http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ့တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ အသိအမှတ်ပြု ဆရာဝန်များ မဟုတ်ဘဲ လိုင်စင်မရှိသည့် တရုတ်ဆေးဆရာ အများအပြား ထိုးဖောက်ဝင်ရောက်နေ

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
Thursday, 11 July 2013
မြန်မာ့တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ အသိအမှတ်ပြု ဆရာဝန်များ မဟုတ်ဘဲ လိုင်စင်မဲ့ တရုတ်ဆေးဆရာများ ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း၏ ဆေးကုခန်းများနှင့် ဆေးဝါးများ၏ ကြော်ငြာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ အနေဖြင့် ဆေးကုထုံး မှန်ကန်မှု ရှိမရှိ၊ ကြော်ငြာကဏ္ဍများတွင် မည်သည့်အချက်အလက်များအပေါ် အခြေခံ၍ တရားဝင်ကြော်ငြာခွင့်ပြုချက် ပေးမှုကို သိရှိလိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆေးကုနေတဲ့ ဆရာဝန်ကလည်း အနောက်တိုင်း ဆရာဝန်လည်း မဟုတ်ဘူး။ တိုင်းရင်းဆေးဆရာဝန်လည်း မဟုတ်တဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားတဲ့အခါမှာ အလွန်လည်ပါတယ်။ ဆိုင်းဘုတ်ကို အ၀တ်စလေးနဲ့၊ ဗီနိုင်းတို့ ဘာတို့နဲ့ ဖုံးလိုက်တယ်။ ဖုံးလိုက်ပြီးတော့ သူတို့ရဲ့ ဆေးခန်းတွေက ဆေးခန်းလည်း မကဘူး။ ရုံးလည်းရှိတယ်။ လူတွေက ဆက်ပြီးတော့ ၀င်ထွက်နေတယ်။ ဆေးခန်းတော့ ပိတ်လိုက်ပါပြီ ဆိုပေမယ့် ကျိတ်ပြီးတော့ ဆက်ကုနေကြတယ် . . . . .

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က "ကျွန်တော်တို့မှာ ဆေးကုသခွင့် ပေးထားတာက လိုင်စင်က အနောက်တိုင်း ဆေးပညာဘက်က တစ်အုပ်စုရှိတယ်။ တိုင်းရင်းဆေးပညာဘက်က တစ်အုပ်စု ရှိတယ်။ အနောက်တိုင်း ဆေးပညာဘက်က ဆရာဝန်ဆိုရင် ဆရာဝန်မှတ်ပုံတင်ရယ်၊ ဆေးကုသခွင့် လိုင်စင်ရယ် နှစ်မျိုးပါ။ အရင်တုန်းကတော့ လူတွေက တစ်မျိုးတည်း ရောထွေးပြီး သုံးနေကြတာ။ ဆမဆိုတာ ဆေးကုသခွင့် လိုင်စင်ဖြစ်ပါတယ်။ Licence of Practice  ဖြစ်ပါတယ်။ Registration ဆိုတာက ဆရာဝန် မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ တချို့တွေက ဆရာဝန်တော့ ဆရာဝန်ဆေးကုသခွင့် လိုင်စင်ကို ယာယီရုပ်သိမ်း ထားတာမျိုးလည်း ရှိတတ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်။ ဒီလိုပဲ သခ လို့ခေါ်တဲ့ သွားဆရာဝန်၊ သွားနဲ့ခံတွင်း ဆရာဝန်များမှတ်ပုံတင် ရှိပါတယ်။ သူနာပြုတွေ ဘာတွေကတော့ သားဖွားတွေမှာ သူတို့ရဲ့ မှတ်ပုံတင်ကောင်စီက ပေးထားတာ ရှိပါတယ်။ တိုင်းရင်းဆေးမှာလည်း တဆလို့ခေါ်တဲ့ မြန်မာ့တိုင်းရင်းဆေးက ပေးထားတဲ့မှတ်ပုံတင် ရှိပါတယ်။ အခုရန်ကုန်မှာ စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တို့မှာ အဓိက ဖြစ်နေတာက တရုတ်ဆေးဆရာလို့ခေါ်တဲ့ ဆေးဆရာတွေကို။ အဲဒါတွေက အနောက်တိုင်း ဆေးဆရာဝန် မဟုတ်တဲ့ အတွက်လည်း ဆမ၊ ခုနကလိုပေါ့။

Registration မှာက Common Registration,Temporarily Registration, Limited  Registration စသည်ဖြင့် ရှိတဲ့အခါမှာ အနောက်နိုင်ငံက ဆရာဝန်ကြီးတွေ ကျွန်တော်တို့နိုင်ငံက မြန်မာဆရာဝန်များနဲ့ ပူးပေါင်းပြီး ကုမယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က သူတို့ရဲ့ CV တွေ၊ ဘာတွေကို စစ်ဆေးပြီး ဘယ်ကျောင်းက အောင်တယ်ဆိုတာတွေရယ် စစ်ဆေးပြီးတော့ Limited Registration ပေါ့။ အချိန်ကို ကန့်သတ်တယ်။ နေရာကို ကန့်သတ်တယ်။ Field ပေါ့နော်။ ကလေးဆိုလည်း ကလေးပေါ့။ လူကြီးဆိုလည်း လူကြီးပေါ့။ ကလေးဆိုလည်း ခွဲစိတ်တဲ့အခါမှာ ကန့်သတ်တယ်။ နောက်ပြီးတော့ မြန်မာဆရာဝန်ကြီးများနဲ့ ပူးပေါင်း၍ သို့မဟုတ် မြန်မာဆရာဝန်များရဲ့ ကြီးကြပ်မှု အောက်တွင်ဆိုပြီး ဒါမျိုးကန့်သတ်တဲ့ အခါမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာလည်း မထိခိုက်ဘူး။ ကျွန်တော်တို့နိုင်ငံက နိုင်ငံသားတို့ရဲ့ အခွင့်အရေး ဆိုတာကိုလည်း ကာကွယ်ပြီးသား ဖြစ်တယ်။ ဒီလိုကျွန်တော်တို့က တစ်ဖက်က ကျင့်သုံးနေတဲ့ အချိန်မှာ ခုနကလို အနောက်တိုင်း ဆေးပညာအရလည်း Registration ထုတ်ပေးလို့မရ။

တိုင်းရင်းဆေးလည်း မဟုတ်ဘဲ ဒီဆေးပညာရှင်လို့ ခေါ်တဲ့သူတွေကို ၀င်လာပြီးတော့ ကုနေတဲ့အခါမှာ အဲဒီဟာလေးကို ကျွန်တော်တို့ အနေနဲ့ Enforce လုပ်ရတာ တိုင်းရင်းဆေးကို ပြောတော့လည်း သူနဲ့အကြုံးမ၀င်ဘူး ပြောတယ်။ ဆေးကောင်စီနဲ့လည်း အကြုံးမ၀င်ဘူး။ ကျွန်တော်တို့က အဲဒီအခါမှာ ကျွန်တော်တို့ ထုတ်ပေးလိုက်တာက ဒီဆေးခန်းမှာ ဆေးခန်းကလည်း ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကော်မတီကလည်း ဆေးခန်းလိုင်စင်လည်း ထုတ်ပေးမထားဘူး။ ဆေးကုနေတဲ့ ဆရာဝန်ကလည်း အနောက်တိုင်း ဆရာဝန်လည်း မဟုတ်ဘူး။ တိုင်းရင်းဆေးဆရာဝန်လည်း မဟုတ်တဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားတဲ့အခါမှာ အလွန်လည်ပါတယ်။ ဆိုင်းဘုတ်ကို အ၀တ်စလေးနဲ့၊ ဗီနိုင်းတို့ ဘာတို့နဲ့ ဖုံးလိုက်တယ်။ ဖုံးလိုက်ပြီးတော့ သူတို့ရဲ့ ဆေးခန်းတွေက ဆေးခန်းလည်း မကဘူး။ ရုံးလည်းရှိတယ်။ လူတွေက ဆက်ပြီးတော့ ၀င်ထွက်နေတယ်။

ဆေးခန်းတော့ ပိတ်လိုက်ပါပြီ ဆိုပေမယ့် ကျိတ်ပြီးတော့ ဆက်ကုနေကြတယ်။ အဲဒါကို ကျွန်တော်တို့က မြို့နယ်ဆရာဝန်တွေနဲ့ ဆက်ပြီးထောက်လှမ်းတဲ့အခါမှာ ရုံးခန်းတွေက Apartment  တွေ အများကြီးရှိတဲ့ နေရာကြီးတွေမှာ ဖွင့်ထားတဲ့ အခါကျတော့ လှေကားက တက်သွားရင် သူ့ဆေးခန်းကို သွားတာလား၊ တခြားရုံးခန်းကို သွားတာလား သိဖို့ခက်တယ်။ ရုံးခန်းလို့ ပြောပြီးတော့ အဲဒီဆေးခန်းတွေကို သွားပြီးကုနေတာကျတော့ သိဖို့ခက်တယ်။ အဲဒီတော့ ကျွန်တော်တို့က တစ်ခါရန်ကုန်တိုင်းဒေသကြီးနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ထပ်ပြော။ ထပ်ပြီးတော့ သွားကြည့်ပါဦး။ ပိတ်ချင်ယောင်ဆောင်ပြီးတော့ ဆက်ဖွင့်နေတယ်။ ဆိုလိုတဲ့သဘောက Laws တွေ By law တွေ ဘယ်လိုပဲရှိရှိ Enforcement က အားနည်းလို့ရှိရင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။

Enforcement ဆိုတာကလည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ကတော့ ဒီဟာတွေသည် စည်းကမ်းနဲ့ မညီပါဘူး။ အရေးယူပေးပါလို့၊ ကျွန်တော်တို့မှာ ဖမ်းပိုင်ခွင့်၊ ဆွဲထုတ်ပိုင်ခွင့်တို့ ဘာမှမရှိပါဘူး။ ဒီလိုပဲEnforcement လို့ပြောတဲ့အခါမှာ တစ်ဖက်ကလည်း Public Education က လိုပါတယ်။ ကျွန်တော်တို့ လူတွေသည် စနစ်တကျနဲ့ မှန်မှန်ကန်ကန် ကုဖို့သူ့ထက်ကို ဆေးတစ်လုံးတည်းနဲ့ ၉၆ ပါးသော ရောဂါတစ်ခါတည်းနဲ့ တစ်သက်စာပျောက်တယ် ဆိုတာမျိုးကိုပဲ လိုချင်နေကြတဲ့ လူကများတော့ ဒီထဲမှာပညာတတ်တွေလည်း ပါနေကြတဲ့ကိစ္စ ဖြစ်ပါတယ်" ဟု  ပြောကြားသည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com