http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တိုင်းမဂ္ဂဇင်းတွင် ဖော်ပြသည့် ဇူလိုင်လ ၁ရက်ထုတ် မျက်နှာဖုံးစာမျက်နှာတစ်ခုသာ ဖြန့်ဝေခွင့် ပိတ်ခြင်းဖြစ်

ရန်ကုန်၊ ဇူလိုင် ၁။
တိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဇူလိုင်လ ၁ ရက်ထုတ် “The Face of Buddhist TERROR” ဆောင်းပါးမျက်နှာဖုံးတစ်ခုသာ ဖြန့်ဝေခွင့် ပိတ်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း ထုတ်ဝေမည့်  စာစောင်များအား
ပိတ်ပင်သွားမည် မဟုတ်ကြောင်း နေပြည်တော်၌ ပြုလုပ်သော သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“ဒီမျက်နှာဖုံးကြောင့် ပြည်တွင်းမီဒီယာတွေမှာ ဘာသာပြန်တွေပါလာပြီး ဒါကို အစိုးရက မလုပ်ဘူးလား။ မလုပ်ရင် ကိုယ့်ဘာသာကိုယ် မီးရှို့ပစ်မယ်တို့ ဘာတို့ ဖြစ်လာတယ်။ ကျုပ်တို့ဘာသာ ဟိုသံရုံးရှေ့ဆန္ဒသွားပြမယ်။ ဒီသံရုံးရှေ့ ဆန္ဒသွားပြမယ်လို့ ဖြစ်လာတယ်။ အဲဒါကနေ တဖြည်းဖြည်း ဘာသာရေးကို နွယ်လာလို့။ မဟုတ်ဘူး အစိုးရဘက်ကနေ ဒါကို ပိတ်လိုက်ပြီ အရေးယူမှု တစ်စုံတစ်ရာလုပ်လိုက်ပြီ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာပဲ ရပ်တော့ဆိုတဲ့ မက်ဆိပ်ကို ပေးချင်လို့ ဒါကို လုပ်လိုက်တာ။ ကျန်တဲ့ Issue တွေနဲ့ မဆိုင်ပါဘူး” ယင်းက ဆက်လက် ပြောကြားသည်။

ယင်းဆောင်းပါးနှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာများတွင် ဖော်ပြသော ဆောင်းပါးအများစုသည်
အပြုသဘောဆောင်ပြီး ငြိမ်းအေးရာ ငြိမ်းအေးကြောင်းထက် ပွဲဆူစေသည့် အရေးအသားများ
ပိုများကြောင်း၊ ထိုအခါ ပြည်သူလူထု၏ ငြင်းခုန်မှု အရှိန် ပိုမိုမြင့်မားလာပြီး ဝေဖန်မှုများမှာ
ဘာသာရေးဘက်ကို ရှေးရှုလာသည့်အတွက် အစိုးရကလည်း ယင်းကိစ္စကို အလေးထားသည်ကို သိစေချင်၍ ယင်းကဲ့သို့ ဖြန်ဝေခွင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စကို ပြန်ကြည့်လိုက်ရင် အစိုးရက လွယ်လွယ်နဲ့ တိုင်းမဂ္ဂဇင်းကို ပိတ်တယ်ပေါ့။ ကျွန်တော်တို့ အများကြီး စဉ်းစားပြီးမှ ဦးအောင်ကြည်နဲ့ ကျွန်တော်တို့ အဖွဲ့တွေ ခေါင်းချင်းရိုက်ပြီး ဒါကိုပိတ်လိုက်ရင် ဘာဖြစ်နိုင်မလဲ ဒါကိုပိတ်ရင် မီဒီယာဘက်က မီဒီယာလွတ်လပ်ခွင့်ကို နှောင့်ယှက်ရာ ကျမလား အဲလို အခါခါ စဉ်းစားဆုံးဖြတ်ပြီးမှ ဒီလိုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်” သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းမီဒီယာများ အနေဖြင့် သတင်း၊ ဆောင်းပါးများ ရေးသားသည့်အခါ ပဋိပက္ခမဖြစ်အောင် ရေးသားသင့်ကြောင်း၊ ၎င်းတို့ အစိုးရအနေ၏ ပထမ ရည်ရွယ်ချက်မှာ ယင်းမဂ္ဂဇင်း
ဖြန့်ဝေသည့် အင်းဝစာအုပ်တိုက်ကိုသာ ဖြန့်ဝေခွင့် ရပ်ရန်ဖြစ်သော်လည်း ပြည်တွင်းမီဒီယာများမှ  မျိုးစုံ ဝိုင်းဝန်းရေးသားခဲ့သည့် အတွက် ယင်းမဂ္ဂဇင်း၏ ဇူလိုင်လထုတ် ဆောင်းပါးကို မဖော်ပြရန်
ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ ထွက်ရှိမည့် မဂ္ဂဇင်းအား ဖြန့်ဝေခြင်း ပိတ်ထားမည် မဟုတ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com