http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်မြို့တော် တစ်ဖက်ကမ်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် အတက်ရောဂါဖြစ်ပွားပြီး သူစိမ်းအိမ် မှားဝင်မိသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ရဲတပ်ကြပ်ကြီး၊ ဆယ်အိမ်မှူး သုံးဦးနှင့် အရန် မီးသတ်စုမှူးတို့ အပါအဝင် လူ ခြောက်ဦးက သူခိုးဟု ယူဆကာ ဝိုင်းဝန်း ရိုက်ခဲ့သဖြင့် ဆေးရုံတင်ပြီး လေးရက်အကြာ တွင် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ အစ်မ ဒေါ်မြင့်မြင့်ရည်က The Voice သို့ ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်က ဒေါ်လှလှစိန်သည် အပြင်ထွက်ရာ ရာဇသင်္ကြန် ရပ်ကွက် ကန်ပတ်လမ်း အရောက်တွင် အတက်ရောဂါ ဖြစ်ပွားပြီး သတိလွတ်ကာ ယင်းလမ်းရှိ နေအိမ်များသို့ ဝင်ရောက်ခဲ့ရာမှ ပတ်ဝန်းကျင် လူများက သူခိုးဟု ထင်ကာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက် အပ်နှံခဲ့ရာမှ ယင်းကဲ့သို့ ရုံးတံခါးပိတ် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒေါ်မြင့်မြင့်ရီက ရှင်းပြသည်။

သေဆုံးသူ ဒေါ်လှလှစိန်သည် ဒလမြို့နယ် ညောင်ကုန်းရပ်ကွက် တွင် နေထိုင်ပြီး အလုံမြို့နယ် အမှတ် (၁) ပရိဘောဂ စက်ရုံတွင် ထိုင်ခုံ ကြိမ်ထိုးသည့် လုပ်ငန်းတွင် ဝန်ထမ်းအဖြစ် မသေဆုံးမီ အထိ ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်းသည် မကြာခဏ အတက်ရောဂါ ဖြစ်ပွားလေ့ ရှိပြီး ယင်းကဲ့သို့ ဖြစ်ပွားချိန်တွင် သတိ ကင်းလွတ်ကာ စိတ်ထဲထင်ရာ လုပ်လေ့ရှိကြောင်း ၎င်း၏ အစ်မ ဖြစ်သူက ရှင်းပြသည်။

အဆိုပါ ရိုက်နှက်မှုကြောင့် ဘယ်ဘက်ပေါင်၊ လက် ဘက်လက်ဖျံ၊ ဒူးခေါင်း၊ ညာဘက် နားရွက်နှင့် မြှီးညှောင်ရိုးတို့ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး နှာခေါင်း ပါးစပ်တို့မှ သွေးများ ထွက်ခဲ့သဖြင့် အလုပ်သမား ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရာ လေးရက်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေါ်မြင့်မြင့်ရည်က ပြော ကြားသည်။

အဆိုပါ အမျိုးသမီးကြီးကို ရုံးတံခါး ပိတ်၍ ၎င်းနေထိုင်သည့် ညောင်ကုန်း ရပ်ကွက်မှ နယ်ထိန်း ရဲတပ်ကြပ် မြအေးက နောက်ပြန် လက်ထိပ်ခတ်ပြီး စက်ဘီး တာယာပတ်ဖြင့် လည်းကောင်း၊ ရာဇာသင်္ကြန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ဆယ်အိမ်မှူး ဦးကျော်ဦး၊ ဆယ်အိမ်မှူး ဦးကမားရူး၊ ရာအိမ်မှူး ဦးပါနှင့် အရန် မီးသတ်တပ်ဖွဲ့ တပ်စု မစိမ်းတို့က ရိုက်နှက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ဒေါ်မြင့်မြင့်ရည်က ထပ်မံ ပြောကြား သည်။

“ရုံးရောက်တော့ ဖုန်းလိုင်းကတ် လာထုတ်သူတွေကို အပြင် ထွက်ခိုင်းပြီး ရုံးထဲမှာ အခန်းတံခါးပိတ်ပြီး ရိုက်တယ်လို့ တွေ့တဲ့သူတွေက လာပြော တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရာဇသင်္ကြန် ရပ်ကွက် ဥက္ကဌ ဦးကျော်သန်းက ပြောကြားသည်။

ရဲတပ်ကြပ် အပါအဝင် လူ ငါးဦးက ကျပ်နှစ်သိန်းခွဲ ပေးမည်ဟု ဆို၍ အမှု မဖွင့်ဘဲ ညှိနှိုင်းရန် ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရာဇသင်္ကြန် ရပ်ကွက် ဥက္ကဌ ဦးကျော်သန်းက ရှင်းပြသည်။

ရိုက်နှက်ရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ရာဇသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်ကို The Voice က တွေ့ဆုံ မေးမြန်း ခဲ့ရာ ဒေါ်လှလှစိန်သည် အိမ် တစ်အိမ်သို့ တက်ရောက်၍ ခိုးယူရန် ကြံသည် ဟုဆိုကာ ရပ်ကွက်ရုံးသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ထိုရိုက်နှက်မှုကို မိမိ မသိရှိရကြောင်း၊ ဒေါ်လှလှစိန်ကို မေးမြန်းရာ ညောင်ကုန်းရပ်ကွက်မှဟု သိရ၍ အဆိုပါ ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦးကို သွားရောက် ခေါ်ဆောင် ပြီး ပြန်လည် ထည့်ပေးလိုက်စဉ် ဒေါ်လှလှစိန်က ပြန်လည် ထွက်ပြေး သွားကြောင်း၊ ဒေါ်လှလှစိန်ကို ထိန်းသိမ်းပေးရန် ညောင်ကုန်း ရပ်ကွက်မှ နယ်ထိန်း တပ်ကြပ်ကြီး မြအေးကို ရဲစခန်းမှ တစ်ဆင့် ခေါ်ဆောင် ခဲ့ကြောင်း ပြန်လည် ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၁၆/၂၀၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး မီးသဂြိုလ်ပြီးမှ လာရောက် တိုင်တန်းသည့်အတွက် အမှု ပြန်လည် စစ်ဆေးရာတွင် အခက်အခဲများ ရှိနိုင်ကြောင်း၊ အဓိက မျက်မြင် တွေ့ရှိသည့် သက်သေများကို စစ်ဆေးပြီး တိကျမှ သာလျှင် ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေး မည်ဖြစ်ကြောင်း၊ ဒလမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိက The Voice သို့ ပြောကြားသည်။

“စစ်ရင်း စစ်ရင်းနဲ့ ရဲတပ်ဖွဲ့ဝင်လည်း အပြစ်ရှိတယ်ဆိုတာ ပေါ်ပေါက်လာနိုင် ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းရိုက်နှက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ဦးကမားရှုးကမူ မိမိတို့ မရိုက် ရကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက်စဉ် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်၌ ဝင်ကြည့်ရာ ဒေါ်လှလှစိန်သည် ရေသောက် ပြီး ရေခွက်ကို ပေါက်ခွဲရာ ရဲ တပ်ကြပ်ကြီး ကိုမြအေးက မျက်နှာကို လက်ဝါးဖြင့် နှစ်ခါ ဆင့်ရိုက်ကြောင်း၊ ဆက်လက်ပြီး ပြောနေ၍ နောက်ပြန် လက်ထိပ်ခတ်ပြီး တစ်တောင်ခန့်ရှိသော စက်ဘီး တာယာပတ်ဖြင့် လေးချက် ခန့် ရိုက်သည်ကို တွေ့ရပြီး ရုံးတံခါးပိတ်ပြီး ရိုက်သည်ဆိုခြင်းမှာ မဟုတ် မှန်ကြောင်း ပြောကြားသည်။

စက်ဘီး တာယာဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ရဲတပ်ကြပ်ကြီး မြအေး ကို ဆက်သွယ်၍ မရသေးပေ။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com