http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြွေတောင် သတ္တုစီမံကိန်း လုပ်သား ၁၃၀၀ ကျော် အသုံးပြုမည်

ကလေး၊ ဇူလိုင် ၁၀
နီကယ်နှင့် သတ္တုရိုင်းများ တူးဖော်ရနိုင်မည်ဟု ခန့်မှန်းထားကြသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင် သတ္တုစီမံကိန်းတွင် လုပ်သား ၁၃၀၉ ဦးခန့် အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တာဝန်ယူ တူးဖော်မည့် North Mining Investment ကုမ္ပဏီမှ ဘူမိဗေဒ အရာရှိချုပ် ဦးလင်းမြင့်က The Voice သို့ ပြောကြားသည်။

“စီမံခန့်ခွဲရေးဝန်ထမ်း ၈၂ ဦးနဲ့ ထုတ်လုပ်ရေးလုပ်သား ၁၂၂၇ ဦးကို ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ခန့်အပ်တဲ့ နေရာမှာလည်း ခြောက်လ သင်တန်းပေးပြီး ခန့်အပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ လုပ်သားများတွင် မြန်မာလူမျိုး အလုပ်သမား အနည်းဆုံး ၉၉၃ ဦး ခန့်အပ်သွားမည် ဖြစ်ပြီး လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသား အလုပ်သမားများက ဒေသခံပြည်သူများအပေါ် လူမှုကျင့်ဝတ် ချိုးဖောက်မှုများ မဖြစ်ပေါ်စေရန်အတွက် ၎င်းတို့မရောက်ခင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ နှစ်ပတ်ကြိုတင် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ အလုပ်ခန့်အပ်မှု စာချုပ်တွင် ဒေသခံပြည်သူနှင့် လက်ထပ်ထိမ်းမြားလျှင် အလုပ်မှ ရပ်စဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ ကုမ္ပဏီအနေနှင့် သတ္တုတွင်းဝန်ကြီးဌာနသို့ စီမံကိန်းဆိုင်ရာလုပ်ငန်း သဘောထားများကို တင်ပြထားပြီဖြစ်ပြီး အကျိုးအမြတ် ခွဲဝေမှုနှင့် ပွင့်လင်းမြင်သာမှု ကိစ္စရပ်တို့ကို အမှတ်(၁) သတ္တုတွင်း လုပ်ငန်းနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က ကျင်းပခဲ့သော တီးတိန်မြို့ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားကုမ္ပဏီများ အနေနှင့် မြန်မာ အလုပ်သမားများ ခန့်အပ်ရာတွင် ကျွမ်းကျင်မှု မလိုအပ်သော အလုပ်သမားဆိုပါက ပထမနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၇၅ ရာခိုင်နှုန်းကို ခန့်အပ်မည်ဖြစ်ပြီး ကျွမ်းကျင်မှု လိုအပ်ပါက ညှိနှိုင်းရမည် ဖြစ်ကြောင်း ဦးကျော်ဆန်းက ဆက်လက်ပြောဆိုသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com