသည့် ''ဥပဒေအထက် တွင် လွတ်တော်ရှိသလား'' တွင် ပါဝင်သော အသုံးအနှုန်းများမှာ လွှတ်တော်၏ လုပ်ဆောင်ချက်များနှင့် လွှတ်တော်အမတ်များ၏ ဂုဏ်သိက္ခာကို စော်ကားခြင်းနှင့် ပြည်သူ လူထုက အထင်အမြင်လွဲမှားပြီး အကြည်ညို ပျက်စေခြင်းတို့ တွေ့ရှိရပါသည်ဟု ဦးမြညိမ်းက လွှတ်တော်တွင်ရှင်းပြခဲ့သည်။

ကော်မရှင်၏ စုံစမ်းစစ်ဆးစဉ်ကာလက ခေါ်ယူမေးမြန်းထားသူများ၏ ပြောဆိုချက် များကို ဦးမြညိမ်းက လွှတ်တော်တွင် အသေး စိတ်ဖတ်ကြားခဲ့သည်။

ယင်းကဲ့သို့ဖတ်ကြားခဲ့ခြင်းအပေါ် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)၏ အ တွင်းရေးမှူး ဦးကျော်မင်းဆွေက အများပြည် သူသို့ ထုတ်ပြန်ရန်မဟုတ်သည့် ပြောစကား များကို အသေးစိတ်ပြန်ပြောနေသဖြင့်''နောင် မှာ လွှတ်တော်ကော်မရှင်တစ်ခုခုက ခေါ် မေးရင် အမှန်အတိုင်း၊ စိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်း ပြောကြပါဦးမလား''ဟု လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ထောက်ပြပြောဆိုထားသည်။

Above of Law ဟုအမည်ရသည့် ဥပဒေ အထက်တွင် လွှတ်တော်ရှိသလားဆိုသည့် ဆောင်းပါး ကို Voice of Myanmar ဟုအမည်ရသည့် အင်တာနက် ဘလော့ဂ်ဂါ တွင် ဒေါက်တာဆိတ်ဖွားကလောင်ဖြင့် ရေး သားသူကို ဖော်ထုတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်တွင် ဒေါက်တာစိုးရင်က အရေးကြီး အဆိုတင်သွင်းခဲ့ပြီးနောက် ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မင်းမင်း
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com